UDP ပါတီ ၁၃ နှစ်ပြည့်မြောက်အခမ်းအနား မြစ်အတွင်းကျင်းပ

0
578

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီတည်ထောင်မှု ၁၃ နှစ် ပြည့် အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့နံက်က မြိတ်မြစ်အတွင်းကျင်းပ ခဲ့သည်။

အခမ်းအနားတွင် ပါတီဝင်ဦးရေ တစ်ရာခန့်က စက်တပ်လှေငယ် အစီးလေးဆယ်ကို ခုတ်မောင်းကာ စည်းရုံး ရေးလုပ်ခြင်း၊ တစ်ဖက်ကမ်းရှိ ဘုရားများအား သွားရောက် ပူဇော်ခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့သည်။

UDP ပါတီကို ၂၀ဝ၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌမှာ ကချင်အမျိုးသား ဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင် ဖြစ်သည်။

မြန်မြန် လာခေါ်ကြပါ

ပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီတာဝန်ခံလည်းဖြစ်၊ တနင်္သာရီမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းလည်းဖြစ်သည့် ဦးခင်မောင်လတ်က ပြောသည်။ ပါတီအနေနှင့် တနင်္သာရီမြို့ နယ်အတွင်း လူထုစစ်တမ်းများလည်း ကောက်ယူထားပြီးဖြစ်ကြောင်း ဆိုသည်။

“ပြည်သူတွေ လိုချင်တာကိုပဲ အခြေခံပြီးတော့ မဲဆွယ်စည်းရုံးသွားမယ်” ဟု ၎င်းက ပြောသည်။

ပါတီအနေဖြင့် မူဝါဒ ၁၂ ရပ်ချမှတ်ထားပြီး လူနေမူဘဝမြှင့်တင်ရေးအတွက် အလုပ်အကိုင်ဖန်တီးကာ စီးပွားရေးဖြင့် နိုင်ငံတော်အား အဓိကမောင်းနှင် သွားမည်ဟု ၎င်းကဆိုသည်။

ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်ရ ရှိခြင်း မရှိပေ။

ယခုရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်း ၁၁၃၅ ဦးအား ရွေးချယ်ပြီးဖြစ်ကာ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြုင်သွားမည်ဖြစ်ကြောင်း ပါတီ၏ မဟာဗျူဟာအကြံပေးဖြစ်သူ ဦးကျော်မိုး ထံမှသိရသည်။

ကိုဆန်း