ဘန်းချောင်းဒေသကိစ္စ ဒေသန္တရ အစိုးရကို ပြည်ထောင်စုအစိုးရ နိုင်စားသလော

0
917

“အဝေးက လူက ကျွန်မတို့ရဲ့ဒေသမှာ လာပြီးတော့မှ လုပ်ခွင့်ပေးတဲ့ဟာသည် လူမှုရေး တရားမျှတမှု မရှိဘူး”

သဘာဝတောကြီးအတိုင်း ရှိနေသေးတဲ့ ဘန်းချောင်းဒေသမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို နှစ်ရှည်သီးနှံပင်နဲ့ ရော်ဘာစိုက်ပျိုးဖို့အတွက်ဆိုပြီး မြေဧက ၃၀ဝ ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ပေး လိုက်ပါတယ်။ အဲဒီနေရာဟာ သဘာဝသစ်တောကောင်းတဲ့နေရာဖြစ်တာကြောင့် ခွင့်ပြုချက်မပေးဖို့ တိုင်းအစိုးရက သဘောထားမှတ်ချက်ပေးထားတဲ့ကြားက ပြည်ထောင်စုကနေ ခွင့်ပြုချက်ပေးလိုက်တာပါ။


ကရင်အမျိုးသားစည်းရုံး(KNU) ဘက်ကလည်း ဘန်းချောင်းဒေသမှာ နှစ်ရှည်ပင်နဲ့ ရော်ဘာပင်စိုက်ဖို့လုပ်နေတာကို ကန့်ကွက်ထားပါတယ်။ သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေတဲ့အဖွဲ့တွေကတော့ ဘန်းချောင်းဒေသဟာ ဇီဝမျိုးစုံ၊ မျိုးကွဲများစွာရှိနေတာရယ်၊ တနင်္သာရီမြစ်အတွက် အရမ်းအရေးပါတဲ့ ရေဝေ၊ ရေလဲ ဒေသဖြစ်တာရယ်၊ မျိုးတုန်းလုနီး တောရိုင်းတိရစ္ဆာန်တွေ ရှိနေသေးတာရယ် စတဲ့ အချက်တွေကြောင့် ဘန်းချောင်းဒေသကို ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ထောက်ပြပြောဆိုထားကြပါတယ်။


အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး သစ်တော၊ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို တင်ဆက်ပေး လိုက်ပါတယ်။

နော်ပီသလော (တာကပေါအဖွဲ့ အကြံပေး)


နော်ပီသလော (တာကပေါအဖွဲ့ အကြံပေး)

ဘန်းချောင်းဒေသမှာ ဆိုလို့ရှိရင် သူတို့တ တွေက ရိုးရာဓလေ့အရ သူတို့ထိန်းသိမ်းထားတဲ့ တော တောင်တွေ ရှိတယ်။ ရေမြေတွေ ရှိတယ်။ မြစ်ချောင်းတွေ ရှိတယ်။ ဆိုတော့ ဒါကတကယ်ပဲ အရမ်းကောင်းမွန်တဲ့အလေ့အကျင့် ဖြစ်တယ်။


ကျွန်မတို့ မြန်မာနိုင်ငံကနေလည်း ကျန်တဲ့ နိုင်ငံတွေမှာ ကတိကဝတ်ထားတဲ့ဟာတွေ လုပ်ပါ့ မယ်လို့ လက်မှတ်ရေးထိုးထားတဲ့ဟာတွေကို သွားရောက်ပြီးတော့ တစ်နည်းမဟုတ်တနည်းနည်း နဲ့ ကတိကဝတ်တွေ ပြည့်မီအောင် ဒီနေရာမှာရှိတဲ့ လူတွေက လုပ်ပေးနေသလိုမျိုးဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီဟာကလည်း တစ်နည်းအားဖြင့် နိုင်ငံတော်ကို သွားပြီးတော့မှ နိုင်ငံတကာမှာဆိုလို့ ရှိရင် မျက်နှာပန်းလှတယ်ပေါ့။
နောက်တစ်ခုက ဘန်းချောင်းဟာ တနင်္သာရီ မြစ်ရဲ့ ရေဝေရေလဲ။ ပြီးတော့ မြစ်ရဲ့အထက်ဘက်မှာ ရှိနေတယ်။ အဲလိုမျိုး မြစ်ရဲ့အထက်ဘက်မှာရှိတဲ့ အတွက် ကျွန်မတို့က တာဝန်ကျေဖို့လိုတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က မြစ်ရဲ့အထက် ဘက်မှာရှိတဲ့အတွက် ချောင်းကိုညစ်ညမ်းအောင် လုပ်မယ်၊ ချောင်းဖြစ်ပေါ်လာဖို့အတွက်၊ ရေရှည် တည်တံ့ဖို့အတွက် သစ်တောတွေကို မထိန်းဘူးဆို လို့ရှိရင် ကျွန်မတို့က တာဝန်မဲ့ရာကျတယ်ပေါ့နော်။


