နှစ်လောင်းပြိုင်လူသတ်မှု နှစ်လကြာသည်အထိ ပဟေဠိ

0
2708

လောင်းလုံမြို့နယ်၊ သပြေရှောင် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်း ပြိုင်လူသတ်မှုမှာ နှစ်လကြာသည့်အထိ တရားခံမမိသေးဘဲ အနည်းဆုံး လူသုံးဆယ်ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးထားပြီးဖြစ်ကြောင်း လောင်းလုံးမြို့မရဲစခန်းနှင့် သပြေရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယင်းလူသတ်မှုသည် ဇွန်လ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၈၆ နှစ်အရွယ်နှင့် ၅၄ နှစ်အရွယ် သားအမိနှစ်ဦး အသတ်ခံရခြင်း ဖြစ်သည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

ယင်းလူသတ်မှုနှင့်ပတ်သက်ပြီး အသတ်ခံရသူနှင့် ဆွေးမျိုးတော်စပ်သူ သုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးထားကြောင်း သပြေရှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။

ယင်းအပြင် ကျေးရွာသားလေးဆယ် ဝန်းကျင်ခန့်ကိုလည်း အကြိမ်ပေါင်း ခြောက်ဆယ်ခန့် စစ်ဆေးထားပြီးဖြစ် သည်။

အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ ယင်းလူသတ်မှုတွင် မျက်မြင်တွေ့ ရှိသူ တစ်ဦးလည်းရှိနေသည်။

လူသတ်မှုဖြစ်သည့် ညဆယ်နာရီဝန်းကျင်တွင် အသတ်ခံရသူ အမျိုးသမီးနှစ်ဦးနှင့် အမျိုးတော်စပ်သူတစ်ဦးတို့သည် လူသတ်မှုဖြစ်ပွားသည့် အိမ်ပေါ်မှ ဆင်းလာသည်ကို တွေ့ရှိသည်ဟု အဆိုပါ မျက်မြင်တွေ့ရှိသူ၏ ပြောကြားခဲ့သည်ဟု ဦးမျိုးအောင်က ရှင်းပြသည်။

ထို့အပြင် ယင်းည ၁၁ နာရီဝန်းကျင်တွင်ပင် ဆိုင်ကယ်တွန်းထွက်သွားသူ အမျိုးသားတစ်ဦးကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

သို့သော် လမ်းမီးမရှိသည့် ညအချိန်တွင် တွေ့ရှိခြင်းဖြစ်သောကြောင့် ၎င်းမျက်မြင်တွေ့ရှိသူပြောဆိုသည့် သံသယ ရှိသူတို့မှာ ထင်မြင်ယူဆချက်တစ်ခုမျှသာ ဖြစ်နေကြောင်း ဦးမျိုးအောင်က ပြောသည်။

“ဒီအမှုထဲမှာ အဲဒီမျက်မြင် သက်သေတစ်ဦးပဲ ရေရာအောင်ပြောနိုင် တာရှိတယ်။ ကျန်တဲ့သူတွေက အချက် အလက်တွေကို ဖော်ထုတ်ပေးလို့ မနိုင်ဘူး ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

လောင်းမြို့မရဲစခန်းမှူးဖြစ်သူ ဒုရဲမှူး သက်ဇော်ထွန်းကလည်း ယင်းနှစ်လောင်းပြိုင်လူသတ်မှုတွင် မိသားစုဝင်တစ်ဦးဦး ပါဝင်ပတ်သက်နေနိုင်ကြောင်း ပြောဆိုသည်။

ယင်းလူသတ်မှတ်မှုတွင် သဲလွန်စရနိုင်သည်ဟု ယူဆရသည့် နေရာတစ်ခုမှာ DDPC မီးပွိင့်ရှိ လုံခြုံရေး ကင်မရာ ဖြစ်သည်။ အကြောင်းမှာ အသတ်ခံလိုက်ရသူအိမ်မှ ပျောက်သွားသော ဆိုင်ကယ်ကို ထားဝယ်မြို့တစ်နေရာတွင် တွေ့ရှိရခြင်းကြောင့်ဖြစ်သည်။

လောင်းလုံးဘက်မှ ထားဝယ်မြို့အတွင်းသို့ ဆိုင်ကယ်ဖြင့် ဝင်လာမည်ဆိုပါက DDPC မီးပွိင့်ကို မဖြစ်မနေမဖြတ်ရ မည်ဖြစ်သည်။ လောင်းလုံးမြို့မ စခန်းမှူးကမူ လုံခြုံရေးကင်မရာနှင့် ပတ်သက်သည့် အချက်အလက်ကို ထုတ်ဖော်ပြော ဆိုခြင်းမရှိပေ။

“အမှုပေါ်ပေါက်တာနဲ့ ထုတ်ပြန် ပေးသွားမှာပါ” ဟု ဒုရဲမှူး သက်ဇော်ထွန်း က ဆိုသည်။

နောက်ထပ်သံသယဝင်နေသူတစ်ဦးမှာ လူသတ်မှုဖြင့် ထောင်ကျသွားပြီး သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ အမျိုးသားတစ်ဦး ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးမျိုးအောင် က ဆိုသည်။

ယင်းအမျိုးသားကို သံသယဝင်ရသည့် အကြောင်းမှာ ယခင်က လူသတ်မှုဖြစ်ဖူးခြင်း၊ ယခုလူသတ်မှုဖြစ်ပြီးနောက် ဆက်သွယ်မရခြင်းတို့ကြောင့်ဟု ၎င်းက ဆိုသည်။

လောင်းလုံးမြို့မရဲစခန်းကမူ ယင်းကိစ္စအားလည်း ထုတ်ဖော်ပြောဆို ခြင်းမရှိပေ။

တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ ယင်းလူသတ်မှုကို ဖော်ထုတ်ဖမ်းဆီးရမိရန် နီးစပ်နေပြီဖြစ်ကြောင်း ဇူလိုင်လအတွင်းက ပြောဆိုခဲ့ဖူးသည်။

ထားဝယ်ခရိုင်တွင် ဇွန်လနှင့် ဇူလိုင်လအတွင်း သုံးလောင်းပြိုင် လူသတ်မှုတစ်ခု၊ နှစ်လောင်းပြိုင်လူသတ်မှု နှစ်ခု ဆိုက်တိုက်ဖြစ်ပွား ခဲ့သည်။

ဇွန်လ ၁၃ ရက်က ဖြစ်ပွားသည့် ရေဖြူမြို့နယ်မှ သုံးလောင်းပြိုင်လူသတ်မှုနှင့် ဇူလိုင်လ ၁၂ ရက်က ဖြစ်ပွားခဲ့သည့် ထားဝယ်မြို့နယ် ဓားသွေးကျောက်ရွာ နှစ်လောင်းပြိုင်လူသတ်မှုတို့နှင့် ပတ်သက်၍ တရားခံများကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်သည်။

ကျော်သူစိုး