ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
593

၁၇-၈-၂၀၂၀ မှ ၂၃-၈-၂၀၂၀ ထိ

တနင်္ဂနွေ
ဘုရားဖူးခရီးများ သွားရတတ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမည်။ အလှူအတန်းများ ပြုရတတ်သည်။ စာမေးပွဲ၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ စကားပြောသောအခါ မှားတတ်သည်မို့ အထူးဂရုပြုရမည်။ ငွေကြေးနှင့် ပတ်သက်၍ ဆုံးရှုံးခြင်း၊ ကြန့်ကြာခြင်း ဖြစ်တတ်သည်။ ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် စိတ်ကောက်လိုက် ပြန်ချော့လိုက် ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ သစ်ခွပန်း ဘုရားပန်းကပ်လှူပါ။

တနင်္လာ
လူငယ်များ အလုပ်အကိုင်အခွင့်လမ်းများ ရရှိမည်။ လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ ဘုရားဖူးခရီးများ သွားရမည်။ အရေးတကြီးပြောဆိုရမည့်ကိစ္စများ အဆင်ပြေမည်။ အမွေ အနှစ်များ ရရှိတတ်သည်။ ဆီးကျောက်ကပ် ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခဏတာဝေးနေရဦးမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ အနောက်အရပ်
ယတြာ ။ ။ သီလရှင်များကို လိုအပ်သောအရာများလှူဒါန်းပါ။

အင်္ဂါ
လှပသောကော်ဇော၊ မွေ့ရာ အသုံးအဆောင်ပစ္စည်းများ ဝင်မည်။ ခရီးတစ်ခု သွားရမည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ငွေကြေးများစွာ ဝင်မည်။ ယခုလအတွင်း ပန်ကာ၊ တီဗွီ စသောစက်ပစ္စည်းများ မဝယ်ပါနှင့်။ ပညာရေးကိစ္စများ အဆင်ပြေမည်။ မတော်တဆထိခိုက်မှုလည်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခရီးလမ်းက အိုကေစိုပြေနေမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ စံပယ်ပန်း ဘုရားပန်းအဖြစ်ကပ်လှူပါ။

ဗုဒ္ဓဟူး
ရပ်ဝေးဧည့်သည်များ မိမိထံလာမည်။ ထီ (သို့)ထီနှင့် အလားတူ ငွေဝင်မည်။ ဒူးနာ၊ အရိုး အကြော အားနည်းတတ်သည်။ ဆွေမျိုးသားချင်းများ ကူညီမစမှုခံရမည်။ မိမိကြံစည်ထား သောကိစ္စများ အဆင်ပြေအောင်မြင်မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မခွဲ အတူလက်တွဲရမည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ ခဲပုပ်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ ပန်းတိမ်ငိုပန်း ဘုရားပန်းကပ်လှူပါ။

ကြာသပတေး
မည်သည့်စာမေးပွဲဖြေဖြေ အဆင်ပြေမည်။ ယခုလအတွင်း တယ်လီဖုန်း မဝယ်ပါနှင့်။ မြေ ဝင်မည်။ သားသမီးရတနာများ ရမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ ကျန်းမာရေး ဂရုပြုပါ။ လုပ်ငန်းနှင့်ပတ်သက်၍ ခပ်အေးအေးဖြစ်နေတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် အထင်လွဲမှု ဖြစ်ရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ မုန့်ဖက်ထုပ် ၃ ခုကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
မြေ ဝင်မည်။ နိုင်ငံရပ်ခြားနှင့်စပ်ဆိုင်သောကိစ္စများ အဆင်ပြေမည်။ ငွေကြေးများစွာ ဝင်မည်။ ယခုလအတွင်း ယာဉ် မဝယ်သင့်ပါ။ တန်ခိုးကြီးဘုရားပုံတော်များ ဝင်မည်။ မေတ္တာရေးသည် ကား ချစ်သူရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ ခရမ်းရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ သစ်သီး ၃ မျိုးကို ခွဲစိတ်ပြီး မွေးနံ၌ ဘုရားဆွမ်းတော် ကပ်လှူပါ။

စနေ
ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ ဈေးဆိုင်ဖွင့်ခြင်းကိစ္စများ အဆင်ပြေ မည်။ ခရီးတစ်ခု သွားရမည်။ ပညာရေးကိစ္စများ အဆင်ပြေမည်။ အစာမှား၊ ဆေးမှား ဖြစ်တတ်သည်။ မိမိဝတ်ထားသော နာရီ ပျက်စီးပျောက်ရှတတ်သည်။ မြေကိစ္စ၊ အမွေကိစ္စ များ စကားပြောရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မေတ္တာခိုင်မြဲပါမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ ။ ။ ငါးများကို မွေးနေ့၌ ဘေးမဲ့လွှတ်ပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