ရွေးကောက်ပွဲ ခြေရာ

0
384

ကိုဗစ်ကပ်ဘေး အကြား ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ရွေးကောက်ပွဲ နီးလာပါပြီ။

ရေ၊ လေ၊ မြေ သယံဇာကို အဓိက အမှီပြု လုပ်ကိုင်စားသောက်တဲ့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ အဲဒီ သယံဇာတတွေကို ဘယ်လို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲသလဲဆိုတဲ့ အပေါ်မှာ မှီတည်နေပါတယ်။ မြန်မာ့ အဓိက ပြဿနာတွေကလည်း သယံဇာတတွေကို ဘယ်လို စီမံသလဲဆိုတဲ့ အပေါ်မှာ အခြေပြု ဖြစ်ပွားနေတာပါ။

ဒီတော့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဒီအပေါ်မှာ ဘယ်လို ကိုင်တွယ်ကြမလဲ။ တနင်္သာရီတိုင်းထဲနဲ့ တိုင်းပြင်ပက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို Dawei Watch က စကားဝိုင်း ဆွေးနွေးမေးခွန်းထုတ်ပွဲတွေ ဆက်တိုက် ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ရွေးကောက်ပွဲ ကာလ တစ်လျှောက် ၁၀ ပတ် ဆက်တိုက် ပြုလုပ်သွားဖို့ ရှိနေပါတယ်။

မကြာမီ အသေးစိတ်ကို ထပ်မံ တင်ဆက်ပါ့မယ်။