မြိတ်ဆေးရုံကြီးတွင် ကိုဗစ်ပိုး စစ်ဆေးနိုင်တော့မည်

0
711

မြိတ်ခရိုင် အထွေထွေဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးကို စတင် စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။

ယင်းသို့ စစ်ဆေးနိုင်သည့် အမေရိကန်နိုင်ငံထုတ် စက်တစ်လုံးမှာ စက်တင်ဘာလ ၇ ရက်နေ့က မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည်။

စက်သည် တစ်ကြိမ်လျှင် လူနှစ်ဦး စစ်ဆေးနိုင်ပြီး စစ်ဆေးချိန် တစ်နာရီကြာမြင့်ပြီး တစ်နေ့လျှင် အနည်းဆုံး လူဆယ်ဦးခန့် စစ်ဆေးနိုင်မည်ဟု မြိတ်ခရိုင်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက ပြောသည်။

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အများစု ကိုဗစ်စည်းကမ်းချက် မလိုက်နာ

စက်တင်ဘာ ၈ ရက်နေ့တွင် ဆေးရုံဝန်ထမ်း ဆယ်ဦး၏ တို့ဖတ် (Swap) နမူနာများအား စမ်းသပ်စစ်ဆေးခဲ့ရာ ပိုးမရှိဟု အဖြေထွက်ခဲ့ပြီး ယင်းဆယ်ဦး၏ နမူနာများအား ထပ်မံအတည်ပြုရန် မော်လမြိုင် ဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့သည်။

ပိုးမရှိဟု အဖြေထွက်သည့် နမူနာများနည်းတူ ပိုးရှိသည်ဟု အဖြေထွက်သည့် Swap နမူနာများကိုလည်း ထပ်မံပို့ပြီး တူညီသည့် အဖြေရရှိမှသာလျှင် စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ ရောဂါဗေဒ အထူးကုဆရာဝန်ကြီး ဒေါက်တာလမင်းစိုး က ပြောသည်။

“ဟိုကထွက်တာလည်း အဖြေတူပြီ ဆိုရင်တော့ ကျွန်တော်တို့ စစ်တာ မှန်တယ်ပေါ့။ အဲဒါဆို ကျွန်တော်တို့ ကိုယ့် ဘာသာကိုယ် Run(သွား) လို့ရပြီလို့ ပြောလို့တော့ရပြီပေါ့” ဟု ၎င်းက ပြောသည်။

ကိုဗစ်ရောဂါပိုးစစ်သည့် ယင်းစက်များကို မြိတ်ခရိုင်အပြင် ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင်လည်း တပ်ဆင်ထားပြီးဖြစ်သည်။

ကိုဆန်း