ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားထံမှ ဘိန်းစာရွက်မိ၊ မူးယစ်ဆေးဥပဒေအပြင် လဝကဥပဒေဖြင့်ပါ အမှုဖွင့်

0
294

ကော့သောင်းမြို့နယ်အတွင်း ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားထံမှ ဘိန်းစာရွက်ဖမ်းမိသဖြင့် မူးယစ်ဆေး ဥပဒေပုဒ်မအပြင် လဝကဥပဒေပုဒ်မ ဖြင့်ပါ အမှုဖွင့်ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အထက်လုံးဖောကျေးရွာတွင် ထိုင်းနိုင်ငံသားတစ်ဦး ရောက်နေကြောင်း သတင်းအရ သြဂုတ်လ ၁၂ ရက်နေ့က သွားရောက် စစ်ဆေးရာ အသက် ၂၆ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကော့သောင်းကိုဗစ်ပိုးတွေ့ သုံးဦးနှင့် ထိတွေ့ မှုရှိခဲ့သူ ၄၀ ဦးကျော်တွင် ပိုးမ‌တွေ့

အဆိုပါ အမျိုးသားကိုင်ထားသည့် ဆာလာအိတ်ကို စစ်ဆေးရာ ဘိန်းစာ ရွက်အစို နှစ်ကီလိုဂရမ်ခန့်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဘိန်းစာရွက်များဖမ်းမိသည့် အမျိုးသားကို သက်ဆိုင်ရာ မူး/စိတ် ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားသည့်အပြင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မဖြင့်ပါ မာရမ်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားသည်။

Dawei Watch