ပြည်တော်ပြန်အမျိုးသမီးတို့၏ ရှေ့ခရီး

365
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မစုသက်လှိုင်တစ်ယောက် ၁၅ နှစ် သမီးအရွယ်တွင် အမေဖြစ်သူနှင့် ထိုင်း သို့ ပါသွားသည်။
အမေက ပန်းရန်၊ အအေးခန်း အလုပ်ရုံများတွင် လုပ်ကိုင်ချိန် မစုသက် လှိုင်က အိမ်ခန်းတွင် ထမင်းချက်၊ အိမ်မှုကိစ္စလုပ်ရင်း နှစ်နှစ်ခန့်ကြာလာ သည့်အခါ သူလည်း အလုပ် စရှာသည်။

သူ ၁၈ နှစ်အရောက်တွင် အလုပ် စရသည်။ ပုစွန်အခွံနွှာ၊ ပုစွန်ကျောရိုး ခွဲကာ သန့်ရှင်းရေးလုပ်ရသော အအေး ခန်းစက်ရုံတွင် အလုပ်ရခြင်း ဖြစ်သည်။ တစ်လလျှင် ဘတ် ၄၀ဝ၀ မှ ၅၀ဝ၀ ကြား ရသည်။

“ကီလိုစားဆိုတော့ ကိုယ်လုပ်နိုင် သလောက် (ပိုက်ဆံ)ရတယ်။ ကျွမ်းကျင်သူတွေဆို ပိုရတယ်”မစုသက်လှိုင် က ပြောသည်။

သူလည်း မကြာမီ ကျွမ်းကျင်လာ ပြီး အခြားအလုပ်သမများကဲ့သို့ တစ်လ ၇၀ဝ၀ ခန့်ရလာလိမ့်မည်ဟု မျှော်မှန်း အလုပ်လုပ်သည်။ သို့သော် ကံက သူ့ဘက်မှာ မရှိပါ။
အလုပ်လုပ်ပြီး နှစ်လအကြာတွင် ပင် ကိုဗစ်ရောဂါကာလကြီး စတင်လာ သည်။ ကိုဗစ်ကာလ စသည်နှင့် အလုပ် က ပါးလာသည်။ ကိုဗစ်သည် သူမကဲ့ သို့သော ထိုင်းရောက် ပုစွန်အခွံနွှာသူတို့ ထံသို့ ဆက်နွယ်လာလိမ့်မည်ဟု သူမ မတွေးမိ၊ မတွေးတတ်ခဲ့ပါ။ ကိုဗစ်ကာလအတွင်း ကူးသန်းရောင်းဝယ်ရေးကန့် သတ်မှုများအကြောင်း နားစွန်နားဖျား သာ သူမ ကြားသည်။

အလုပ်ရုံသို့ နေ့တိုင်းနီးပါး သူမ သွားသည်။ သို့သော်လည်း အလုပ်မရှိ သဖြင့် ပြန်လာရသည့်ရက်က ပိုပိုများ လာသည်။ သုံးရက်ကြာမှ အလုပ်က တစ်ရက်ခန့်၊ တစ်နပ်စာခန့်သာ အလုပ် လုပ်ရသည်။

သူမကဲ့သို့ ထိုင်းသို့ခိုးဝင်လာသူများ ကို အလုပ်ရှင်က နေစရာ မပေးထားပါ။ အခန်းခ၊ ရေ၊ မီးခကလည်း တစ်လ ဘတ် ၁၃၀ဝ ခန့် ကျသင့်နေသည်။ ထို့အပြင် ပုဂ္ဂလိက အလုပ်ကြိုပို့ကားခက ၁၅ ရက်စာအတွက် ဘတ် ၃၀ဝ မှာ မသွားလည်းပေးနေရသောကြောင့် အလုပ် လုပ်ရလိုလုပ်ရငြား အလုပ်ရုံသို့ သွားသည်။

ကံဆိုးမလေး သွားရာ မိုးလိုက်လို့ ရွာလေသည်။ မေလတွင် အလုပ်ရုံသို့ ထိုင်းအာဏာပိုင်တို့ ဝင်ရောက် စီးနင်း စစ်ဆေးရာ သူမအပါအဝင် အလုပ်သမား ၃၀ အဖမ်းခံလိုက်ရသည်။

“ကျွန်မတို့မှာက (ပတ်စပို့)စာအုပ် မရှိဘူး၊ တရားမဝင်ဘူးလေ”ဟု မစုသက် လှိုင်က ပြောသည်။

ထို့သို့ အဖမ်းခံရသူ ၃၀ တွင် အမျိုးသမီး ၂၄ ဦး၊ အမျိုးသား ၆ ဦး ပါဝင်ပြီး အားလုံးနီးပါးက ထားဝယ်ဒေသ မှ ဖြစ်ကြသည်။

