မောင်တောမှ အလည်လာသူနှင့် အိမ်ရှင်တို့ ကွာရန်တင်းစခန်းဝင်

0
245

ရခိုင်ပြည်နယ် မောင်တောမြို့မှ မြိတ်မြို့သို့ အလည်လာသူ အမျိုးသားတစ်ဦးနှင့် ၎င်းတည်းခိုနေထိုင်သည့် နေအိမ်ရှင်တို့အား သြဂုတ်လ ၂၆ ရက် နေ့က မြိတ်တက္ကသိုလ်ဝင်းရှိ ကွာရန်တင်း စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက် ပူးပေါင်းကော်မတီထံမှ သိရသည်။

မောင်တောမြို့နေ အသက် ၂၂ နှစ် ရှိ အမျိုးသားမှာ ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ သြဂုတ်လ ၁၀ ရက်နေ့က ရောက်ရှိခဲ့ပြီး ရန်ကုန်မှ မြိတ်မြို့သို့ လေကြောင်းလိုင်းဖြင့် သြဂုတ်လ ၂၀ ရက်နေ့က ရောက်ရှိလာကာ တပ်ပြင်ရပ်ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် တည်းခိုနေ ထိုင်ခဲ့ကြောင်း သိရသည်။

သဲစုပ်ခြင်းကြောင့် ရွာအဝင်လမ်းထပ်ပြိုမည်ကို ရွာခံများစိုးရိမ်

အဆိုပါ အမျိုးသားမှာ ကျန်းမာရေး ဌာနသို့ အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က မြိတ်တက္ကသိုလ်ဝင်းရှိ ကွာရန် တင်းစင်တာ(ပုလဲရွှေရည်အဆောင်) သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

၎င်းနေထိုင်သည့် နေအိမ်တိုက် ခန်းရှိ အသက် ၃၅ နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက် ၆၁ နှစ်ရှိ အမျိုးသမီး တစ်ဦး၊ အသက် ငါးနှစ်ကျော်ရှိ မိန်းကလေးတစ်ဦးနှင့် အသက် နှစ်နှစ်ရှိ ကလေးတစ်ဦး စုစုပေါင်း လေးဦးတို့အားလည်း Facility Quarantine အဖြစ်ထားရှိထားကြောင်း ပုလဲရွှေရည်အဆောင် တာဝန်ခံ ဦးရဲနိုင်က ပြောပြသည်။

မြိတ်တက္ကသိုလ်ဝင်းရှိ Facility Quarantine များဖြစ်ကြသည့် ပုလဲမာန်၊ ပုလဲရာဇာနှင့် ပုလဲရွှေရည်အဆောင်တို့တွင် သြဂုတ်လ ၂၈ ရက်နေ့အထိ ကွာရန်တင်းဝင်နေသူ ၁၀ဝ ဦးကျော်ရှိပြီး စားသောက်စရိတ်များအား စေတနာအလှူရှင်တို့၏ လှူဒါန်းမှုတို့ဖြင့် ရပ်တည်နေရကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက် ပူးပေါင်းကော်မတီဝင် ဦးမင်းလွင်ဦးက ပြောပြသည်။

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမရှိစေရန် သြဂုတ်လ ၁၀ ရက်နေ့မှစပြီး ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက် ဖြစ်ပွားမှုများရှိနေသည့် မြို့နယ်များနှင့် ခရီးသွားလာမှုများရှိခဲ့ပါက ရောက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများသို့ ချက်ချင်းသတင်း ပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၂၅ ရက်နေ့က နှိုးဆော်ထားသည်။