ဘန်းချောင်းဒေသက အဓိကကတော့ သယံ ဇာတပေါကြွယ်ဝတယ်။ အရင်တုန်းကဆိုလို့ရှိရင် သွားရေး၊ လာရေးက ခက်ခဲတဲ့အတွက် လူသူတွေ သိပ်မရောက်တဲ့အခါကျတော့ တောတောင်ရေမြေ ကလည်း သူများဒေသမှာ မရှိတော့တဲ့ဟာတွေ တော်တော်များများက လက်ကျန်တွေ ရှိနေသေး တယ်ပေါ့နော်။ အဲလိုမျိုး လက်ကျန်တွေရှိနေတဲ့ အခါကျတော့ အခုပိုပြီးပွင့်လင်းလာတဲ့အခါမှာ တော့ လိုချင်တပ်မက်ချင်စရာကြီးကို ဖြစ်နေတယ်။ ဖြစ်နေတဲ့အခါကျတော့ အကြီးစားစီမံချက်တွေ၊ သစ်ထုတ်လုပ်မှုတွေ ဒီဒေသကို ဝင်ချင်တယ်ပေါ့ နော်။


ဒေသခံတွေရဲ့သဘောထားကတော့ တော်တော် များများကတော့ သူတို့ကို အကာအကွယ်မပေးတဲ့ ဟာ။ တော၊ တောင်၊ ရေ၊ မြေ၊ မြစ်၊ ချောင်းကို ညစ်ညမ်းစေမယ့်ဟာမျိုးကို သူတို့ကတော့ လုံးဝ မလိုလားကြဘူး။ ဒါပေမဲ့ တစ်ခါတလေကျရင် ဘာဖြစ်လဲဆိုတော့ ရွာသားထဲမှာလည်းပေါ့နော် ငွေရှင်၊ ကြေးရှင်တချို့ ရှိတယ်။ ပြီးတော့ လုပ်ငန်းရှင် တွေနဲ့ ပေါင်းပြီးတော့မှ ဒီဒေသကနေပြီးတော့မှ သစ်တွေထုတ်ချင်တဲ့သူတွေ အနည်းအကျဉ်းတော့ ရှိတယ်ပေါ့နော်။ ရပ်ရွာဒေသအကျိုးထက် မိမိရဲ့ ကိုယ်ကျိုးအတွက်ကို လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး တော့မှ လက်မှတ်တွေ စုဆောင်းတာတို့ ဘာတို့ရှိ တယ်ပေါ့နော်။


သစ်တောလုံးဝမရှိတဲ့နေရာမှာ ဒီ စီမံကိန်းကို ပေးတာဆိုလို့ရှိရင် နစ်နာမှုမရှိဘူး။ ဒါပေမဲ့ တကယ့်ကို သစ်တောကောင်းမွန်တဲ့ ဒေသမှာ ပေးတဲ့ဟာမျိုးကျတော့ ဒါက အားလုံးအပေါ်မှာ သက်ရောက်မှုရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုဆိုလို့ရှိရင် ရော်ဘာဈေးတွေကျနေတယ်။

ရော်ဘာဈေးတွေကျနေလို့ အခုလက်ရှိ စိုက်ထား ပြီးတဲ့ လူတွေတောင်မှ ရော်ဘာပင်ကို ထင်းအဖြစ် အသုံးပြုဖို့ ခုတ်နေတဲ့အခါမှာ သူကအခုမှ ရော်ဘာ စပြီးစိုက်ဖို့လုပ်နေတယ်ဆိုတာ လုံးဝလက်တွေ့ မကျဘူးပေါ့။ နှစ်အချက်က အခုဧကသုံးရာချထား ပေးထားသော်ငြားလည်း တကယ်တမ်း ခုတ်တော့ မယ်။ အလုပ်လုပ်မယ်ဆိုလို့ရှိရင် သုံးရာ ကျော်ပြီး တော့ လုပ်မယ်ဆိုလို့ရှိရင်လည်း ဘယ်သူက သွား ကြည့်နေမှာလဲပေါ့။


ဘာဖြစ်လို့လဲဆိုတော့ ခရီးသွားလာရေးအရ အရမ်းကို ခက်ခဲတယ်။ သွားဖို့က တစ်ရက်တည်း ခရီးနဲ့မရောက်ဘူး။ ပေးလိုက်တဲ့ဌာနကရော ဒီဟာ ကို တောက်လျှောက်စောင့်ကြည့်ဖို့ဆိုတာ မလွယ်ဘူး။ နေရာဒေသအရ အရမ်းဝေးလံခေါင်းပါး တယ်။ ဆိုတော့ ဧကသုံးရာပေးလိုက်သော်လည်း ဧကသုံးရာထက်ပိုပြီးတော့ ဒီသစ်ကို ခုတ်မယ်ဆို လည်း ဘယ်သူမှ ကြည့်ဖို့ မရှိဘူး။


