ရွှေဝယ်သီရိရုပ်ရှင်ရုံ ဖျက်ပြီးပြန်ဆောက်မည့်အပေါ် ဘုံကျောင်းဂေါပက အဖွဲ့ ကန့်ကွက်

0
319

ထားဝယ်မြို့ရှိ ရွှေဝယ်သီရိရုပ်ရှင်ရုံကို ဖျက်ပြီးအသစ်ပြန်ဆောက်မည့်အပေါ် ဘုံကျောင်းဂေါပကအဖွဲ့က တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ပေးပို့ခဲ့သည်။

အဆိုပါရုပ်ရှင်ရုံမြေနေရာမှာ ကျမ်းတိတ်ဗုဒ္ဓဘာသာဘုရားကျောင်းပိုင် ဖြစ်သည့်အတွက် လုပ်ငန်းရှင်တစ်ဦးက ရုပ်ရှင်ရုံ အဆောက်အအုံဟောင်းကို ဖျက်ပြီးအသစ်တည်ဆောက်မည့်အပေါ် ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ဘုံကျောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မင်း က ဆိုသည်။

ကော့သောင်းလျှပ်စစ်တင်ဒါ လျှောက်သူမရှိသေး

ကန့်ကွက်စာကို ဝန်ကြီးချုပ်အပြင် တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့တိုင်ကြားစာနှင့် အသနားခံစာများ စိစစ် ရေးကော်မတီထံလည်း စက်တင်ဘာလ ၂ ရက်နေ့က ပေးပို့ထားသည်။ ကန့်ကွက်စာတွင် ဂေါပကအဖွဲ့အပါအဝင် အခြားလူ လေးဆယ်ဦးကလည်း လက်မှတ်ထိုး တင်ပြထားသည်။

အဆိုပါရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ၁၉၉၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်ထံ စည်းကမ်း သတ်မှတ်ချက်များဖြင့် အပြီးအပိုင် ရောင်းချထားကြာင်း တိုင်းအစိုးရအဖွဲ့ ထံမှ သိရသည်။

အထက်ပါ ရုပ်ရှင်ရုံမြေနေရာမှာ ဝတ္တကမြေဖြစ်ခြင်း၊ အစိုးရသိမ်းစဉ်က လျော်ကြေးပေးမထားခြင်း၊ ရုပ်ရှင်ရုံ ၁၉၆၀ ပြည့်နှစ်အလွန်နှစ်က ပြည်သူပိုင် သိမ်းခံရသော်လည်း အဆောက်အအုံကိုသာ သိမ်းခြင်းဖြစ်ပြီး မြေနေရာမပါ ဝင်ခြင်း၊ ထို့နောက် ၁၉၉၉ ခုနှစ်တွင် သက်ဆိုင်ရာတာဝန်ရှိဌာနက လေလံအောင်သည့် လုပ်ငန်းရှင်၏ အမည်ဖြင့် နှစ် ၃၀ မြေငှားဂရန်ထုတ်ပေးထားခြင်း အစရှိသည့် အချက်များကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဂေါပကအတွင်းရေးမှူး ဦးခင်မင်းက ဆိုသည်။

ယာဉ်မောင်းလိုင်စင်အသစ် လုပ်ပေးမှု ရပ်နား

“သာသနာ့မြေပေါ်မှာ ဆောက်တဲ့အတွက် ကန့်ကွက်တာ။ မြေပြန်လိုချင်တာပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် လုပ်ငန်းရှင်က အဆိုပါ ရုပ်ရှင်ရုံအား နှစ်ထပ်အဆောက်အအုံအဖြစ် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ပြနိုင်သနိုင်မည်ဟု တိုင်းအစိုးရထံ တင်ပြထားကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောဆိုထားသည်။

ကိုဇော်