မရဏမင်းထံ အခစားဝင်ရသည့် အကြောင်းအရင်းကြီးများ

0
651

ကမ္ဘာတစ်ဝန်းတွင် နေ့စဉ် လူပေါင်း တစ်သိန်းခွဲခန့် ကွယ်လွန်အနိစ္စ ရောက်နေကြရသည်ဟု ၂၀၁၇ ကထုတ်ပြန်သော စာရင်းအရ သိရပေသည်။ ထိုသို့သေဆုံးနေရသည့် အကြောင်းအရင်းများအနက် နှလုံးနှင့် သက်ဆိုင်သည့် ရောဂါများမှာ ကမ္ဘာတစ်ဝန်းလုံးရှိ လူများစွာ၏ အသက်ကို နုတ်ယူနေသည့် အကြောင်းရင်းကြီးတစ်ခုပင်ဖြစ်သည်။

၄၈၇၄၂ ဦး
ဤကိန်းဂဏန်းမှာ နှလုံးနှင့် သွေးကြောဆိုင်ရာ ဆက်စပ်ရောဂါများကြောင့် ကမ္ဘာတစ်ဝန်းနေ့စဉ်သေဆုံးရသည့် လူဦးရေ စုစုပေါင်းဖြစ်သည်။ နေ့စဉ် လူပေါင်း များစွာသေဆုံးရသည့် အကြောင်းအရင်းများအနက် နှလုံးနှင့်သက်ဆိုင်သည့်ရောဂါကြောင့် သေဆုံးရမှုမှာ အများဆုံးဖြစ် သည်ဟုဆိုပါသည်။

စပိန်က ကိုဗစ် ဒုတိယလှိုင်း

၂၆၁၈၁ ဦး
ဤလူဦးရေမှာ နေ့စဉ် တစ်ကမ္ဘာလုံး တွင် ကင်ဆာရောဂါကြောင့်သေဆုံးရ သည့် လူဦးရေဖြစ်သည်။ ကင်ဆာရောဂါသည် ကုသရန် မလွယ်ကူသော ရောဂါ မျိုးဖြစ်ပြီး ကုသရန် ကုန်ကျစရိတ်များခြင်း၊ ဆေးဝါး၊ စက်ပစ္စည်းကိရိယာများ မလုံလောက်ခြင်းကြောင့်လည်း လူများစွာမှာ ဆေးဝါးကုသမှုခံယူရန် လက်လှမ်းမမီဘဲ အနိစ္စရောက်နေရမှာလည်းများစွာဖြစ် သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ အစားအသောက် အရည်အသွေးညံ့ခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်းအစရှိသည့် ကင်ဆာဖြစ်စေနိုင်သည့် အကြောင်းအရင်းများစွာရှိနိုင်ပြီး ကင်ဆာနှင့်ပတ်သက်၍ လုံလောက် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းကလည်း သတိပြုဖွယ် ဖြစ်သည်။

၁၀၇၂၄ ဦး
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကြောင့် လူ့လောကကြီးမှ နေ့စဉ်ထွက်ခွာ သွားကြသူဦးရေဖြစ်သည်။ လူတို့၏ ပယောဂများကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာကာ လေထု ညစ်ညမ်းမှု၊ စက်ရုံများ၊ မော်တော်ယာဉ်များမှ မီးခိုးငွေ့များသည်လည်း အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်း များဖြစ်ပေသည်။ အထက်ပါကိန်းဂဏန်းမှာ မကူးစက်နိုင်သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများရကာ သေဆုံးကြရရှာသည့် ကိန်းဂဏန်းဖြစ်သည်။

၇၀၁၀ ဦး
နေ့စဉ် ကမ္ဘာတစ်လွှားမှ လူပေါင်း ခုနစ်ထောင်ကျော်သည် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါများကူးစက်ခံရ ခြင်းကြောင့် ကွယ်လွန်နေကြသည်ဟုဆို ပါသည်။ ထိုရောဂါများအထဲတွင် တုပ်ကွေး ကဲ့သို့ ဖျားနာခြင်းမျိုးလည်းပါဝင်ပေ သည်။

၆၈၈၉ ဦး
စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်၍ စိတ်ကစဉ့်ကလျားဖြစ်သော ဝေဒနာကြောင့် ကမ္ဘာတလွှားမှ နေ့စဉ် လူ့လောကကြီးကို ကျောခိုင်းနေရသူများဖြစ်သည်။ စိတ်ရောဂါများသည် လူအများအဖို့ အလွယ်တကူ သတမိပြုမိနိုင်သော ရောဂါမျိုး လည်းဖြစ်နိုင်သည်။ ယနေ့ခေတ်ကဲ့သို့ ရုပ်ဒြပ်ဝတ္ထုများကို ပိုမို၍ အလေးထားလာသော ခေတ်တွင် လူများစွာတို့တွင် လူမှု စီးပွားရေးဖိအားများစွာရကြကာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှုများ ဖြစ်လာနိုင်ချေမြင့်ပေသည်။

