သူနာပြုသားဖွားနှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူ

0
754

သူနာပြုသားဖွား ဒီပလိုမာသင်တန်း နှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)က ပြောသည်။

လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်ထောင်ဖြင့် သြဂုတ်လ ၁၁ ရက် မှ စတင်ရောင်းချပေးနေပြီး လျှောက်ထား သူသည် ကျန်းမာရေး စောက်ရှောက်မှု လုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်မှု အဆင့်ပြည့်မီရမည်ဖြစ်ကြောင်း လက် ထောက်ညွှန်ကြားရေးမှူး(သူနာပြု)က ပြောသည်။

တစ်ညအတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ လေးဆယ်ကျော် အရေးယူ

လျှောက်လွှာများကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သူနာပြု)တွင် လူကိုယ်တိုင် လာရောက် လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်ကျန်းမာရေးဦးစီးဌာနများ သို့လည်း လျှောက်လွှာများကို ပေးပို့ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် လျှောက်လွှာလာဝယ်သူ လူဦးရေသုံးရာကျော်ပြီဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု) က ဆိုသည်။

၂၀၂၀ ပြည့်နှစ်မတိုင်မီ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသာ လျှောက်ထားနိုင်ပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ သုံးဘာသာ ရမှတ်ပေါင်းပေါ် မူတည်၍ သင်တန်းသားရွေးချယ်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကြေညာထားသည်။

၂၀၂၀-၂၁ ပညာသင်နှစ်တွင် သူနာပြုသားဖွား ဒီပလိုမာ သုံးနှစ် သင်တန်းနှင့် ဘက်စုံ သားဖွား ဒီပလိုမာ နှစ်နှစ် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

လျှောက်လွှာတွင် ပါရှိသော သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကိုသာ ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံရသည့် သင်တန်းသားများကို တစ်လ ကျပ် ၃၀ဝ၀ဝ ထောက်ပံ့ပေးမည်ဖြစ်သည်ဟု သိရသည်။

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ

သင်တန်းကာလအတွင်း ပျက်ကွက်ခြင်း၊ သင်တန်းစည်းကမ်းများ ချိုးဖောက်ခြင်းများပြုလျှင် သူနာပြုသားဖွား ဒီပလိုမာ သုံးနှစ်သင်တန်းအတွက် ငွေကျပ် ရှစ်သိန်း၊ ဘက်စုံသားဖွား ဒီပလိုမာသင်တန်းအတွက် ငွေကျပ် သုံးသိန်း ပေးလျော်ရမည်ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

သင်တန်းအောင်မြင်ပြီး (အမှတ်ဖြင့် အထူးကိစ္စရပ်ဖြင့်ရွေးချယ်) သူများကို နိုင်ငံဝန်ထမ်းအဖြစ် ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို လိုအပ်ချက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အနည်းဆုံး သုံးနှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

လျှောက်လွှာများကို စက်တင်ဘာ ၂၈ ရက်ထက် နောက်မကျစေဘဲ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး သင်တန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။

မိုးမြင့်