ယခုနှစ် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနား မကျင်းပဖြစ်

0
484

ဝါခေါငလွပှညွ့နေ့ (စကတွငဘွာ ၂ ရကနွေ့) တှငွ ကရှောကသွညွ့ ၇၃ ကှိမမွှောကွ မှနတွောလွှနရွေးနေ့တှငွ ဗဟို အခမွးအနားမကငွှးပဖှဈတော့ကှောငွး တောလွှနရွေးနေ့ကို နှဈစဉွ ဦးဆောငကွငွှးပလာခဲ့ကှသညွ့ မှနလွူငယတွို့ထံမှ သိရသညွ။

ယမန်နှစ်များက မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေး သွားခဲ့ကြသည့် မွန်ခေါင်းဆောင်များ၏ အုတ်ဂူတည်ရှိရာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရသာသနာ့ဝင်းထဲတွင် ကျင်းပပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အခမ်းအနား မကျင်းပနိုင်တော့ခြင်းဖြစ်ကြောင်း မွန်လူငယ် မင်းထောက ပြောသည်။

ကိုဗစ်-၁၉ ကြောင့် မွန်တော်လှန် ရေးနေ့အထိမ်းအမှတ်အဖြစ် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲပြုလုပ်သွားရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

“ဆွေးနွေးပွဲလုပ်ပြီးတော့ live လွှင့်ဖို့ဖို့ စီစဉ်ထားတယ်။ နောက်တစ်ခုက အွန်လိုင်းကနေ တော်လှန်ရေးနေ့နဲ့ ပတ်သက်တဲ့ ကဗျာရေးပြိုင်ပွဲတွေ ဗီနိုင်းလုပ်ပြီးတော့ ရွာတွေမှာ ကပ်တာတွေ လုပ်ဖို့ရှိတယ်” ဟု မွန်လူငယ် မင်းထောက ပြောသည်။

အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်သွေးချွေး စတေးခဲ့ကြသည့် ခေါင်းဆောင်များကို ဂါရဝပြုရန်နှင့် လူငယ်များ တော်လှန်ရေးစိတ်ဓာတ် ရှင်သန်နေစေရန်အတွက်ဆိုသည့် ရည်ရွယ်ချက်နှင့် မွန်လူငယ်များ ဦးဆောင်ပြီး မွန်တော်လှန်ရေးနေ့ အခမ်း အနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်။

“ဒီနှစ်မှာ အခမ်းအနားမလုပ်နိုင်တော့ပေမဲ့ မွန်တော်လှန်ရေးအကြောင်းကို မမေ့ဖို့ သတိရနေဖို့ ဒီလိုနည်းနဲ့ (အွန်လိုင်းပေါ် လုပ်တဲ့နည်း) လုပ်ရတယ် နှိုးဆော်တဲ့အနေနဲ့ပေါ့” ဟု ပြီးခဲ့သည့်နှစ် မွန်တော်လှန်ရေးနေ့အခမ်းအနားကျင်းပရေး ကော်မတီခေါင်းဆောင် မင်းဇာနည်ဦး က ပြောသည်။

မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပသည့် ဗဟိုအခမ်းအနားအပြင် မွန်ပြည်သစ် ပါတီဗဟိုဌာနချုပ်နှင့် ခရိုင်အဆင့်အဆင့်တို့နှင့် ကျဆုံးသွားသည့် မွန်ခေါင်းဆောင် အုတ်ဂူများတည်ရှိသည့်တချို့နေရာတို့တွင်လည်း အသီးသီးကျင်းပ လေ့ရှိသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကိုယ့်ကံ ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်အဖွဲ့တို့က မော်လမြိုင် အရှေ့ခြမ်း ဇာသပြင်ကျေးရွာရှိ ရဲစခန်းအပါအဝင် ဂျိုင်းမြစ်တစ်လျှောက်ကျေး ရွာကြီးတွင်ရှိသည့် ကာကွယ်ရေး လက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ရာမှ မွန်တော်လှန်ရေး အစပျိုခဲ့သည်ဟု သိရသည်။

အဆိုပါ မွန်တော်လှန်ရေးအစပျိုးခဲ့သည့် ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူတို့က နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။