ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးရန် အခက်ကြုံ

0
630

ထားဝယ်မြို့နယ်အတွင်း ဒေသဆိုင် ရာဧည့်လမ်းညွှန်လိုင်စင်(RG) သက်တမ်း တိုးရန်မှာ အခက်အခဲကြုံတွေ့နေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အချို့ထံမှ သိရသည်။

ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်သက်တမ်းတိုးရန်အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့မဟုတ်) ဝင်ငွေမပြသနိုင်ပါက အကျိုးအကြောင်းခိုင်လုံစွာဖြင့် လျှောက်ထားကာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်သည်။

ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ၆ ရာခိုင်နှုန်း တိုးလာ

အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မရရှိခြင်းကြောင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်လည်း မရ၊ အကျိုးအကြောင်းခိုင်လုံစွာ ဝန်ခံကတိဖြင့် တင်ပြသည်ကိုလည်း ဟိုတယ်ခရီးက လက်မခံသဖြင့် ဒေသဆိုင်ရာဧည့် လမ်းညွှန်အချို့မှာ လိုင်စင်သက်တမ်းတိုးရန် အခက်တွေ့နေကြခြင်းဖြစ်သည်။

ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းများကို လက်ခံဆောင်ရွက်ခဲ့သည်မှာ ရက်အနည်းငယ်ခန့်သာ လုပ်ကိုင်ခဲ့သဖြင့် အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မရရှိကြောင်း ထားဝယ်မြို့နယ်မှ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ကိုင်နေသူ ဦးအောင်မိုးသူက ပြောသည်။

အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မတင်ပြနိုင်သဖြင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်မရှိသဖြင့် လိုင်စင်သက်တမ်းတိုးရန် အခက်အခဲဖြစ်နေသည်ဟု ဦးအောင်မိုးသူက ပြောသည်။

“အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်မရှိတော့ ကတိခံဝန်ချက်နဲ့ သွားတင် ပြတာလဲ ဟိုတယ်ခရီးကလက်မခံဘူး။ ကော်မတီကို တင်ပြဦးမယ်လို့ဆိုတယ်” ဟု ၎င်းက ဆိုသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်းကို ဟိုတယ်ခရီးတွင် သင်တန်းတက်ထားသဖြင့် ဝါသနာအရလုပ်ကိုင်နေသော်လည်း ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်မှု အကြိမ်ရေနည်းပါးသဖြင့် အခွန်ဆောင်နိုင်သည့် ငွေကြေးပမာဏ မရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုစိုးမင်းထိုက်က ပြောသည်။

“လိုင်စင်သက်တမ်း မဆုံးစေချင်လို့ သက်တမ်းသွားတိုးထားတာ အခု လိုဖြစ်နေတယ်” ဟု ကိုစိုးမင်းထိုက်က ဆိုသည်။

သို့သော် ၎င်းတို့၏ ပြောဆိုချက်များမှာ အစိုးရတာဝန်ရှိသူ၏ ပြောဆိုချက်နှင့်မူ ကွဲလွဲမှု ရှိနေသည်။

တနင်္သာရီတိုင်းဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာနသို့ သြဂုတ်လ ၁၈ ရက်က တနင်္သာရီအပတ်စဉ်က သွားရောက်မေးမြန်းရာ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်မရှိပါက အကျိုးအကြောင်းခိုင်လုံသည့် ဝန်ခံကတိဖြင့် ဧည့်လမ်းညွှန်လိုင်စင်သက်တမ်းတိုးခြင်းကို လက်ခံမည်ဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောသည်။

ခရီးသည်များအနေနှင့် ဒေသဆိုင် ရာဧည့်လမ်းညွှန်ကို မဖြစ်မနေသုံးရမည်ဟု သတ်မှတ်ထားသော်လည်း ထားဝယ်ဒေသသို့ လာသည့် ခရီးသွားဧည့်သည်များသည် ၎င်းတို့တွင် ပါသည့် ဧည့်လမ်းညွှန်များကိုသာ အသုံးပြုနေကြသဖြင့် ဒေသဆိုင်ရာဧည့်လမ်းညွှန်များမှာ သိပ်အလုပ်မဖြစ်ခြင်းဖြစ်ကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသည့် ကိုသက်ပိုင်ဦး က ပြောသည်။

ဒေသဆိုင်ရာဧည့်လမ်းညွှန်သက်တမ်းတိုးအတွက် ငွေကျပ် ၂၅၀ဝ၀ ပေးသွင်းရပြီး တနင်္သာရီတိုင်းတွင် ဒေသဆိုင်ရာဧည့်လမ်းညွှန် ၄၀ဝ ကျော်ရှိကြောင်း တနင်္သာရီတိုင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောသည်။

ဧည့်လမ်းညွှန်လိုင်စင်သက်တမ်းတိုးရန် ရက်လွန်ပါက တစ်ရက်လျှင် ငွေကျပ် ၂၀ဝ ကို လိုင်စင်ဒဏ်ကြေး အဖြစ်ပေးဆောင်ရမည်ဖြစ်သည်။

မိုးမြင့်