လူစီးကားဝင်ရောက်မှု ကန့်သတ်ရေး ဆွေးနွေးမည်

0
801

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းသို့ လူစီးကားဝင်ရောက်ခြင်းကို ကန့်သတ်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

ကုန်ပစ္စည်တင်ကားမှလွဲ၍ အခြား မှန်လုံကားနှင့် အိမ်စီးကားများကို ကန့်သတ်ရန် လာမည့်အပတ်တွင်ပြုလုပ်မည့် တိုင်းကိုဗစ်ကော်မတီအစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျ က ဆိုသည်။

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ

“ပြည်တွင်းတိုင်းရင်းသားပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သိပ်ပြီးတော့ လက်ခံချင်တဲ့ ဆန္ဒမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

တိုင်းနှင့် ပြည်နယ်ကျော် သွားလာမှုကိုသာ ကန့်သတ်ရန် ဆွေးနွေးမည်ဖြစ်ပြီး တိုင်းအတွင်း ခရိုင်အလိုက်သွား လာမှုကိုမူ ကန့်သတ်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

Dawei Watch