စည်ပင်လေလံရငွေ ယခင်နှစ်ထက် သိန်းကိုးဆယ်ကျော်ပိုရ

0
449

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၏ လိုင်စင်အမျိုးအစား ၁၂ ခုကို လေလံတင်ရောင်းချရာ ယခင်ဘဏ္ဍာနှစ်ထက် ငွေကျပ်သိန်းကိုးဆယ်ကျော် ပိုရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကမ်းနားပျံကျဈေးကောက်၊ လမ်းဘေးဈေးကောက်၊ စည်ပင်သာယာဈေး ကြီးပျံကျဈေးကောက် စသည်တို့အပါအဝင် အရပ်ရပ်အခွင့်အရေးလိုင်စင် ၁၂ ခုကို ယခုလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း လေလံတင်ရောင်းချခဲ့ရာ ကျပ် ၂၇၂၀ သိန်းကျော် ရရှိခြင်းဖြစ်သည်။

ပဲ့စင်ကျွန်းကိစ္စ ဟိုတယ်/ခရီးဌာနသဘောထား တောင်းခံထား

ပြီးခဲ့သည့်နှစ်ကမူ အထက်ပါ လိုင်စင် ၁၂ ခုကို လေလံတင်ရောင်းချရာတွင် ငွေကျပ် ၂၆၂၉ သိန်းကျော် ရရှိခဲ့သည်။

“လေလံတွေမှာ အပြိုင်ဆွဲတဲ့သူတွေ များတဲ့အတွက် ဈေးပိုများလာတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် သားသတ်လိုင်စင်နှင့် အပေါင်ဆိုင်လိုင်စင်အချို့ကို ရောင်းချရန် ကျန်ရှိနေသေးပြီး ယခုလ ၂၈ ရက် နေ့တွင် ရောင်းချမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထားဝယ်မြို့နယ်အတွင်း သားသတ်လိုင်စင် ငါးခု၊ ဈေးကောက်လိုင်စင် လေးခု၊ ယာဉ်ရပ်နားခ လေးခု၊ အိမ်သာ လိုင်စင် သုံးခု၊ အပေါင်ဆိုင်လိုင်စင် ၁၁ ခုရှိ သည်။

သားသတ်လိုင်စင်ကိုမူ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းမဟုတ်ဘဲ ခွဲဝေစနစ်ဖြင့် ရောင်းချခြင်းဖြစ်သည်။

နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေး

ဥပမာအားဖြင့် သားသတ်လိုင်စင်တစ်ခုကို လုပ်ငန်းလုပ်ကိုင်သူ လေးဦးခန့်က စုပေါင်းကျခံကာ ဝယ်ယူခြင်းဖြစ်ပြီး ခွဲဝေလုပ်ကိုင်သည့် စနစ်ဖြစ်သည်။

လေလံစည်းကမ်းချက်တွင် အမဲသား အသားတစ်ပိဿာလျှင် ၉၀ဝ၀ ကျပ်၊ ကလီစာတစ်ပိဿာလျှင် ၉၀ဝ၀ ကျပ်၊ ဆိတ်သား အသားတစ်ပိဿာလျှင် ၁၁၀ဝ၀ ကျပ်၊ အသားအရိုးတစ်ပိဿာ လျှင် ၁၀ဝ၀ဝ ကျပ်နှင့် အရိုးတစ်ပိဿာ လျှင် ၄၅၀ဝ ကျပ်၊ ဝက်သား အသား တစ်ပိဿာလျှင် ၈၅၀ဝ ကျပ်၊ အသားအရိုးတစ်ပိဿာလျှင် ၈၀ဝ၀ ကျပ်၊ ကလီစာတစ်ပိဿာလျှင် ကျပ် ၈၅၀ဝ နှင့် အဆီတစ်ပိဿာလျှင် ကျပ် ၄၅၀ဝ သတ်မှတ်ထားသည်။