ကော့သောင်းကိုဗစ်ပိုးတွေ့ သုံးဦးနှင့် ထိတွေ့ မှုရှိခဲ့သူ ၄၀ ဦးကျော်တွင် ပိုးမ‌တွေ့

0
764

ကော့သောင်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် သုံးဦးနှင့် ထိတွေ့မှုရှိ ခဲ့သူ ၄၀ ဦး‌ကျော်တွင် ရောဂါပိုးမတွေ့ ရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းထိုက်ထံမှ သိရသည်။

ကော့သောင်းမြို့တွင် ဟိုတယ် ကွာရန်တင်းဝင်နေသည့် နေရပ်ပြန် သင်္ဘောသားသုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သြဂုတ်လ ၃၀ ရက်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ

အဆိုပါ ကိုဗစ်ပိုးတွေ့သူတို့နှင့် ထိတွေ့မှု ရှိခဲ့သည့် ဟိုတယ်ဝန်ထမ်းများနှင့် သင်္ဘောသားတို့၏ ဓာတ်ခွဲနမူနာ လေးဆယ်ကျော်နှင့် ကွာရန်တင်းစခန်းဝင်သူတို့၏ စုစုပေါင်း ဓာတ်ခွဲနမူနာ ၄၀၁ ခုအား အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ စက်တင်ဘာလ ၂ ရက်နေ့က ပေးပို့ ခဲ့ခြင်း ဖြစ်သည်။

“ကျန်းမာရေးဝန်ထမ်းတွေလည်း ပါတယ်။ အားလုံး Negative ပါ” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းထိုက်က ပြောသည်။

အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ထားသည့် ဓာတ်ခွဲနမူနာအားလုံးတွင် ကိုဗစ်နိုင်တီးရောဂါပိုး မတွေ့ရှိခြင်း ဖြစ်သည်။

ထို့ပြင် ကော့သောင်းမြို့ရှိ ကွာရန်တင်းစခန်း ဝင်နေသူတို့၏ ဓာတ်ခွဲနမူနာ ၂၆၀ ကျော်အား ထပ်မံပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါက်တာ လင်းထိုက်က ပြောပြသည်။

Dawei Watch