နှစ်အချိုး ရှစ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တက္ကသိုလ်ဝင်တန်းအောင်စာရင်း တွေ ထုတ်ပြန်ပေးခဲ့ပြီးပါပြီ။ ကိုဗစ် ကျေးဇူးကြောင့် အွန်လိုင်းကနေ ကြည့်ခွင့် ရခဲ့တယ်။ နှစ်တိုင်းလို စုပြုံတိုးပြီး ကြည့် စရာမလိုတော့ အတော်လေးကို အဆင် ပြေခဲ့တယ်။ ကိုဗစ်ကြောင့် ပြောင်းလဲလာ တဲ့ အကောင်းတွေထဲက တစ်ခု။ ဆက်လက် ထိန်းသိမ်းနိုင်ပါစေ။

အောင်ချက်ရာခိုင်နှုန်းကတော့ အစဉ်အလာမပျက် တစ်အချိုးနှစ်ပါပဲ ခင်ဗျ။ ကျောင်းသားဦးရေ ကိုးသိန်းကျော် ဖြေဆိုခဲ့တဲ့ အထဲမှာ သုံးသိန်းဝန်းကျင် အောင်ခဲ့တယ်။ ရာခိုင်နှုန်းအရဆိုရင် ၃၂ ရာခိုင်နှုန်း ဝန်းကျင်။ ခြောက်သိန်းကျော် ကျခဲ့တယ်။ အဲဒီ ခြောက်သိန်းကျော်ထဲက ကျောင်းသားဦးရေ ဘယ်လောက် စာသင်ခန်းထဲ ပြန်ရောက်ကြမလဲမသိ။ ကိုဗစ်ရဲ့ရိုက်ခတ်မှုက မိဘတွေရဲ့စီးပွား ရေးကို အများကြီးထိခိုက်စေတယ်။ ဆိုတော့ မိဘတွေ ကျောင်းထားဖို့ ရုန်းရ ပေလိမ့်မယ်။ တချို့ကလည်း စာမေးပွဲ အပေါ် စိတ်ပျက်လက်လျှော့သွားနိုင်တယ်။

စနစ်ဟောင်းပညာရေးဟာ ဒီနှစ် နောက်ဆုံးပါ။ စနစ်ဟောင်းသမားတွေ အတွက် စာမေးပွဲကတော့ နောက်ထပ် တစ်နှစ်လောက် ထပ်ရှိနေနိုင်သေးတယ်။ ပြီးရင်တော့ စနစ်သစ်ပညာရေးကို သွားရတော့မယ်။ ဆိုတော့ စနစ်ဟောင်း ပညာရေးရဲ့ စာမေးပွဲစနစ်ကို သိပ်မပြော ချင်တော့ပါဘူး။ အောင်အောင်စစ်တဲ့စာ မေးပွဲမျိုးမဟုတ်ဘဲ မကျကျအောင်စစ်တဲ့ စာမေးပွဲစနစ်ကိုတော့ စိတ်ကုန်မိတာ အမှန်။ တကယ်ဆို တက္ကသိုလ်တွေမှာလို ကျတဲ့ဘာသာရပ်တွေလောက်ပဲ ပြန်ဖြေ လို့ရရင် ဆယ်တန်းကလေးတွေအတွက် အတော်ကို အဆင်ပြေမှာပါ။ အခုတော့ တစ်ဘာသာကျလည်း ခြောက်ဘာသာ စလုံး ပြန်ဖြေနေရတယ်။ အဲဒီမှာ ထပ်ကျ ပြန်ရင် နောက်တစ်နှစ် ထပ်တိုးပြီး ပြန်ဖြေကြရပြန်တယ်။