ပြီးတော့ ဖြစ်လာရင်လည်း အရေးယူဆောင် ရွက်ဖို့ကိုလည်း အစိုးရဌာနဝန်ထမ်းတွေက လုံလောက် မှုမရှိဘူး။ ကျွန်မအဲဒါကို အဓိက ထောက်ပြချင်တယ်။


နောက်တစ်ချက်ကတော့ တနင်္သာရီမြစ်ရဲ့ မြစ်ဖျားပိုင်းမှာ ဌာနေတိုင်းရင်းသားတွေက သူတို့ရဲ့ ဘိုး၊ ဘွား စဉ်ဆက်အလိုက် သစ်တောတွေကို သူတို့ထိန်းထားပေးတဲ့အတွက်ပေါ့နော်။ အဲဒီဘက်မှာ ဆိုလို့ရှိရင် ရာသီဥတုမျှတသေးတယ်။ ပြီးတော့ ကမ်းပြိုတာတို့ မဖြစ်ဘူး။ ရေကြီး၊ ရေလျှံမှုတွေက ကျန်တဲ့ဒေသနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် မဖြစ်ဘူး။ ဒါတွေကို အရေးမကြီးဘူးလို့ထင်ပြီးတော့ ခွင့်ပြုပေးလိုက်မယ်ဆိုလို့ရှိရင် ကျွန်မတို့ ပြန်ပေးဆပ်ရတဲ့ အဖိုးအခတွေက အရမ်းများလိမ့်မယ်။ အခုသူ့ကို ရော်ဘာစိုက်ဖို့ ဧကသုံးရာပေးလိုက်လို့ရတဲ့ဝင်ငွေနဲ့ ကျွန်မတို့ ပြန်ပေးဆပ်ရမယ့် ရေလွှမ်းမိုးမှုတွေဖြစ် လာလို့၊ ကမ်းပါး ပြိုကျတာတို့ ဖြစ်လာရင် လူတွေ မှာ ထိခိုက်မယ့်ဟာက ဒီဟာကိုနှိုင်းယှဉ်ကြည့် မယ်ဆိုလို့ရှိရင် မရင်းနှီးသင့်တဲ့၊ ခွင့်ပြုချက်မပေး သင့်တဲ့ စီမံချက်အနေနဲ့ ကျွန်မကတော့ မြင်တယ်။


ဒီကိစ္စက ကျွန်မတို့ နားလည်ထားတာက တနင်္သာရီတိုင်းအစိုးရကလည်း ဒီဒေသက သစ် တောတွေကောင်းမွန်တဲ့အတွက်ကြောင့် မပေးသင့် ဘူးဆိုတဲ့ မှတ်ချက်ပြုထားပြီးသား။ကရင် အမျိုးသားစည်းရုံးကလည်း ဒီဟာကို သူတို့ လုံးဝ မထောက်ခံဘူးဆိုတဲ့စာ ရောက်ထားပြီးသား။


ရထားပြီးသား အပေါ်မှာမှ ပြည်ထောင်စု အစိုးရကနေပြီးတော့မှ ဒီလုပ်ငန်းက ပါမစ်ရထား ပြီးသားဖြစ်တဲ့အတွက် ဒါကိုဆက်လက်လုပ်ဆောင် ရမယ်ဆိုတဲ့ သဘေားထားမျိုးပါနေတယ်ပေါ့နော်။ သူအဓိက ထောက်ပြတာက ရွာသူ၊ ရွာသားရဲ့ လက်မှတ်ပေါ့နော် သဘောတူညီချက် လက်မှတ် တွေပါတယ်ဆိုပြီးတော့ သူတို့က အဓိက ထောက်ပြတယ်။ ဆိုတော့ဒီအပေါ်မှာ ကျွန်မ အနေနဲ့ လေ့လာသိရှိရတာက တော်တော်များများ လက်မှတ်ဆိုတာ တစ်ခါတလေကျရင် အပေါ်က လူကြီးတွေကတော့ လက်မှတ်အနေနဲ့ပဲမြင်တယ်။ ဒါပေမဲ့ မြေပြင်ပေါ်မှာ ဒီလက်မှတ်ရဖို့အတွက် ဘီယာတိုက်တာတို့၊ အရက်တိုက်တာတို့ ပြီးတော့ ရွာသားတွေကို သေသေချာချာမရှင်းပြဘဲ ထိုးခိုင်းတဲ့ဟာတွေ ရှိတယ်။ ဆိုတော့ ဒီသစ်ထုတ် လုပ်ငန်းမှာ အဓိက သဘောတူ ပြီးတော့ ထောက်ခံ တာကတော့ လူအနည်းစု လူငါးယောက်ပဲ ရှိတယ်။ လူငါးယောက်ဆိုတာကလည်း သူတို့တဲ့ အကျိုးတူ ဖြစ်တဲ့အတွက် သဘောတူထားတာ ဖြစ်တယ်။


တိုင်းနဲ့အစိုးရက ဒီ‌တိုင်းမှာ အနီးဆုံးရှိတဲ့ အတွက် သူ့ရဲ့ တိုင်းအခြေအနေကို သူက သိတယ်။ သစ်တောကောင်းမွန်တာဖြစ်တဲ့အတွက် မပေးသင့် ဘူးလို့ ပြောထားပြီးသား။ ဒီအပေါ်မှာ ပြည်ထောင်စု အစိုးရက တကယ်လို့ဒီအပေါ်မှာ လုပ်ခွင့်ရထား ပြီးသားဖြစ်တဲ့အတွက် ပေးကိုပေးလုပ်ရမယ်ဆိုတဲ့ ဟာမျိုးကတော့ လုံးဝလက်ခံ စရာမရှိဘူး။ ဘာဖြစ် လို့လဲဆိုတော့ ပြည်ထောင်စုအစိုးရသည် နေပြည် တော်မှာထိုင်တာ၊။ ကျွန်မတို့ရဲ့ ဒီဒေသကို သူ တစ်ခါမှ မရောက်ဖူးဘူး။ ဆိုတော့ အဝေးကလူက ကျွန်မတို့ရဲ့ဒေသမှာ လာပြီးတော့မှ လုပ်ခွင့်ပေးတဲ့ ဟာသည် လူမှုရေးတရားမျှတမှု မရှိဘူးလို့ ကျွန်မ အနေနဲ့မြင်တယ်။


ကျွန်မတို့ နောက်ထပ်သွားမယ့်ဖက်ဒရယ် မှာလည်း အခုကတည်းက စပြီးတော့ အလေ့အကျင့် ရှိဖို့လိုတယ်ပေါ့နော်။ မဟုတ်ဘူးဆိုလို့ရှိရင် ပြည် ထောင်စုအစိုးရက ငါက အာဏာပါဝါ ငါ့မှာ ပိုပြီး တော့ရှိတယ်ဆိုလို့ရှိရင်တော့ ဒါကျွန်မတို့သွားချင် တဲ့ ဖက်ဒရယ်ကတော့ ရောက်မှာမဟုတ်ဘူးပေါ့နော်။


အခုငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဖက်နဲ့ တစ်ဖက်က ညှိနှိုင်းရမယ်၊ အသိပေးရမယ်၊ တစ်ဦး ရဲ့ သဘောထားကို တစ်ဦးက အသိအမှတ်ပြုရမယ် ပေါ့။ ဆိုတော့ သဘောမတူပါဘူးလို့ KNU က တစ်ခါပြောထားပြီးသားဖြစ်တဲ့အတွက် တစ်ဦးနဲ့ တစ်ဦးကတော့ လေးစားလိုက်နာမှု ရှိရမယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကို ကျွန်မတို့မလိုက်နာ ဘဲနဲ့ သိရက်နဲ့မှ ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင် ဒီဟာက စပြီးတော့မှ အဖုအထစ်လေးတွေပေါ့နော်။ စပြီးတော့ ဖြစ်လာမယ်လို့တော့ ကျွန်မအနေနဲ့ မြင်တယ်ပေါ့။

ဒေါ်အေးမြသန္တာ (အကြီးတန်းသစ်တောအရာရှိ WWF-Myanmar)

ဒေါ်အေးမြသန္တာ (အကြီးတန်းသစ်တောအရာရှိ WWF-Myanmar)

ဒီဘန်းချောင်းက မြင်းမိုရ်လက်ခတ်မှာ ချောင်း ဖျားခံပြီးတော့ တနင်္သာရီမြစ်ထဲစီးတဲ့ ချောင်းအကြီး ကြီးတစ်ခုဖြစ်နေတယ်။ အဲဒါကြောင့် တနင်္သာရီ မြစ်ကြီး ရေရှည်တည်တံ့ဖို့ရာ ဘန်းချောင်းရဲ့ ရေဝေ၊ ရေလဲကို ထိန်းသိမ်းဖို့ လိုအပ်တယ်။


ဘန်းချောင်းရေဝေ၊ ရေလဲပျက်စီးသွားမယ်ဆို ရင် ရေတွေဟာဆိုရင် တနင်္သာရီမြစ်ထဲဝင်ဖို့က နည်းသွားနိုင်တယ်။ အဲဒါကြောင့် အဓိက အရေး ကြီးတာက တနင်္သာရီမြစ်မကြီးထဲဝင်နေတဲ့ ဘန်းချောင်းရဲ့ ရေဝေ၊ ရေလဲသစ်တောကို ထိန်းသိမ်း ဖို့ အဓိက လိုအပ်တယ်ပေါ့လေ။ အဲဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီဟာထိန်းသိမ်းထားရင် တော့ တနင်္သာရီမြစ်ကြီး ရေရှည်တည်တံ့ဖို့အတွက် အများကြီး အထောက်အကူပြုပါတယ်။


