မြိတ်တွင် လူငယ်တစ်ဦး မေ့ဆေးဖြင့် ခေါ်ဆောင်ခံရ

0
373

မြိတ်တွင် မေ့ဆေးအသုံးပြုကာ လူငယ်တစ်ဦး ခေါ်ဆောင်ခံခဲ့ရကြောင်း ကာယကံရှင်နှင့် မြိတ်မြို့မရဲစခန်းတို့ထံ မှ သိရသည်။

သြဂုတ်လ ၂၈ ရက်နေ့၊ မွန်းတည့်အချိန် အသက် ၁၇ နှစ်ရှိ လူငယ်တစ်ဦးမှာ မြိတ်ဆေးရုံရှေ့ ဗန္ဒုလလမ်းထိပ်တွင် ထမင်းထွက်ဝယ်စဉ် ကားတစ်စီးရောက်လာပြီး မေ့ဆေးတို့ကာ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်ဟု ကာယကံရှင်နှင့် မြိတ် ရဲစခန်းတာဝန်ရှိသူတို့က ပြောသည်။

အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ

ကာယကံရှင်သည် ကျွန်းစုမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဆေးရုံတက်နေသည့် ဦးလေးအား အဖိုးဖြစ်သူနှင့်အတူ လူနာလာစောင့်ရန် မြိတ်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

“ကျွန်တော့်ကို အဲဒီလူက မျက်နှာကို လက်နဲ့ အုပ်လိုက်တာပဲသိတယ် ကျန်တာ မသိတော့ဘူး” ဟု ကာယကံရှင် ကပြောသည်။

၎င်းလက်တွင်ပဝါပိုင်းရှိပြီး စူးရှသည့် ရေမွေးရနံ့ ကိုရခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းနောက် ညနေငါးနာရီခန့်တွင် မြိတ်ဆေးရုံကြီး အနောက်ဘက် မြက်တောထဲ၌ လူတစ်ဦး လဲကျနေသည်ကို အလုပ်မှအိမ်ပြန်သည့် အမျိုးသမီးငယ်တချို့က တွေ့ရှိရပြီး ရေပုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြား ခဲ့သည်။ ထို့နောက် ရဲစခန်းသို့ ပို့ပေးခဲ့ ရသည်ဟု ရေပုန်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောပြသည်။

စစ်ဆေးချက်အရ လူငယ်တွင်ပါသည့် ငွေနှင့်ဖုန်းကို ယူဆောင်သွားဖြင်း မရှိသလို ဒဏ်ရာတစ်စုံတစ်ရာလည်း ရရှိခဲ့ခြင်း မရှိသောကြောင့် အဆိုပါလူငယ်အား ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် လူသည် လူမှားကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ဖွယ်ရှိသည်ဟု မြိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ က သုံးသပ်ပြောဆိုသည်။

လူငယ်ပျောက်ဆုံးနေသည့် အချိန်အတွင်း မိသားစုဝင်များမှ ဖုန်းခေါ်ရာ ဖုန်းကိုင်ခြင်း မရှိသော်လည်း နောက်ပိုင်းတွင် လူမှားပြီးခေါ်မိသည်ဟု ဖမ်းဆီးခဲ့သူမှ ယင်းဖုန်းဖြင့် မက်ဆေ့များ ပြန်လည် ပေးပို့ခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲစခန်းတာဝန်မှူးက ပြောပြသည်။

မြိတ်မြို့တွင် ယင်းဖြစ်စဉ်မျိုးကဲ့သို့သော တိုင်ကြားခဲ့မှုမှာ ယခင်ကမရှိခဲ့ဖူးကြောင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါနေရာတစ်ဝိုက်ရှိ လုံခြုံရေး ကင်မရာများအား စစ်ဆေးပြီး ဆက်လက် စုံစမ်းဖော်ထုတ်သွားမည်ဟု ၎င်းက ဆိုသည်။

ကိုဆန်း