၃၃၇၀ ဦး
အစာအိမ်(အစာခြေစနစ်)နှင့်ဆိုင်သည် ရောဂါများကြောင့် သေဆုံးနေရသူ ဦးရေဖြစ်သည်။ ဤရောဂါမျိုးများသည် မကူးစက်နိုင်သော ရောဂါမျိုးတွင် ပါဝင်သော်လည်း လူပေါင်းများစွာ နေ့စဉ် မဖြစ်မနေ စားသောက်နေရသော အစားအစာများ၏ အရည်အသွေး၊ စားသောက်နေထိုင်မှု ပုံစံမမှန်ခြင်းများကြောင့်လည်း ထိုသို့သော ရောဂါများရရှိနိုင်ပေသည်။

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရှည်ဆိုးကျိုးများ

၄၈၈၇ ဦး
မွေးရာပါ ချို့ယွင်းမှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် နေ့စဉ် တိမ်းပါးနေရသူ ဦးရေဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်း အကြောင်းအရင်းအများအနက် ကိုယ်ဝန်ဆောင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်၊ မျိုးရိုးဗီဇလိုက်သော ရောဂါများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု စသည့်အကြောင်းများကလည်း မွေးရာပါ ချို့ယွင်းမှုများကို ဖြစ်စေနိုင်သည်ဟု ယေဘုယျဆိုကြပေသည်။

၄၃၀ဝ ဦး
ဝမ်းပျက်ဝမ်းလျှောခြင်းနှင့်ဆက်စပ် အကြောင်းအရင်းများကြောင့် နေ့စဉ် ဆုံးပါးနေရသူဦးရေဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ အသက်ငါးနှစ်အောက် ကလေးငယ်များ သေဆုံးရခြင်း အကြောင်းအရင်းများအနက် ဝမ်းပျက်ဝမ်းလျှောဆိုင်ရာ ပြဿနာသည် ဒုတိယ အကြောင်းအရင်း ဖြစ်သည်။

၃၇၅၃ ဦး
ဆီးချို ရောဂါက နေ့စဉ် တစ်ကမ္ဘာလုံးမှ လူအများကို ဇီဝိန်ခြွေနေသည့် ပမာဏဖြစ်သည်။ မကူးစက်နိုင်သော ရောဂါမျိုးဖြစ်သော်လည်း မျိုးရိုးလိုက်ဖြစ် တတ်ပေသည်။ ရေရှည်ကုသရသည့်ရောဂါ မျိုးဖြစ်သည့်အပြင် အစားအသောက် အလွန်ဆင်ခြင်ရသည့် ရောဂါမျိုးဖြစ်ခြင်းကြောင့် တော်တည့်ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု မရလျှင်လည်းကောင်း၊ အစားအသောက် မဆင်ခြင်နိုင်လျှင် သော်လည်းကောင်း ရောဂါဆိုးဝါးကာ စောစောကွယ်လွန်အနိစ္စရောက်ရခြင်း မျိုးများစွာရှိနေပေသည်။

၃၆၂၄ ဦး
အသည်းရောဂါကြောင့် နေ့စဉ် ကမ္ဘာတစ်ဝန်း သေဆုံးနေရသူဦးရေ ဖြစ်သည်။ အရက်သေစာသောက်စားခြင်းနှင့် စားသောက်နေထိုင်မှု ပုံစံမှာ ကျန်းမာရေးနှင့် ညီညွတ်မျှတမှု အားနည်းခြင်းတို့ ကြောင့် ထိုသို့သော ရောဂါမျိုး အဖြစ်များ တတ်ပေသည်။

၃၄၀၆ ဦး
လမ်း မတော်တဆမှုများကြောင့် အနာတရဖြစ်ကာ ကွယ်လွန်နေရသူ ဦးရေဖြစ်သည်။ နေ့စဉ် ကမ္ဘာတစ်လွှား ရှိလမ်းမများပေါ်တွင် အကြောင်းအရင်း အမျိုးမျိုးကြောင့် မတော်တဆမှုများကြုံရကာ တမလွန်သို့ရောက်ရှိနေရသူများစွာရှိနေပေသည်။ ဤ ကိန်းဂဏန်းမှာလည်း သတိပြုဖွယ်ဖြစ်ပေသည်။

၃၃၇၀ ဦး
ကျောက်ကပ်ရောဂါကြောင့် ကမ္ဘာတလွှား နေ့စဉ်ကွယ်လွန်နေသူ ဦးရေဖြစ် ပါသည်။ မကူးစက်တတ်သော ရောဂါမျိုးဖြစ်သော်လည်း ကျောက်ကပ်ရောဂါမှာ သတိပြုဆင်ခြင်ဖွယ်ဖြစ်ပါသည်။