အဓိကကကျတော့ ဘာလဲဆိုရင် ရေဝေ၊ ရေလဲ၊ သူ့ဘာသာသူရှိနေတဲ့ သစ်တောက အကောင်းဆုံးပဲပေါ့။ သစ်တောမှာဆိုတာက သစ်ပင်မျိုးစိတ်တစ်ခုတည်း ရှိတာ မဟုတ်ဘူးလေ။ မျိုးစိတ်ပေါင်းများစွာ အများကြီးရှိနေတဲ့အခါကျတော့ အဲဒီဟာကို မျိုးစိတ်တစ်ခုနဲ့ အစားထိုး လိုက်တဲ့အခါကျတော့ တကယ်လို့ ရာသီဥတု ဖောက်ပြန်လာရင်ဖြစ်ဖြစ်၊ သဘာဝဘေး အန္တရာယ်ပဲ ဖြစ်လာဖြစ်လာ အဲဒီအခါကျရင် သစ်ပင်တစ်ခုတည်းရှိနေရင် သူ့ကို ရိုက်ခတ်တဲ့ဟာ ဆိုရင် ဒီသစ်ပင်တွေ အကုန်လုံးက ထိခိုက်သွား နိုင်တယ်။ တကယ်လို့ သစ်ပင်မျိုးစိတ် အများကြီးရှိခဲ့မယ်ဆိုရင် တစ်ခုခုအန္တရာယ် ကျရောက်လာခဲ့မယ်ဆိုရင် မျိုးစိတ်တစ်ခုကိုပဲ ထိပြီးတော့ တစ်ခြားမျိုးစိတ်ကို မထိဘူးဆိုတဲ့ အခါကျတော့ သစ်တောမှာ သစ်ပင် က ကျန်နေသေးတယ်။ တကယ်လို့ ဒီတောမှာ တစ်ခုတည်း စိုက်တာကတော့ တကယ်တမ်း ဘယ်အတွက်မှ သိပ်မကောင်းပါဘူး။


နောက်ပြီးတော့ သစ်ပင်က သဘာဝဘေး အန္တရာယ်ပဲဖြစ်လာဖြစ်လာ ဒီမျိုးစိတ်တစ်ခုတည်း ကိုပဲ ထိခိုက်တာဖြစ်နိုင်သလို နောက်တစ်ခါကျရင် လည်း ခုနက ပိုးတွေဘာတွေကျတယ်ဆိုပြီး ဖြစ်လာ ခဲ့တဲ့အခါကျရင်လည်း သစ်ပင်တစ်ပင်တည်းကိုပဲ ပိုးစားသွားတယ်ဆိုရင် သစ်တောတစ်ခုလုံးက သစ်ပင်တစ်မျိုးတည်းကို စိုက်ခဲ့မယ်ဆိုရင် နောက် ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိလာနိုင်တယ်။ တကယ်တမ်းတော့ တောဆိုတာ သဘာဝအတိုင်းပဲ သူ့ဘာသာသူ ရှိနေတာက ဂေဟစနစ်က ဟန်ချက် ညီစွာနဲ့ လည်ပတ်နိုင်မှာပေါ့။


သစ်တောက အဓိကက ကာဗွန်တွေကို သိုလှောင်ပေးထားတယ်။ ဘန်းချောင်းဒေသမှာ ဆိုရင် တောတွေက သူ့ဘာသာသူ ကောင်းနေသေးတယ်။


ဥပမာဆိုရင် မြင်းမိုရ်လက်ခတ်တောင်မှာ ဆိုရင် တောတွေက ကောင်းတဲ့နေရာဒေသတစ်ခု ဖြစ်တာကြောင့် ပြောမယ်ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံး အနေနဲ့ မဟုတ်သော်လည်း ဒီဒေသအတွက်ဆိုရင် Micro Climate ပေါ့နော်၊ ဒီဟာလေးကို သူ့ရဲ့ ဒေသက ရာသီဥတုထိန်းညှိပေးတယ်။ တကယ်လို့ ဒီတောကြီးကို တစ်ခုခုအနေနဲ့ ပြောင်းလိုက် မယ်ဆိုလို့ရှိရင် ဒီဟာရဲ့ရိုက်ခတ်မှုကလည်း ရှိလာ နိုင်တယ်။


ဒီဒေသခံတွေအနေနဲ့က ဘန်းချောင်းကို မှီခိုပြီးတော့ အသက်မွေးဝမ်းကျောင်းတွေ လုပ်နေ ကြရတယ်။ အဓိက သူတို့ရဲ့ စိုက်ပျိုးရေးဟာလည်း ဘန်းချောင်းအပေါ်မှာ မူတည်နေတယ်။ အဲခါကျ တော့ ဒီတောကြီးက သစ်တောပြုန်းသွားတာပဲ ဖြစ်ဖြစ်၊ တစ်ခုခုပြောင်းလိုက်တာပဲဖြစ်ဖြစ် ဆင်း လာမယ့်ရေတွေဟာလည်း နည်းသွားမယ်။ အဲခါ ကျတော့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း တွေအများကြီး ထိခိုက်လာနိုင်တယ်။
ရာသီဥတုထိန်းညှိမှုအပိုင်းမှာဆိုရင်လည်း ဒေသခံတွေက ကွမ်းသီးကို အဓိက အသက်မွေး ဝမ်းကျောင်းအနေနဲ့ လုပ်နေတဲ့အခါကျတော့ တကယ်လို့ ဒီမှာတောတွေ မရှိတော့ဘူးဆိုရင် ဒီရာသီဥတုထိန်းညှိမှုတွေကလည်း မရှိတော့ဘူး။ အပူရှိန်တွေ ပိုများလာတဲ့အခါကျရင် သူတို့ရဲ့ ကွမ်းသီးထွက်နှုန်းတွေ၊ ကွမ်းသီးမှမဟုတ်ဘူး တခြားဒေသထွက်တဲ့ ထွက်ကုန်တွေဟာ ထွက်နှုန်း တွေဟာ လျော့ကျလာနိုင်တယ်။


သစ်တောမှာဆိုရင်လည်း သစ်ပင်ပေါင်းမျိုး စိတ်များစွာ အဲဘက်မှာရှိတယ်။ အကောင်ပလောင် တွေများစွာ ဒီဒေသမှာ ရှိတယ်။ ကျွန်မတို့ မရောက်ဖူးတဲ့ဒေသတွေလည်း အများကြီးပဲရှိတဲ့ အခါကျတော့ တကယ်လို့ တောတောင်တွေကို ထိန်းသိမ်းထားခြင်းအားဖြင့် ဇီဝမျိုးစုံ၊ မျိုးကွဲတွေကို သူတို့ရဲ့ နေထိုင်ရာ၊ နေရင်းဒေသတွေ ရှိမှာပေါ့။ ဒါပေမဲ့ ဒီကောင်ကို တစ်ခုခုကို ပြောင်းလဲလိုက် မယ်ဆိုရင် ဒီတောကောင်တွေရဲ့ နေရင်းဒေသက ပျောက်သွားလိမ့်မယ်။

အဲခါကျရင် ခုနကပြော သလိုပဲ အကုန်လုံး ဂေဟစနစ်က တစ်ခုနဲ့တစ်ခုက ချိတ်ဆက်နေတာ။ ချိတ်ဆက်နေတာမို့လို့ ဒီကောင်တွေက သူတို့ရဲ့ နေရင်းဒေသ ပျောက်သွား မယ်ဆိုရင် တစ်ခြားနေရာတွေကို ကူးသွားနိုင်တယ်။ ရွာတွေဘက်ကို ဆင်းရင်လည်း ဆင်းလာနိုင်တယ်။ အဲခါကျရင် တိရစ္ဆာန်နဲ့လူ ပဋိပက္ခတွေလည်း မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူးပေါ့လေ။
အဓိကက ဘာလည်းဆိုတော့ သူတို့ရဲ့နေရင်း ဒေသကို အခြားတစ်ခုခုအနေနဲ့ ပြောင်းလိုက်မယ် ဆိုလို့ရှိရင်၊ ပျောက်သွားပြီဆိုရင် တစ်ခြားနေရာ ဒေသကို သူတို့ရွှေ့ပြောင်းလာတယ်။ ရွှေ့ပြောင်း လိုက်တဲ့ဟာက လူတွေနဲ့ နီးစပ်တဲ့နေရာရောက် လာရင် လူနဲ့တိရိစ္ဆာန် ပဋိပက္ခဖြစ်လာနိုင်တယ်။ ဒါမှမဟုတ်ဘူးဆိုလည်း တချို့ကျတော့လည်း မရွှေ့ပြောင်းနိုင်ဘူး။ အဲလိုဆိုရင် တစ်ခါတည်း မျိုးပျောက်သွားတဲ့ ဟာမျိုးတွေရှိနိုင်တယ်ပေါ့။


နောက်တစ်ခုက ဇီဝမျိုးစုံ၊ မျိုးကွဲကနေကြည့် မယ်ဆိုလို့ရှိရင်တော့ အပင်တစ်မျိုးတည်းရှိနေတာ ထက်စာရင် ခုနကလိုမျိုး သစ်ပင်မျိုးစုံရှိနေတယ် ဆိုရင် ဇီဝမျိုးစုံ၊ မျိုးကွဲက ပိုပြီးတော့ ပေါကြွယ်ဝ တယ်။ ဒါမျိုးကို သုတေသနလုပ်ထားတာတွေ အများကြီး ရှိပါတယ်။


နောက်တစ်ခုကကြတော့ တောင်သူတွေ အနေနဲ့ တစ်ခုတည်းကို စိုက်ထားတယ်ဆိုလို့ရှိရင် တစ်ခုတည်းက ဈေးကွက်ကျမယ်ဖြစ်ဖြစ်၊ သဘာဝ ဘေးကြောင့်ပဲဖြစ်ဖြစ်၊ တစ်ခုခုကြောင့် ထိခိုက်နစ် နာသွားမယ်ဆိုလို့ရှိရင် သူတို့ရဲ့ ဝင်ငွေက လုံးဝ ဆုံးရှုံးသွားမယ်။ ဒါပေမဲ့ ရောနှောပြီးတော့ သီနှံ သစ်တောရောနှောစိုက်ခင်း စိုက်ထားခဲ့မယ်ဆိုရင် တစ်ခုခုကနေ ထိခိုက်မယ်ဆိုရင် နောက်တစ်ခုကနေ ရနိုင်တယ်။


အခု ဘန်းချောင်းမှာဆိုရင် အဲဒီလိုပုံစံမျိုးပဲ ဒေသခံတွေက တစ်မျိုးတည်းစိုက်တာမဟုတ်ဘူး။ ကွမ်းသီး၊ ဒူးရင်း၊ သူတို့ရဲ့ ဥယျာဉ်ခြံကိုသွား ကြည့်လိုက်တယ်ဆိုရင် သစ်ပင်တွေ မျိုးစုံရှိတယ်။

ဒေါ်ခင်မျိုးမျိုး (WCS ထားဝယ်ရုံးခွဲ တာဝန်ခံ)

ဘန်းချောင်းဒေသက အရမ်းအရေးကြီးတယ်။


ဘာဖြစ်လို့လဲဆိုတော့ သူ့က အနောက်ဘက် က ထိုင်းနိုင်ငံအနောက်ဘက်ခြမ်းမှာရှိတဲ့ Western Forest Complex (ထိုင်းနိုင်ငံ အနောက်ဘက်သစ် တော့ ထိန်းသိမ်းရေးဒေသ)၊ Kaeng Krachan National Park (ကန်ကရာချန် အမျိုးသားဥယျာဉ်) အဲဒီကြားထဲမှာ ရှိနေတယ်။ ဘန်းချောင်းဟာလေ မြန်မာဘက်က မြင်းမိုရ်လက်ခတ်၊ ဟိုဘက်ကWestern Forest Complex၊ Kaeng Krachan National Park ရှိနေတာပေါ့။ အဲတော့ တိရစ္ဆာန် နေတဲ့ အဓိက ဇီဝမျိုးစုံမျိုးကွဲ မြန်မာနိုင်ငံရဲ့ တောင်ပိုင်းမှာ အရမ်းအပေါဆုံးက အဲဒီနေရာမှာပဲ ပေါတာ။ ကျန်တဲ့နေရာမှာ ရှိတော့ရှိတယ်။ ဒါပေမဲ့ သုတေသနပြုချက်အရပေါ့နော်၊ ထားဝယ်ခရိုင်မှာ တော့ အဲဒီနေရာမှာ အပေါဆုံး။ အဲဒါကြောင့် ဒီ သုတေသနတွေ့ရှိချက်အရ ဇီဝမျိုးစုံမျိုးကွဲလည်း အရမ်းပေါတယ်။ ပြီးရင် အရေးကြီးတဲ့ ဇီဝမျိုးစုံ၊ မျိုးကွဲတွေလည်း အဲဒီမှာရှိနေတယ်ပေါ့နော်။ အဲဒါ ကြောင့်မို့လို့ ဒီဧရိယာကတော့ ထိန်းသိမ်းသင့်တယ် ပေါ့နော်။ ထိန်းသိမ်းရေးနယ်မြေတစ်ခုလည်း လုပ်သင့်တယ်ပေါ့နော်။


ကရင်အမျိုးသားစည်ရုံး(KNU)ကလည်း သူတို့ရဲ့ ရိုးရာဓလေ့အရ ကာကွယ်ထားတာလည်း ရှိတယ်။ ပြီးလို့ရှိရင် သဘာဝတောရိုင်းတိရစ္ဆာန် တွေရဲ့ အကောင်းဆုံးနေရာပဲလေ။ ဘန်းချောင်း ဒေသက။WCS က ၂၀၁၄ ကတည်းက ကျေးရွာမှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ တွေ့ပြီးတော့မှ သူတို့ ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကျေးရွာသမိုင်းကြောင်းတွေ၊ သဘာဝသယံဇာတ စာရင်းတွေကို ပိုသေချာအောင် ပေါ့နော်၊ သုတေသနလုပ်ခဲ့တယ်။ မြေပြင်အခြေ အနေမှာလည်း ဒေသခံတိုင်းရင်းသားတွေရဲ့ မိရိုးဖလာ မြေအသုံးချမှုတွေကို သူတို့တွေ ဘယ်လို မျိုးစီမံထားသလဲပေါ့။ အဲဒါကိုကြည့်လိုက်တော့ အရမ်းထူးဆန်းတာက တစ်ခြားနေရာတွေမှာတော့ မတွေ့ဖူးဘူး။ အဲဒီနေရာမှာဆိုလို့ရှိရင် ကရင် တိုင်းရင်းသားတွေက သူတို့ရဲ့ မိရိုးဖလာအတိုင်း ရှိပြီးသားမြေတွေကို စနစ်တကျ သေသေချာချာကို လုပ်ထားကြတယ်။


