ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူခြင်း၏ အကျိုးကျေးဇူးတွေက ဘာတွေလဲ

0
432

ကိုယ်ဝန်ဆောင်ချိန်သည် မိခင်နှင့် မွေးဖွားလာမည့်ကလေးအတွက် အရေးကြီးသောကာလ ဖြစ်ပါတယ်။ မိခင်ရောကလေးပါ ကျန်းမာသောဘဝရရှိစေဖို့ ကိုယ်ဝန်ဆောင်မိခင်တိုင်း သတ်မှတ်အချိန်များတွင် ပုံမှန်အနေနဲ့ ကိုယ်ဝန် ဆောင်စောင့်ရှောက်မှု (၈)ကြိမ် (မဖြစ် မနေ အနည်းဆုံး ၄ ကြိမ်) ခံယူရန် လိုအပ်ပါတယ်။

မဖြစ်မနေ ကိုယ်ဝန်ဆောင်စောင့်ရှောက် မှု (၄) ကြိမ် ခံယူရမယ့်အချိန်များမှ
(၁) ပထမအကြိမ်- ကိုယ်ဝန်ရှိမှန်း သိလျှင်သိချင်း (ကိုယ်ဝန် ၁၂ ပတ် အောက်)
(၂) ဒုတိယအကြိမ်- ကိုယ်ဝန် (၆)လမှ (၇)လအတွင်း
(၃) တတိယအကြိမ်- ကိုယ်ဝန် (၈)လအတွင်း
(၄) စတုတ္ထအကြိမ်- ကိုယ်ဝန် (၉)လအတွင်း
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူ ခြင်း၏ အကျိုးကျေးဇူးများမှာ
(၁) မိမိတွင်ရှိသော ရောဂါများအား ကြိုတင်သိရှိနိုင်ခြင်း (ဥပမာ- သွေးတိုးခြင်း၊ သွေးအားနည်းခြင်း)
(၂) ဖြစ်ပွားနေသောရောဂါများအား အချိန်မီကုသနိုင်ခြင်း (ဥပမာ- လိင်မှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများ၊ မျိုးပွားလမ်းကြောင်းနှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း)
(၃) မွေးဖွားမည့် ခန့်မှန်းရက်ကို သိရှိနိုင်၍ မွေးဖွားရန် ကြိုတင်ပြင်ဆင် နိုင်ခြင်း (မွေးဖွားရန်နေရာ၊ မွေးဖွားပေးမည့်သူ၊ ငွေကြေးစုဆောင်းထား နိုင်ခြင်း၊ သွားလာရန်စီစဉ်ထားခြင်း)
(၄) ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ် ဖြစ်ပေါ်တတ်သော အန္တရာယ် လက္ခဏာများအား သိရှိပြီး လိုအပ်ပါက ဆေးရုံ/ဆေးခန်းသို့ အမြန်သွားနိုင်ခြင်း။
(၅) မွေးဖွားစဉ်နှင့် မီးတွင်းကာလတွင် ဖြစ်ပေါ်တတ်သောကျန်းမာရေး ပြဿနာများ လျော့နည်းစေခြင်း။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန