ကိုဗစ်ရိုက်ချက်ထိ ဧည့်လမ်းညွှန်‌ ပလာတာ လုပ်ရောင်း

0
388

ကိုဗစ်ကပ်ဘေးက လူတန်းစားအလွှာစုံအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ ဒီလိုသက်ရောက်မှုရှိတဲ့ထဲမှာ ခရီးသွားလုပ်ငန်းကတော့ အထိနာဆုံးလို့ဆိုရမှာပါ။ ကိုဗစ်ဖြစ်ပြီးနောက်မှာ ခရီးသွားလုပ်ငန်းက လုံးဝရပ်ဆိုင်းသွားခဲ့ရတာဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းရပ်ဆိုင်းသွားတဲ့အတွက် ဧည့်လမ်းညွှန်တွေဟာ အလုပ်လက်မဲ့တွေဖြစ်သွားရပါတယ်။ အခုချိန်မှာတော့ ဧည့်လမ်းညွှန်တွေက ဝမ်းရေးအတွက် နီးစပ်ရာ အလုပ်အကိုင်တွေကို လုပ်ကိုင်နေကြရပါတယ်။

ဒေသဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့ ကိုတင်နိုင်တစ်ယောက်လည်း ကိုဗစ်ရိုက်ချက်ကြောင့် အခုဆိုရင် လမ်းဘေးမှာ ပလာတာလုပ်ရောင်းပြီး ဝမ်းရေးကို ဖြေရှင်းနေရပါတယ်။

သူဘာကြောင့် ပလာတာလုပ်ရောင်းနေရတယ်ဆိုတဲ့အကြောင်းနဲ့ ဧည့်လမ်းညွှန်နဲ့ပတ်သက်လို့ ဘဝကိုဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။

Dawei Watch TV