နိုင်ငံတကာမှာလို ခြောက်ဘာသာ စလုံးမဟုတ်ဘဲ ဒီနှစ်သုံးဘာသာ အောင် အောင်ဖြေပြီးမှ နောက်နှစ်သုံးဘာသာကို အောင်အောင်ထပ်ဖြေရရင် ကလေးတွေ အတွက် သိပ်ကောင်းမှာပဲ။ နိုင်တဲ့ ကျောင်းသားတွေကတော့ ခြောက်ဘာသာ စလုံးကို တစ်နှစ်တည်း အပြီးဖြေကြပေါ့။ လိုအပ်ချက်တွေတော့ များနိုင်ပါတယ်။ အခုတော့ စနစ်ဟောင်းတစ်ခုလည်း ပြီးဆုံးတော့မယ်ဆိုတော့ နောက်ထပ် စာမေးပွဲတွေ အတွက်ပဲ မျှော်လင့်ရတော့မယ်။

ကျွန်တော်တို့အနေနဲ့ ဆယ်တန်း မအောင်တဲ့၊ စာမေးပွဲဆက်မဖြေချင်တော့ တဲ့ ကျောင်းသားလူငယ်လေးတွေအတွက် အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ သင်တန်း လေးတွေ တက်ခွင့်ရအောင် ဖန်တီးပေးဖို့ လိုပါမယ်။ လူသားအရင်းအမြစ်တွေ မဆုံးရှုံးရအောင် စဉ်းစားပေးရပါမယ်။ လူငယ်တွေဟာ နိုင်ငံရဲ့ အနာဂတ်၊ နိုင်ငံရဲ့ တန်ဖိုးရှိတဲ့ သယံဇာတတွေပါ။

သူတို့ တွေကို တန်ဖိုးထားပြီးတော့ ပြုစုပျိုး ထောင်ရပါမယ်။ အခုလက်ရှိမှာတော့ လူငယ်တွေ ပျက်စီးနေကြတာ၊ ကြွေလွင့် နေကြတာ မမြင်ချင်မှအဆုံးပါပဲ။ အဆိုးဆုံး ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်ယွင်း ခြင်းပါပဲ။


အခုလက်ရှိ စာမေးပွဲအောင်သွားတဲ့ သူတွေကရော စိတ်ချရပြီလား။ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ ကမ္ဘာတစ်ဝှမ်းလုံး ကျောင်းနေကြတဲ့ ကျောင်းသားအားလုံးရဲ့ ၂၀ ရာခိုင်နှုန်း သာ ဘွဲ့ရကြတယ်လို့ ဆိုကြတယ်။ ဆိုတော့ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းဟာ ဘွဲ့မရကြပါ ဘူး။ အချိုးချကြည့်မယ်ဆို နှစ်အချိုး ရှစ်ပေါ့။ ဒါကတော့ ဘွဲ့ရတဲ့သူကို ပြော တာပါ။ စာတတ်တဲ့သူကို မဆိုလိုပါဘူး။
နှစ်အချိုး ရှစ်ဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

လူတစ်ယောက်ကို ငါးပိုင်းပိုင်း ကြည့်မယ်ဆို ခြေဖျားကနေပခုံးအထိက လေးပိုင်းရမယ်။ ပခုံးကနေ ခေါင်းအထိ က တစ်ပိုင်းပေါ့။ ဒါကို ရာခိုင်နှုန်းနဲ့ တွက်ကြည့်မယ်ဆို ဦးခေါင်းပိုင်းက ၂၀ ရာခိုင်နှုန်းနဲ့၊ ခန္ဓာကိုယ်ပိုင်းက ၈၀ ရာခိုင်နှုန်းပါ။ ဒါကိုပဲ လူ့အသိုင်းအဝိုင်း မှာ ဦးနှောက်ကို အသုံးချပြီး အလုပ်လုပ် တဲ့သူက ၂၀ ရာခိုင်နှုန်းရှိပြီး ခန္ဓာကိုယ် ကို အသုံးချပြီး ပင်ပင်ပန်းပန်းအလုပ် လုပ်ကြရသူက ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ဆိုပါတယ်။

