ငါးအမှုန့်ကြိတ်စက်ရုံများ သင့်လျော်သည့်နေရာတွင် မရှိပါက တိုင်းအစိုးအဖွဲ့တာဝန်

0
450

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံများမှာ သင့်လျော် သည့် နေရာတွင်မရှိပါက တိုင်းအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လှက ပြောကြားခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့က ပြုလုပ သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် စက်ရုံများအား အပြီးအပိုင်ပိတ်သိမ်းရန် အစီ အစဉ် ရှိ /မရှိနှင့် နှစ်စဉ် နိုင်ငံတော်သို့ အခွန်မည်မျှထမ်းဆောင်နေရကြောင်းကို မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝေ၏ မေးခွန်းအား ဖြေကြားရာတွင် ၎င်းက ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဓာတ်အားခ ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် ထုတ်ပေး

သက်ဆိုင်ရာတိုင်းအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်မှ ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ဝန်ကြီးဌာနအနေဖြင့် တိုင်းအစိုးရအား အကြောင်းကြား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြန်လည်ဖြေဆိုခဲ့သည်။

ငါးအမှုန့်ကြိတ်စက်ရုံတို့မှ အနံ့ သက်များမှာ လူနေရပ်ကွက်များအထိ ပြန့်နှံ့နေပြီး ကျန်မားရေးရှုထောင့်အရ သင့်လျော်မှုမရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝေက ပြောကြားသည်။

အဆိုပါ ငါးအမှုန့်ကြိတ်စက်ရုံတို့ အား ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ ညအချိန်ခန့်က သက်ဆိုင်ရာ ရပ်/ကျေး အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ငါးလုပ်ငန်း ဦးစီးဌာနမှတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လူငယ်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ငါးအမှုန့် ကြိတ်စက်ရုံတချို့တွင် ငါးအပုတ်တို့မှ လောက်ကောင်များရှိနေသည်ကို တွေ့ရှိ ခဲ့ရကြောင်း ဦးစိုးပိုင်ဌေးက ပြောဆိုထားသည်။

တိုင်းအစိုးရ၏ ကိုဗစ်အမိန့်ကို အံတုနေဆဲ KTV နှင့် မာဆတ်

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်တွင် ငါးအမှုန့်ကြိတ်စက်ရုံလေးရုံနှင့် မြိတ်တစ်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်းပေါ်တွင် စက်ရုံတစ်ရုံ စုစုပေါင်း စက်ရုံငါးရုံရှိကြောင်း သိရသည်။