ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
769
Bay-Din

၃၁- ၈-၂၀၂၀ မှ ၆- ၉-၂၀၂၀ ထိ

တနင်္ဂနွေ

မရသေးသောရရန်ကျန်သော ငွေကြေးများစွာ ဝင်လာမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်သော ကိစ္စများ အဆင်ပြေမည်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ ပညာရေးကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူ နှင့် နှလုံးသားချင်း နီးစပ်မည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အညိုရောင်
အကျိုးမမေးသော အရောင် ။ ။ ပန်းဆီရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ ဂန္ဓမာအဖြူ ၁၅ ပွင့် ဘုရားပန်းကပ်လှူပါ။

တနင်္လာ

မြေ ဝင်မည်။ သင်ငွေကြေးကိစ္စ ကြောင့်ကြနေလျှင် မကြာမီအဆင်ပြေမည်။ ဆွေမျိုးသား ချင်းများ ကူညီမစမှု ခံရမည်။ အင်တာဗျူးကိစ္စ၊ သင်တန်းကိစ္စများ အဆင်ပြေမည်။ ယခုလအတွင်း ဖုန်းမဝယ်ပါနှင့်။ သင့်အိမ်ရှိလူကြီးများ ကျန်းမာရေးဂရုစိုက်ပါ။ မေတ္တာရေး သည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဝါရောင်၊ အနက်ရောင်
အကျိုးမမေးသော အရောင် ။ ။ အစိမ်းရောင်၊ အနီရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ အဆင်ပြေသည့်နေ့၌ ငါး ၁၀ ကောင် ဘေးမဲ့လွှတ်ပါ။

အင်္ဂါ

မြေကိစ္စ၊ အမွေကိစ္စနှင့် ပတ်သက်၍ စကားပြောရတတ်သည်။ လူမျိုးကွဲတို့ ကူညီမစမည်။ နာရီ ဝင်မည်။ လုပ်ငန်းများ အဆင်ပြေမည်။ ပညာရေးနှင့်ပတ်သက်၍ စိတ်အလိုမကျ ဖြစ်ရ တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခဏတာဝေးရပေမဲ့ တစ်သက်တာစိတ်အေးရမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမမေးသော အရောင် ။ ။ အပြာရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ နွမ်းပါးသူတစ်ဦးကို ဆန်၊ ဆီ၊ ဆေး၊ ဆား လှူဒါန်းပါ။

ဗုဒ္ဓဟူး

စက်ပစ္စည်းတစ်ခု ဝင်မည်။ အလုပ်လျှောက်ထားသူဖြစ်က မုချ အလုပ်ရမည်။ မြေရောင်း မည့်ကိစ္စများ အဆင်ပြေမည်။ ယခုလအတွင်း ခရီးမသွားသင့်ပါ။ ကျန်းမာရေး ဂရုပြုရမည်။ သင်တန်းတက် ပညာသင်ကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမမေးသော အရောင် ။ ။ ခဲပုပ်ရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

တန်ခိုးကြီးဘုရားပုံတော်များ ဝင်မည်။ ယခုလအတွင်း ကားဝယ်ခြင်း၊ ကားလဲလှယ်ခြင်း မပြုသင့်ပါ။ သင်အခက်အခဲတစ်ခုဖြစ်လျှင် ထိုကိစ္စအဆင်ပြေမည်။ ပညာရေးကိစ္စ အဆင် ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် အဆင်ပြေပါမည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အဖြူရောင်
အကျိုးမမေးသော အရောင် ။ ။ အနီရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ ဘုန်းကြီးကျောင်းသို့ မွေးနေ့၌ ဆွမ်းနှင့် ဟင်း လှူဒါန်းပါ။

သောကြာ

လုပ်ငန်းသစ်များလုပ်ခြင်း အဆင်ပြေမည်။ ခရီး သွားရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်း များအဆင်ပြေမည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ ကျန်းမာရေး ဂရုပြုပါ။ ငွေကြေးကတော့ အထွက်များနေတတ်သည်။ မေတ္တာရေးကတော့ မကြာခင် အိုကေပါတော့မည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမမေးသော အရောင် – အနက်ရောင်၊ ခရမ်းရောင်
မသွားသင့်သော အရပ် – အနောက်တောင်အရပ်
ယတြာ – သစ္စာပန်းတစ်စည်း ဘုရားပန်းကပ်လှူပါ။

စနေ

စပ်တူရှယ်ယာကိစ္စများ အဆင်ပြေမည်။ ရွှေ ဝင်မည်။ ခရီးတစ်ခု သွားရမည်။ မိမိအရေးတကြီး ပြောစရာရှိလျှင် ယခုအချိန် အကောင်းဆုံး ဖြစ်သည်။ မျက်စိအာရုံကြော ကျန်းမာရေး ဂရုပြုပါ။ လူငယ်များ ပညာသင်အခွင့်အလမ်း အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးလျက်ဝေးနေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဝါရောင်၊ အနက်ရောင်
အကျိုးမမေးသော အရောင် ။ ။ ခဲရောင်၊ ပြောက်ကျား
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ နှင်းဆီပန်း ၇ ပွင့် မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