ယာဉ်မောင်းလိုင်စင်အသစ် လုပ်ပေးမှု ရပ်နား

0
323

ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်များလာသဖြင့် ယာဉ်မောင်းလိုင်စင်အသစ်များ ပြုလုပ်ပေးနေမှုကို စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ ရပ်နားလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန(ကညန) ထံမှ သိရသည်။

ယာဉ်မောင်းလိုင်စင်အသစ်လုပ်ရာတွင် လူစုလူဝေးဖြစ်စေသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သင်တန်းကို ရပ်ဆိုင်းရန် ညွှန်ကြားလာသည့်အတွက် လိုင်စင်အသစ်မလုပ်ပေးတော့ ကြောင်း ကညနဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

ဖုန်းကုမ္ပဏီဝန်ထမ်းတစ်ဦး ငွေကျပ် သိန်းတစ်ရာကျော်လိမ်လည်

သို့သော် ယာဉ်လိုင်စင်သက်တမ်း တိုးခြင်းများကိုမူ မပိတ်သေးကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်ကပ်ဘေးစဖြစ်ချိန်က ကညန ရုံးလုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ပိတ်ခဲ့ပြီး ယာဉ်မောင်း လိုင်စင်အသစ် လုပ်ခြင်းကို သြဂုတ်လ ၄ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့သည်။ ယင်းနောက် လက်ရှိတွင် ကိုဗစ်ဒုတိယလှိုင်းဖြစ်လာသည့်အတွက် ပြန်ပိတ် လိုက်ခြင်းဖြစ်သည်။

တိုင်းကညနဌာန၏ စာရင်းအရ တိုင်းအတွင်း ယာဉ်မောင်းလိုင်စင် စုစုပေါင်း တစ်သိန်းခုနှစ်သောင်းကျော်ရှိပြီး ယာဉ်အစီးရေ စုစုပေါင်း နှစ်သိန်းခွဲ ခန့်ရှိသည်။

Dawei Watch