ထိုင်းသူဌေးက ပြန်ထုတ်ပေးသဖြင့် အချုပ်၊ ထောင်အချုပ်တို့တွင် ၁၂ ရက် ခန့်နေပြီးနောက် ပြည်နှင်ဒဏ် ပေးခံ လိုက်ရသည်။ မြဝတီလမ်းမှ ထားဝယ် သို့ ပြန်ရောက်သောအခါ ထားဝယ်နှင့် ဇာတိဖြစ်သည့် လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာရှိ ကိုဗစ်ရောဂါစောင့်ကြည့် ရေးစခန်းတို့တွင် ၂၁ ရက် နေခဲ့ရသည်။ ထို့နောက် အိမ်ရောက်သည်မှာ တစ်လ ကျော်ကြာပြီ ဖြစ်သော်လည်း အလုပ် လက်မဲ့ ဖြစ်နေဆဲ။ သူကဲ့သို့ ကိုဗစ် ရောဂါဂယက်ကြောင့် ထိုင်းမှ ပြန်လာ ကြသည့် သူတို့ရွာသား ယောကျာ်းလေး များကမူ ရွာတွင် ပန်းရန်လိုက်ခြင်း၊ လှေ လိုက်ခြင်း စသည့် ရရာအလုပ်များ လုပ်ကိုင်နေကြလေပြီ။ သူကဲ့သို့ ထိုင်း စက်ရုံအလုပ်သမားဟောင်း အမျိုးသမီးငယ် တို့အတွက် ထားဝယ်ဒေသတွင် အလုပ် ဝင်ရန် စက်ရုံအလုပ်ရုံက မရှိ။ ရှိသည့် အလုပ်ရုံများကလည်း သူ့လူနှင့်သူ ပြည့်နေလေပြီ။

ထိုင်းတွင် မြန်မာငွေ လေးသိန်း ခန့်ရခဲ့ဖူးသော အသက် ၂၆ နှစ်အရွယ် သရက်ချောင်းသူတစ်ဦးကမူ တစ်လ တစ်သိန်းနှစ်သောင်းရမည့် အလုပ် တစ်ခုရရန် ကြိုးပမ်းနေကြောင်း ပြောပါ သည်။

သူမသည် ထိုင်းနိုင်ငံတွင် ငါးသေတ္တာ စက်ရုံ၌ အလုပ်လုပ်ခဲ့ပြီး ကိုဗစ်ကာလ တွင် ゞင်းလုပ်သည့် ငါးသတ္တာစက်ရုံ ပိတ်လိုက်သဖြင့် ပြီးခဲ့သည့်လက အိမ်ပြန် လာခဲ့ရသည်။
ယခုတွင် ထားဝယ်မြို့တွင် လူမှု ကွန်ရက်မှ Live လွှင့်ကာ ရောင်းချသည့် အဝတ်ဆိုင်တစ်ခုတွင် အလုပ်လုပ်ခွင့်ရရန် မျှော်လင့်ကြိုးပမ်း နေသည်။ လက်ရှိတွင် အထက်ပါ အလုပ်ပင် လုပ်ခွင့်ရရန် မသေချာသေးပါ။

“လမ်းခရီးအဆင်ပြေမယ်၊ ထိုင်း ပြန်ဝင်လို့ရမယ်ဆိုရင်တော့ ပြန်ဝင်မယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မြန်မာပြည်မှာ လစာကောင်းကောင်းနဲ့ဆို မြန်မာပြည် မှပဲ လုပ်ချင်တာပေါ့နော်”ဟု ၎င်းပြောသည်။

ကိုဗစ်ကပ်ဘေးကြောင့် နိုင်ငံခြားမှ ပြန်ရောက်လာသသည့် အမျိုးသမီးများ ၏ အလုပ်အကိုင်အခွင့်အလမ်းအရေးကို အစိုးရတာဝန်ရှိသူများ စဉ်းစားအကောင် အထည်ဖော်ပေးစေချင်ကြောင်း သူက ပြောသည်။

“အစိုးရအနေနဲ့ ပြည်သူလူသား တွေကို ကြည့်ခိုင်းစေချင်တယ်။ ဘယ် လိုတွေ ဖြစ်နေတယ်ဆိုတာကိုပေါ့”ဟု သူက ပြောသည်။

ရေဖြူမြို့နယ် ကံပေါက်ရွာသူ ဒေါ်သိန်းသည်လည်း တာဝန်ရှိသူတို့က ထိုင်းပြန်အမျိုးသမီးများအတွက် တစ်စုံ တစ်ရာ ပြုလုပ်ပေးမည့်အရေးကို မျှော်နေ လေသည်။

“လိုချင်တာကတော့ ကိုယ့်ရပ် ကိုယ့်ရွာမှာ အလုပ်လေးတစ်ခုနဲ့ နေနိုင် ဖို့ပါ။ ကိုယ့်ရပ်ကိုယ့်ရွာက မခွာရလေ အောင်။ ထမင်းစားဖို့၊ လည်လည်ပတ် ပတ် စားနိုင်အောင်မျှ ရရင်တောင် ကျေနပ် နေပါပြီ”ဟု ဒေါ်သိန်းက ပြောပါသည်။

