ဓာတ်အားခ ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် ထုတ်ပေး

0
388

မြိတ်မြို့တွင် လျှပ်စစ်ဓာတ်အားခ ထောက်ပံ့ငွေများအား သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းအချိန်မှစပြီး ထုတ်ပေးခဲ့ရာ လူစုလူဝေးများဖြစ်ပေါ်ခဲ့ရသဖြင့် ရပ်ဆိုင်းခဲ့ရပြီး နေအိမ်များအရောက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီလီမိတက်ထံမှ သိရသည်။

ထောက်ပံ့ငွေများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ထုတ်ပေးခြင်းဖြစ်ပြီး သြဂုတ်လ ၂၅ ရက် နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ အိမ်တိုင်အရောက် လိုက်လံထုတ်ပေးသွားမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီလီမိတက်မှ တာဝန်ရှိ အမျိုးသမီး ဝန်ထမ်းတစ်ဦးက ပြောပြသည်။

မြိတ်တွင် လူငယ်တစ်ဦး မေ့ဆေးဖြင့် ခေါ်ဆောင်ခံရ

“ရုံးကနေပြီး ဝန်ဆောင်မှုပေးတာ ပေါ့နော်” ဟု အထက်ပါ တာဝန်ရှိ အမျိုးသမီးဝန်ထမ်းက ပြောသည်။

ထောက်ပံ့ငွေများအား ကန်ဖျား မြေနီလမ်းရှိ Petro & Trans ရုံးချုပ်နှင့် ရပ်ကွက်တို့ရှိ ရုံးခွဲတို့တွင် သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းတွင် စတင်ထုတ် ပေးခဲ့ရာ လူစုလူဝေးဖြစ်ပေါ်လျက်ရှိနေ သဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မဖြစ်ပေါ်ရေးအတွက် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

လျှပ်စစ်ဓာတ်အားခ ထောက်ပံ့ငွေ များထုတ်ပေးရာတွင် ယခုနှစ် ဧပြီလအထိ တပ်ဆင်ပြီးဖြစ်သည့် မီတာများ မှာ ၁၁၅၅၀ ကျပ် ရရှိမည်ဖြစ်ပြီး မေလ တွင်း အသစ်တပ်ဆင်ခဲ့သည့် မီတာများ အနေဖြင့် ၁၅၃၅၀ ကျပ် ရရှိမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီလီမိတက်မှ သိရသည်။ ဇူလိုင်လအတွက် ဓာတ်အားခ ပေးသွင်းပြီးသူများအနေဖြင့် ထောက်ပံ့ငွေ အပြည့်အဝ ရရှိမည်ဖြစ်ပြီး ဓာတ်အားခ မပေးသွင်းရသေး သူများအနေဖြင့် ငွေပေးသွင်းချိန်တွင် ထောက်ပံ့ငွေကို ခုနှိမ်ပေးသွားမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီလီမိတက်မှ သိရသည်။

အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိအတွက် ၁၅၀ ယူနစ်အတွက် ဓာတ်အားခကျသင့်ငွေကို ကင်းလွတ်ခွင့်ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် သြဂုတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လစဉ် ၁၅၀ ယူနစ်အတွက် ဓာတ်အားခ ကျသင့်ငွေများကို ဆက်လက်ကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြင့်မိုရ်(မြိတ်)