နယ်စပ်ဒေသတိုင်းရင်းသားလူငယ်သင်တန်းကျောင်းတွင် ပဉ္စမတန်းနှင့် ဆဋ္ဌမတန်း ကျောင်းသားသုံးဆယ်ကျော် ထပ်မံလက်ခံမည်

0
386

ပဉ္စမတန်း(Grade-6) နှင့် ဆဋ္ဌမ တန်း(Grade-7) ကျောင်းသား သုံးဆယ်ကျော်ကို ကျောင်းဖွင့်ချိန်အထိ ထပ်မံ လက်ခံမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်သင်တန်းကျောင်းထံမှ သိရသည်။

ဆင်းရဲချို့တဲ့၊ မိဘမဲ့ ကလေးငယ်များကို နိုင်ငံတော်စရိတ်ဖြင့် စရိတ်ငြိမ်း ပညာသင်ယူရန် ပဉ္စမတန်း (Grade-6) ကျောင်းသား ၃၀ ဦးနှင့် ဆဋ္ဌမတန်း (Grade-7) ကျောင်းသား ၃၀ ဦးကို သြဂုတ်လ ၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ လျှောက်လွှာခေါ်ယူခဲ့သော်လည်း ကျောင်း အပ်လက်ခံမှုကို အချိန်ထပ်တိုးပေးခဲ့ခြင်း ဖြစ်သည်။

စာသင်ကျောင်းများကို ကွာရန်တင်းစခန်းအဖြစ် ပြန်သုံးမည်

လျှောက်ထားသူမှာ နှစ်ဆယ့်လေးဦး သာရှိသဖြင့် သတ်မှတ်ပမာဏပြည့်မီစေရန် သုံးဆယ့်ခြောက်ဦးကို ထပ်မံခေါ် ယူသွားမည်ဖြစ်ကြောင်း တာဝန်ခံ ကျောင်းအုပ် ဦးပန်းအောင်က ပြောသည်။

ကိုဗစ်ရောဂါကြောင့် ကျောင်းသား ခေါ်ယူသည့်ကိစ္စကို ကျေးလက်ဒေသများသို့ ကွင်းဆင်း ရှင်းမပြနိုင်သဖြင့် သိရှိသူနည်းကာ လျှောက်ထားသူ နည်းခြင်းဖြစ်သည်ဟု ဦး၎င်းက ဆို သည်။

“ရောဂါအခြေအနေအရ၊ ပြီးရင် ပညာရေးဝန်ကြီးဌာနအခြေအနေအရ ကျွန်တော်တို့လည်း မပြည့်မချင်း ဒီကြားထဲမှာ လက်ခံပေးရမှာပေါ့” ဟု ဦးပန်းအောင်က ဆိုသည်။

လျှောက်လွှာများကို ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်သင်တန်းကျောင်းတွင် လာရောက်ထုတ်ယူ လျှောက်ထားနိုင်ပြီး ယင်းကျောင်းတွင် နေထိုင်ကာ ထားဝယ်မြို့တွင်းရှိ အခြေခံပညာကျောင်းတွင် ပညာသင်ကြားရမည်ဖြစ် သည်ဟု အထက်ပါဌာနမှ သိရသည်။

တိုင်းအတွင်းနေထိုင်သူ၊ မြို့နှင့် ‌‌ဝေးလံသည့် ဒေသတွင်နေထိုင်သူ၊ အမိမဲ့သူ၊ အဘမဲ့သူ၊ မိဘနှစ်ပါးလုံးမရှိသူ၊ ဆင်းရဲချို့တဲ့သူ၊ ဉာဏ်ရည်ကောင်းသူ၊ ပညာတော်သူ၊ ကျန်းမာရေးကောင်းသူ၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းသူ များလျှောက်ထားနိုင်မည်ဖြစ်သည်။

နာတာရှည်ရောဂါရှိသူ၊ ကူးစက် ရောဂါရှိသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသူ၊ စိတ်ရောဂါရှိသူ၊ ဦးနှောက်မဖွံ့ဖြိုးသူ၊ ကျန်းမာရေးချို့တဲ့သူ၊ B ပိုး၊ C ပိုး၊ HIV ပိုးရှိသူများကို လက်ခံခြင်းမပြုပေ။

COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ

သင်တန်းကျောင်းတွင် နေထိုင်ကာ ပညာသင်ကြားရန် ရွေးချယ်ခံရပါက (၁၂ တန်း) ဒွါဒသမတန်းပြီးဆုံးသည်အထိ နေထိုင်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက မိဘအုပ်ထိန်းသူမှ နိုင်ငံတော်သို့ ငွေကျပ် သိန်း ၃၀ ပေးလျော်ရမည်ဖြစ်ကြောင်း လျှောက်လွှာတွင် ပါရှိသည်။

ကလေးများကို သင်တန်းကျောင်းတွင် ထား၍ ပညာသင်ကြားစေပြီး ၉ တန်း၊ ၁၀ တန်းရောက်ချိန် အလုပ်လုပ်၍ ရသည့်အချိန်များတွင် မိဘများမှ ပြန်လည်ခေါ်ယူသွားကြသည့်ဖြစ်စဉ်များရှိသဖြင့် ယင်းသို့ သတ်မှတ်ထားခြင်းဖြစ်ကြောင်း ဦးပန်းအောင်က ဆိုသည်။

၁၂ တန်းပညာရေးပြီးဆုံးပါက စစ်ကိုင်းနှင့် ရန်ကုန်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ ဖြိုးရေးဒီဂရီကောလိပ်တွင် ဘွဲ့ရသည်အထိ ပညာဆက်လက်သင်ကြားနိုင်သည်ဟု လျှောက်လွှာတွင် ဖော်ပြထားသည်။

ယင်းအပြင် ဘွဲ့ရပြီးပါက ဝန်ကြီးဌာနများတွင် အလုပ်ရသည်အထိ စီစဉ်ပေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

မိုးမြင့်