ထိုင်းနိုင်ငံ ကန်ချနာဘူရီတွင် ကြံ ခုတ်၊ ဝါးခုတ်၊ ခြံရှင်း စသဖြင့် ရရာ အလုပ်ကို နှစ်ပေါင်းများစွာလုပ်ပြီး နောက် လွန်ခဲ့သည့် နှစ်လက ဇာတိရွာ သို့ ပြန်လာသော အသက် ၅၅ နှစ် အရွယ် ဒေါ်သိန်းသည်လည်း ထိုင်းသို့ မပြန် ချင်တော့ပါ။ ထိုင်းတွင်ကျန်ခဲ့သည့် သမီးနှစ်ဦးကို ပြန်ခေါ်ကာ နေမကောင်း သည့် ခင်ပွန်းသည်ကို ပြုစုရင်း မွေးရပ် တွင် အခြေချဖို့အရေး ကြံဆနေပါသည်။ သို့သော် အကြံ မထွက်သေးပါ။

“ဆွေမျိုးတွေကလည်း ပြောကြ တယ်လေ။ အသက်လည်းကြီးပြီဆိုတော့ ထိုင်းမပြန်နဲ့တော့တဲ့။ စိတ်ထဲမှာတော့ ကိုယ်အိမ်ကိုယ့်မြင်ပြီးရင်၊ ကိုယ့်ရွာရောက် ရင် မသွားချင်တော့ဘူးလေ”ဟု ဒေါ်သိန်း က ပြောသည်။

“စဉ်းစားနေတာပဲ။ ဘာအလုပ်လုပ် ရမလဲဆိုတာ။ ခုထိတော့ တွေးမပေါက် သေးဘူး”
ကိုဗစ်ကာလအတွင်း ဩဂုတ်လ ၂၁ ရက်နေ့ထိ တနင်္သာရီတိုင်းသူတိုင်း သား စုစုပေါင်း ၉၂၃၂ ဦး နေရပ်သို့ ပြန်လာ ကြပြီး ထိုအထဲတွင် အမျိုးသမီးထက်ဝက် ခန့်( ၄၄၅၈ ဦး)ထိ ရှိနေကြောင်း တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန် ထားသည်။

တနင်္သာရီတိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက အင်ဂျင်နီ ယာ၊ ကြီးကြပ်သူ၊ ဆောက်လုပ်ရေးလုပ် သားတို့ကို အလုပ်ခေါ်နေသည်ကို တွေ့ ရ၏။ ထိုအလုပ်မှာ တနင်္သာရီတိုင်း၏ လူမှုဝန်းကျင်၊ ဓလေ့စရိုက်အခြေအနေ အရ အမျိုးသားများအတွက်သာ အဓိကသက်ဆိုင်အလုပ်မျိုးဖြစ်နေသည်။

ယင်းသို့ နေရပ်ပြန် အမျိုးသမီးတို့ အတွက် အလုပ်အကိုင်အခွင့်အလမ်း အရေး ဆောင်ရွက်ချက်နှင့် စဉ်စားထား ချက် ရှိမရှိအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ ကိုဗစ်အရေး ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးလည်း ဖြစ်သည့် ဦးကျော်မင်း တွေ့ဆုံမေးမြန်ခဲ့ ပါသည်။

သို့သော် ဦးကျော်မင်းက ဖြေဆိုရန် ငြင်းဆန်ခဲ့ပြီး မည်သည့်မှတ်ချက်မှ မပြုလိုသေးကြောင်းသာ ပြောဆိုခဲ့ သည်။

လောင်းလုံးမြို့နယ် သဘော့ဆိပ် ရွာသူ အသက် ၁၈ နှစ်အရွယ် မစုသက်လှိုင် ကမူ ထိုင်းနိုင်ငံ ပြန်မသွားတော့ဘဲ မွေးရပ်တွင်နေထိုင်ကာ သူ့အိပ်မက်ကို အကောင်အထည်ဖော်မည်ဟု ဆိုလာ သည်။ သူ့အိပ်မက်က ရွာတွင်ရှိသည့် စက်ချုပ်ဆရာမတစ်ယောက်ယောက်ထံ စက်ချုပ်သင်ကာ အိမ်တွင်ပင် အဝတ် အထည် ချုပ်စားရန် ဖြစ်သည်။ သို့သော် သူမအိပ်မက်ကို လက်ရှိတွင် အကောင် အထည် မဖော်နိုင်သေးပါ။

“အရင်းအနှီးက မရှိသေးဘူး။ ထိုင်း မှာ ကျန်ခဲ့တဲ့ အမေကလည်း အလုပ် အဆင်မပြေဘူးလေ”ဟု မစုသက်လှိုင်က ဖွင့်ဟသည်။

မင်းခန့်