၃၂၄၃ ဦး
တီဘီရောဂါက နေ့စဉ် ကမ္ဘာတလွှားက လူများ၏ အသက်ကို နုတ်ငင်ဆောင် ယူနေသည့်ပမာဏဖြစ်သည်။ လူတစ်ဦး နှင့် တစ်ဦး ကူးစက်တတ်သော ရောဂါမျိုး ဖြစ်သည်။ ယနေ့အခါတွင် ကုသရန် ဆေးဝါးများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူရနိုင်သော်လည်း ဆေးယဉ်ပါးတီဘီမှာ ပြဿနာတစ်ခုဖြစ် လာနေပေသည်။

၂၆၁၅ ဦး
ခုခံအားကျဆင်းမှုရောဂါ (HIV/AIDS) ကြောင့် နေ့စဉ် ကမ္ဘာတစ်ဝန်း အနိစ္စရောက်သည့်ဦးရေဖြစ်ပါသည်။ လူမှလူထံ ကူးစက်နိုင်သောရောဂါဖြစ်ကာ အလျဉ်းပျောက်အောင်ကု၍မရနိုင်သော ရောဂါမျိုးဖြစ်ခြင်းကြောင့် ရောဂါရလျှင် တစ်သက်တာလုံး ဆေးဝါးမှီဝဲရမည့် ရောဂါမျိုးဖြစ်သည်။ ရောဂါ၏ သဘောအရ လူ၏ခုခံအားကို ကျစေခြင်းကြောင့် ထိုရောဂါရသူတစ်ဦးအဖို့ အခြားရောဂါများ အလွယ်တကူ ဝင်နိုင်ပေသည်။

၂၁၇၅ ဦး
ကမ္ဘာတလွှားတွင် မိမိကိုယ်ကို အဆုံးစီရင်ကြကာ မရဏနိုင်ငံသို့ နေ့စဉ် ထွက်ခွာနေသူဦးရေဖြစ်သည်။ အကြောင်းအရင်းများစွာ ရှိသည့်အနက် စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဤသို့ ကျူးလွန်ကြခြင်းမှာ အများဆုံးဖြစ်သည်။ လူမှု စီးပွားရေးအခြေအနေများကလည်း ထိုသို့ ဖြစ်ရန်တွန်းအားကြီးတစ်ခု ဖြစ်နိုင်ပေသည်။

၁၆၉၈ ဦး
ငှက်ဖျား ရောဂါကြောင့် ကမ္ဘာတလွှား၌ နေ့စဉ် သေဆုံးနေရသူပေါင်း ဖြစ်သည်။ ခြင်မှတစ်ဆင့်ကူးစက်သော ရောဂါမျိုးဖြစ်ပြီး အထူးအားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံရှိ ပြည်သူများကို မရဏပြည်သို့ ပို့ဆောင်ပေးသည့် အကြောင်းအရင်း တစ်ခုလည်းဖြစ်သည်။

အထက်ပါ အကြောင်းအရင်းကြီးများမှာ ကမ္ဘာတစ်လွှားနေ့စဉ် လူပေါင်းများစွာ ကွယ်လွန်အနိစ္စရောက်နေရသည့် အကြောင်းအရင်းကြီးများထဲမှ အချို့ဖြစ်သည်။ ရေနစ်ခြင်း၊ အသားဓာတ် ချို့ယွင်းသည့်ပြဿနာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ၊ အရက်ကြောင့်ဖြစ်သော ရောဂါဘယများ၊ မူးယစ်ဆေးကြောင့်ဖြစ်သော ဝေဒနာများ၊ ပဋိက္ခများ၊ မီးလောင် ခြင်း၊ အသည်းရောင်းအသားဝါ၊ အဆိပ် သင့်ခြင်း၊ အပူရှပ်ခြင်း၊ အကြမ်းဖက်မှုများ အစသည့် အကြောင်းအရင်းများစွာသည်လည်း လူပေါင်းများစွာကို မရဏမင်းထံ တွန်းပို့နေသော အကြောင်းအရင်းများ ဖြစ်ပေသည်။

ယနေ့ အချိန်တွင်မူ ကိုဗစ်-၁၉ ရောဂါကပ်ကြောင့် သေဆုံး နေရသူမှာလည်း များပြားလာနေပေသည်။ သို့ရာတွင် ကိုဗစ် မတိုင်မီကလည်းကောင်း၊ ယနေ့အချိန်တွင်လည်းကောင်း၊ နောင်တွင်လည်းကောင်း ရောဂါပေါင်းစုံမှာ လူအများ၏ အသက်ကို နုတ်ယူနေဦး မည်ဖြစ်ပေသည်။

Ref:
https://www.weforum.org/agenda/2020/05/how-many-people-die-each-day-covid-19-coronavirus/
https://ourworldindata.org/causes-of-death