တစ်နည်းအား ဖြင့် ပြောရမယ်ဆို ဉာာဏအားသုံးသူက ၂၀ ရာခိုင်နှုန်းနဲ့ ကာယအားသုံးရသူက ၈၀ ရာခိုင်နှုန်းပေါ့။ နှစ်အချိုး ရှစ်။

နောက်တစ်ချက်က ကမ္ဘာ့လူဦးရေ ရဲ့ ၂၀ရာခိုင်နှုန်းက လူချမ်းသာတွေဖြစ် ပြီး ကျန် ၈၀ ရာခိုင်နှုန်းလောက်က ဆင်းရဲ နွမ်းပါးသူတွေလို့ ဆိုပါတယ်။ ကျွန်တော် တို့နိုင်ငံမှာတော့ လူချမ်းသာပိုများတယ် ထင်တယ်။ ဆင်းရဲသား ၇၀ ရာခိုင်နှုန်း ကျော်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဘာပြောပြော လူချမ်းသာများတာ ဂုဏ်ယူဖို့ကောင်းပါတယ်။

နောက်ပြီးတော့ ကုမ္ပဏီတစ်ခုမှာ ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတစ်ခုမှာပဲ ဖြစ်ဖြစ် ကိုယ့်ကုမ္ပဏီ၊ ကိုယ့်လုပ်ငန်းလို သဘောထားပြီး တိုးတက်ကြီးပွားလာ အောင် အလုပ်လုပ်ပေးကြတဲ့သူက ၂၀ ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုပါတယ်။ ကျန် တဲ့ ၈၀ ရာခိုင်နှုန်းကတော့ မျှောပြီး လိုက်ကြတဲ့သူတွေပါ။

ဒါဆိုရင် နိုင်ငံရေးလောကမှာရော၊ နိုင်ငံကို ဦးဆောင်နေကြတဲ့သူတွေမှာ ရော အားကိုးရမယ့်သူက ၂၀ ရာခိုင်နှုန်း လောက်ပဲရှိတယ်လို့ ကောက်ချက်ချရ မလို ဖြစ်နေတယ်။ ဒါဆိုရင် ကျွန်တော် တို့အနေနဲ့ နိုင်ငံရေးသမားတွေအပေါ်မှာ အများကြီးမျှော်လင့်နေတာသည်ပင်လျှင် ကိုယ့်ဒုက္ခကိုယ်ရှာနေသလိုများ ဖြစ်နေ မလားမသိ။

လက်ရှိအစိုးရမှာရော အားကောင်း မောင်းသန် နိုင်ငံရေးသမား၊ အစွမ်းအစ ရှိတဲ့ နိုင်ငံရေးသမား ၂၀ ရာခိုင်နှုန်းလောက် တောင် ရှိခဲ့ရဲ့လားမသိ။ နောက်လာမယ့် အစိုးရတွေမှာ အစွမ်းအစရှိတဲ့ အားကောင်း မောင်းသန်နိုင်ငံရေးသမား ဒီ့ထက်ရာခိုင် နှုန်းပိုများပါစေလို့သာ ဆုတောင်း နေမိ ပါရဲ့။

အချုပ်ဆိုရရင် နေရာတိုင်းမှာ တကယ် ဦးဆောင်ပြီး ကြိုးစားပမ်းစား အလုပ်လုပ် ကြတဲ့သူက ၂၀ ရာခိုင်နှုန်းပဲ ရှိတယ်ဆို တာပါ။ ကျွန်တော်တို့ တစ်ခုခုကိုအောင်မြင် အောင်လုပ်ဖို့ဆိုရင် ရင်ဘတ်တူတဲ့သူ ၂၀ ရာခိုင်နှုန်းလောက် စုနိုင်ရင်ရပါပြီ။ ဒါဆို အလုပ်လုပ်လို့ ရပါပြီ။ အများကြီး မလိုအပ်ပါဘူး။

သန်းဇော်ဦး(ရလိုင်)