မဲပေးသူများသည့် မဲရုံများအတွက် မဲရုံအဖွဲ့ဝင်များ တိုးခန့်မည်

0
310

ကိုဗစ် စည်းကမ်းချက်နှင့်အညီ မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များသည့် မဲရုံများတွင် မဲရုံအဖွဲ့ဝင်များကို အဆိုင်းများခွဲကာ တိုးမြှင့်ခန့်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

ကိုဗစ်ကာလတွင် (Social Distancing) တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာမှ နေကာ မဲပေးရမည်ဖြစ်သောကြောင့် အချိန်လုံလောက်မှုရှိစေရန်အတွက် ယင်းသို့ စီစဉ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး ဥက္ကဋ္ဌ ဦးသန်းညွှန့်က ပြောသည်။

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ

“ဘယ်လို အဆိုင်းတိုးမယ်ဆိုတာ အသေးစိတ်ကတော့ မရှိသေးဘူး။ အောက်ကနေ ပြန်တက်လာတဲ့အပေါ်မူ တည်ပြီးလုပ်ပေးမယ်” ဟု ၎င်းက ပြောသည်။

မဲဆန္ဒရှင် တစ်ထောင်ရှိသည့် မဲရုံတွင် အဖွဲ့တစ်ဖွဲ့၊ တစ်ထောင်ထက်ပိုပါက အဖွဲ့နှစ်ဖွဲ့၊ နှစ်ထောင်ထက်ပိုပါက သုံးဖွဲ့ ချထားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။

အဖွဲ့များ တိုးပေးနိုင်ရန်အတွက် မဲရုံများရှိ မဲဆန္ဒရှင်စာရင်းများကို တောင်းယူထားဆဲဖြစ်သည်ဟု ဦးသန်းညွှန့်က ပြောသည်။

တစ်ဖွဲ့လျှင် ဆန္ဒမဲလက်မှတ်စစ် ဆေးသူနှင့် မဲလက်မှတ်ထုတ်ပေးသူ ခြောက်ဦးစီ တိုးမြှင့်ခန့်သွားမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် မဲရုံပေါင်း ၁၂၀ဝ ခန့်ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၄ ပါတီနှင့် ကိုယ်စားလှယ်လောင်းမှာ ၂၇၃ ဦးရှိသည်။

Dawei Watch