ထိုင်းသို့ ငါးအမှုန့်တင်ပို့မှု နှစ်နှစ်အတွင်း တန်ချိန်ငါးသောင်းကျော်ရှိ

0
279

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံတို့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ငါးအမှုန့်(Fishmeal) အား ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် တန်ချိန်ငါး သောင်းကျော်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ကြက်ဝိုင်း ရဲဖမ်း၊ ဆိုင်ကယ် လေးဆယ်နီးပါးနှင့် လူလေးဦးဖမ်းမိ

အဆိုပါ ငါးအမှုန့်ကြိတ်စက်ရုံများအား အပြီးအပိုင်ပိတ်သိမ်းရန် အစီအစဉ် ရှိ /မရှိနှင့် နှစ်စဉ် နိုင်ငံတော်သို့ အခွန် မည်မျှထမ်းဆောင်နေရကြောင်းကို မြိတ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝေ၏ မေးခွန်းအား ဖြေကြားရာတွင် ဒုတိယဝန်ကြီး ထည့်သွင်းဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ထူးထူးတိုး၊ ဗဲင်(န်)တေ့(ချ်)၊ မင်းဇာနည်နှင့် အဆောင်ကောင်း ကုမ္ပဏီတို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံတို့မှ ထိုင်းနိုင်ငံ ရနောင်းသို့ တင်ပို့သည့် အကြိမ်ရေ ၁၀၂ ကြိမ်တွင် တန်ချိန် ၅၁၃၆၄ တန်အတွက် အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၈၉ သန်းနှင့် ရန်ကုန် သို့တင်ပို့ရာတွင် ၃၄၁၉၈ တန်အတွက် ကျပ်သန်းပေါင်း ၄၆ ဒသမ ၁၆၇ သန်း ကို အခွန်ဘဏ္ဍာအဖြစ် ရခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးကျော်လှက ပြောကြားသည်။

ထို့ပြင် ငါးအမှုန့်ကြိတ်စက် ရုံလေးရုံတို့မှ ဘဏ္ဍာရေးနှစ် နှစ်နှစ်တွင် စက်ရုံလိုင်စင်ကြေး ငွေကျပ်တစ်သန်းကျော်နှင့် နိုင်ငံခြား ငါးသယ်လိုင်စင်ကြေး ကြိမ်ရေ ၁၀၂ ကြိမ်အတွက် အမေရိကန်ဒေါ်လာ ၂၄၉၄၁၀ နှင့် ညီမျှသည့် ကျပ်ငွေ ၃၇၀ ဒသမ ၈၃ သန်းရရှိခဲ့ကြောင်း ၎င်းက ဖြေဆိုခဲ့သည်။

အဆိုပါ ငါးအမှုန့်ကြိတ်စက်ရုံတို့မှ အနံသက်များမှာ လူနေရပ်ကွက်များအထိ ပြန့်နှံ့နေပြီး ကျန်မားရေးရှုထောင့်အရ သင့်လျော်မှုမရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝေက ပြောကြားသည်။

အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ

အဆိုပါ ငါးအမှုန့်ကြိတ်စက်ရုံတို့အား ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ ည အချိန်ခန့်က သက်ဆိုင်ရာ ရပ်/ကျေး အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ငါးလုပ်ငန်း ဦးစီးဌာနမှတာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)လူငယ်အဖွဲ့ နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ငါးအမှုန့် ကြိတ်စက်ရုံတချို့တွင် ငါးအပုပ်တို့မှ လောက်ကောင်များရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဦးစိုးပိုင်ဌေးက ပြောဆိုထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ငါးအမှုန့် ကြိတ်စက်ရုံများအား ပိတ်သိမ်းရန် ရှိ၊ မရှိနှင့်ပတ်သက်၍မူ ယင်းစက်မှုဇုန်အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံများမှာ သင့်လျော်သည့် နေရာတွင်မရှိပါက တိုင်းအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သည်။

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်တွင် ငါးအမှုန့်ကြိတ်စက်ရုံလေးရုံနှင့် မြိတ်တစ်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်းပေါ်တွင် စက်ရုံတစ်ရုံ စုစုပေါင်း စက်ရုံငါးရုံရှိကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)