မွန်ပြည်နယ်အတွင်း လုံခြုံရေး စိတ်မချရသည့် မဲရုံ ၈၆ ရုံရှိ

0
397

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်း လျာထားမဲရုံများတွင် လုံခြုံရေး စိတ်မချရသည့် မဲရုံ ၈၆ ရုံရှိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောသည်။

၎င်းတို့မှာ သံဖြူဇရပ်မြို့နယ်အတွင်း ခြောက်ရုံ၊ ရေးမြို့နယ်အတွင်း ၆၃ ရုံ၊ ကျိုက်ထိုမြို့နယ်အတွင်း ငါးရုံ၊ ဘီးလင်း မြို့နယ်အတွင်း ခုနစ်ရုံနှင့် သထုံမြို့နယ်အတွင်း ငါးရုံဖြစ်သည်။

ပုံမှန်အားဖြင့် မဲရုံများကို ရဲတပ်ဖွဲ့ ကသာ အဓိက လုံခြုံရေးဆောင်ရွက်ရမည်ဖြစ်သော်လည်း လုံခြုံရေးစိတ်မချရသည့် မဲရုံများကို တပ်မတော်နှင့် ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး(ဦးစီး)က ပြောသည်။

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ

တပ်မတော်နှင့် ပူးပေါင်းလုံခြုံရေး ယူရမည့်နေရာတွင် အတွင်းစည်းကို ရဲတပ်ဖွဲ့ကသာ တာဝန်ယူမည်ဖြစ်ပြီး တပ်မတော်သည် အရန်သဘောအနေနှင့် လိုအပ်သည့်အချိန်တွင် အသင့်ရှိနေရန်အတွက်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းပြီး လုံခြုံရေးယူရမည့် မဲရုံများ တည်ရှိသောနေရာဒေသသည် မွန်၊ ကရင် တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားသွားလာသည့်နေရာဒေသနှင့် ဆက်စပ် ဒေသများဖြစ်သည်။

“အညိုရောင်နယ်မြေနဲ့ ဆက်စပ်တဲ့ နေရာတွေ၊ NCA လက်မှတ်ထိုးထားတဲ့ (တိုင်းရင်းသားလက်နက်ကိုင်) နေရာတွေ လုံခြုံရေးစိတ်မချရတဲ့နေရာတွေကျ တော့ တပ်နဲ့ ပူးပေါင်းပြီးတော့ (လုံခြုံ ရေး) ဆောင်ရွက်မယ်” ဟု ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်ရန်အတွက် ရဲတပ်ဖွဲ့ ဝင်အင်အား မလုံလောက်သည့်အတွက် မဲရုံလုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ ၁၀ဝ၀ ကျော်ကို ခန့်အပ်သွားရန်လည်း ပြည်နယ်ရဲတပ်ဖွဲ့က ဆောင်ရွက်နေ သည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင်း မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ခြောက်သောင်းကျော်ရှိပြီး မဲရုံ ၉၅၀ ရုံကျော် လျာထားသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ဘော်နော်ခီးကျေးရွာအုပ်စုတစ်ခုသာ မဲစာရင်းကောက်နိုင်ခြင်းမရှိ သည့်အတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

လျာထားမဲရုံ ၉၅၄ ရုံတွင် မဲဆန္ဒ ရှင် ၅၀ဝ အောက်ရှိသည့် မဲရုံ ၂၇ ရုံ၊ မဲဆန္ဒရှင် ၅၀ဝ နှင့် ၁၀ဝ၀ ကြားရှိ မဲရုံ ၉၀ ရုံ၊ မဲဆန္ဒရှင် ၁၀ဝ၀ နှင့် ၁၅၀ဝ ကြားရှိ မဲရုံ ၁၈၄ ရုံ၊ မဲဆန္ဒရှင် ၁၅၀ဝ နှင့် ၂၀ဝ၀ ကြားရှိ မဲရုံ ၂၃၃ ရုံ၊ မဲဆန္ဒရှင် ၂၀ဝ၀ နှင့် ၂၅၀ဝ ကြားရှိ မဲရုံ ၂၃၂ ရုံ နှင့် မဲဆန္ဒရှင် ၂၅၀ဝ နှင့် ၃၀ဝ၀ ကြားရှိ မဲရုံ ၁၇၁ ရုံ ရှိသည်။

ယဉ်စနိုင်း