လျှပ်စစ်ဓာတ်အားခထောက်ပံ့ငွေ မြိတ်မီးလင်းရေးကုမ္ပဏီတွင် ထုတ်ယူနိုင်

0
283

တနင်္သာရီတိုင်းဒေသကြီးအစိုးရက ပေးအပ်သည့် လျှပ်စစ်ဓာတ်အားခ ထောက်ပံ့ငွေများအား သြဂုတ်လ ၂၄ ရက်နေ့မှစပြီး မြိတ်မြို့ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်နေသည့် Petro & Trans ကုမ္ပဏီလီမိတက်တွင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ကြေးပေးရာတွင် နေအိမ်များရှိ လျှပ်စစ်မီတာများ တပ်ဆင်ခဲ့သည့် အချိန်ကာလအလိုက် ထောက်ပံ့ကြေးရရှိ မည်ဖြစ်ပြီး အမျိုးအစားသုံးမျိုးသတ် မှတ်ထားသည်။

ကမ်းနားမှနှစ်ချို့အမှိုက်များအား ရှင်းပြီ

ပထမတစ်မျိုးမှာ ယခုနှစ် ဧပြီလအထိ တပ်ဆင်ထားပြီးဖြစ်သည့် မီတာများဖြစ်ပြီး ၎င်းတို့အနေနှင့် မေလ၏ ဒုတိယလဝက်အတွက် ၇၇၅၀ ကျပ်နှင့် ဇွန်လပထမလဝက်အတွက် ကျပ် ၃၈၀ဝ စုစုပေါင်း ကျပ် ၁၁၅၅၀ ရရှိမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီလီမိ တက်၏ လူမှုကွန်ရက်စာမျက်နာပေါ် တွင် သြဂုတ်လ ၂၁ ရက်နေ့က ရေးသား ဖော်ပြထားသည်။

ဒုတိယအမျိုးအစားဖြစ်သည့် မေလပထမလဝက်အတွင်း တပ်ဆင် ထားပြီးဖြစ်သည့် အိမ်သုံးမီတာများအား မေလအတွက် ၁၁၅၅၀ ကျပ်နှင့် ဇွန်လပထမ လဝက်အတွက် ၃၈၀ဝ ကျပ် စုစုပေါင်း ၁၅၃၅၀ ကျပ် ရရှိမည်ဖြစ်သည်။

တတိယအမျိုးအစားအဖြစ် မေလ ဒုတိယလဝက်အတွင်း တပ်ဆင်ထားသည့် မီတာများအား မေလအတွက် ၃၈၀ဝ ကျပ်နှင့် ဇွန်လပထမလဝက်အတွက် ၃၈၀ဝ ကျပ် စုစုပေါင်း ၇‌၆၀ဝ ကျပ် ရရှိမည်ဖြစ်သည်။

ထောက်ပံ့ငွေများ ထုတ်ယူရာတွင် ဇူလိုင်လအတွက် ပေးဆောင်ထားရသည့် ဓာတ်အားခ ပြေစာပါရှိရမည်ဖြစ်ပြီး စက်တက်ဘာလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီမှ သိရသည်။

အမျိုးသမီးတစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် ဓားအခုတ်ခံရပြီး သေဆုံး

ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက် နေ့အထိအတွက် ၁၅‌ဝ ယူနစ်အတွက် ဓာတ်အားခကျသင့်ငွေကို ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် သြဂုတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လစဉ် ၁၅၀ ယူနစ်အတွက် ဓာတ်အားခကျသင့် ငွေများကို ဆက်လက်ကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြင့်မိုရ်(မြိတ်)