အမျိုးသမီးတစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် ဓားအခုတ်ခံရပြီး သေဆုံး

0
2306

မြိတ်မြို့၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာတွင် အမျိုးသမီးတစ်ဦးမှာ သြဂုတ်လ ၁၆ ရက်နေ့က ဆိုင်ကယ်မောင်းနှင်လာစဉ် ဓါးဖြင့် ခုတ်ခံရကြောင်း ယင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းထံမှ သိရသည်။

အဆိုပါအမျိုးသမီးမှာ အလှူပွဲပြုလုပ်ရန် အစ်မဖြစ်သူနှင့်တိုင်ပင်ဆွေးနွေးပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာ စဉ် အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးက တောခုတ်ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက ပြောပြသည်။

ကမ်းနားမှနှစ်ချို့အမှိုက်များအား ရှင်းပြီ

“ဆိုင်ကယ်ပေါ်မှာပဲ ဓားနဲ့ခုတ် လိုက်တာ။ အောက်ကျသွားတော့ နောက်တစ်ချက် ဆက်ခုတ်လိုက်တာ” ဟု အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက ပြောပြသည်။

ယင်းအမျိုးသမီးမှာ လည်ပင်းတွင် ဓားဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းက လွန်ခဲ့သည့်‌ လေးနှစ်ခန့်က ဓားဖြင့်ခုတ်သူအား ရိုက်နှက်ထားသဖြင့် အငြိုးဖြင့် ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောပြသည်။

မလိကျွန်း ပုလဲကုမ္ပဏီ ဝန်ထမ်းများ လုပ်ခလစာ လနှင့်ချီ မရ

အဆိုပါ အမျိုးသားအား မြိတ်မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)