မွန်တွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃၀၂ ဦးရှိ

0
686

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ၃၀၂ ဦးကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က အတည်ပြုထုတ်ပြန်လိုက်သည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၃၀၆ ဦး အမည်စာရင်း တင်သွင်းခဲ့သော်လည်း အမျိုးသားလွှတ်တော်မှ ၁ ဦး၊ ပြည်နယ်လွှတ်တော်မှ ၁ ဦးနှင့် ဗမာတိုင်းရင်းသား ၁ ဦး စုစု ပေါင်း ၃ ဦးတို့သည် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားမှုမှ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ

၎င်း အပြင် သက်ဆိုင်ရာလွှတ်တော်ရွေး ကောက်ပွဲဥပဒေပုဒ်မတို့နှင့် ကိုက်ညီမှု မရှိသည့်အတွက် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ် တော်နေရာတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင် သွင်းထားသူတစ်ဦးကိုလည်း ကိုယ်စား လှယ်လောင်းစာရင်းမှ ပယ်ဖျက်ခဲ့သည်။

ထိုကြောင့် လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ပါတီ ၁၇ ခု တို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်း ၃၀၂ ဦးတွင် ပြည်သူ့လွှတ်တော်အတွက် ၆၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၈ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၁၃၆ ဦး၊ ဗမာတိုင်းရင်းသားရေးရာနေရာအတွက် ခုနစ်ဦး၊ ကရင်တိုင်းရင်းသားရေးရာအတွက် ရှစ်ဦး၊ ပအိုဝ်းတိုင်းရင်းသား ရေးရာနေရာအတွက် ရှစ်ဦးတို့ ဝင်ပြိုင်ကြမည်ဖြစ်သည်။

အတည်ပြု ကိုယ်စားလှယ်လောင်းများစာရင်းကို သြဂုတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားပြီး ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေးရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားပေးမည်ဖြစ်သည်။

မွန်ပြည်နယ်တွင် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၂၀ နေရာနှင့် ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာ သုံးနေရာရှိပြီး စုစုစပပေါင်း မဲဆန္ဒနယ် ၄၅ နေရာရှိသည်။

ယဉ်စနိုင်း