အဲဒီမှာဆိုလို့ရှိရင် သဘာဝထိန်းတော၊ ပရဆေး တော၊ ချက်မြှုပ်တဲ့တော‌တွေ နောက်တစ်ခုက ငါးထိန်းသိမ်းတဲ့ ရေအိုင်တွေကို သူတို့လုပ်ထားတာ တွေရှိတယ်။


နောက်ပြီးတော့ တောရိုင်းတိရစ္ဆာန်တွေ ပေါများတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင် သူတို့ရဲ့ ဒေသ အသိပညာအရ သိနေတယ်။ ဘယ်နေရာတွေမှာ တိရစ္ဆာန်တွေ ပေါတယ်။ ထိန်းသိမ်းသင့်တယ် ဆိုတာကို သူတို့က စနစ်တကျ ဘယ်နေရာကို ဘယ်လို ထိန်းသိမ်းမယ်။ လူဦးရေတိုးလာရင် ဘယ်နေရာကို တိုးချဲ့မယ်ဆိုတာကို သူတို့မှာ ရှိတယ်။


၂၀၁၅ ကနေ ၂၀၁၈ အထိပေါ့နော်၊ ကင်မရာ ထောင်ချောက်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို စောင့် ကြည့်တဲ့ သုတေသနလုပ်ငန်းကို လုပ်ခဲ့တယ်။ အဲဒီမှာ အရမ်းကို အရေးကြီးတဲ့ မျိုးတုန်းဖို့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ်ငါးမျိုးကို တွေ့တယ်။ အဲဒါတွေက တောခွေး၊ အာရှဆင်၊ ကြံ့သူတော်၊ မျောက်လွှဲကျော်လက်ဖြူ၊ သင်းခွေချပ်အမျိုးအစား တွေ။ အဲဒါတွေက အရမ်းအရေးကြီးတဲ့ တိရစ္ဆာန် အမျိုးအစားတွေ ဖြစ်တယ်။ ပြီးတော့ ရှားလည်း ရှားပါးနေပြီပေါ့နော်။


နောက်တစ်ခုကတော့ မြေပြင်အနေအထား မှာလည်း ဘန်းချောင်းဒေသခံ တိုင်းရင်းသားတွေက သူတို့ရဲ့ သဘာဝသယံဇာတတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို ရှေးနှစ်ပေါင်းများစွကတည်းက သေချာလက်ဆင့်ကမ်းပြီး ထိန်းသိမ်းခဲ့တဲ့ နေရာ တွေဖြစ်တယ်။

သဘာဝသစ်တောတွေ၊ မျိုးတုန်းဖို့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေအရမ်းကို ရှင်သန်ဖို့ ကောင်းတဲ့နေရာ ဖြစ်တယ်။ အရမ်းကို ကောင်းမွန်တဲ့ ဂေဟစနစ်ကောင်းကောင်းကြီး ကျန်နေသေးတယ်ပေါ့။ ဒီဒေသက မြန်မာနိင်ငံအတွက် အရမ်းကိုအရေးပါ တဲ့ ဒေသတစ်ခုဖြစ်တယ်။ အစိုးရ ဝန်ထမ်းတွေ ကလည်း နယ်မြေအရ၊ သွားလာဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ဒေသခံတွေက သူတို့ရဲ့စနစ်တွေနဲ့ ထိန်းသိမ်း ထားတဲ့အတွက်ကြောင့် ဒါက ရေရှည်ဆက်ပြီး တော့မှ သူတို့ရဲ့စနစ်အတိုင်း ထိန်းသိမ်းသင့်တယ်။


ခုနကပြောသွားတဲ့ မြင်းမိုရ်လက်ခတ်ဒေသက ဘန်းချောင်းမှာပဲ ရှိတာလေ။ ဘန်းချောင်းက ဘာနဲ့သွားပြီးဆက်နေလဲဆိုတော့ ဟိုဘက်က ထိုင်းနိုင်ငံရဲ့ အနောက်ဘက်ခြမ်းမှာ ထိုင်းအစိုးရ ဘက်ကနေပြီးတော့ တည်ထောင်ထားတဲ့Western Forest Complex ပေါ့၊ အဲဒါနဲ့ ကန်ကရာချန်အမျိုးသားဥယျာဉ်ရှိတယ်။ အဲနှစ်ခုကို ဆက်စပ်ပေးနေ တာက မြင်းမိုရ်လက်ခတ်ပေါ့နော်။


တိရစ္ဆာန်တွေ အဓိက ကူးလူးသွားလာနေတာ က အဲဒီနေရာလေးမှာပဲ သွားကြတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီနေရာလေးက သစ်တောတွေကောင်း နေသေးတယ်။ တိရစ္ဆာန်တွေကလည်း အဲဒီနေရာက ပဲ ကူးလူးသွားလာနေကြတာ။


နောက်တစ်ခုက ဘာအရေးကြီးသလဲဆိုလို့ ရှိရင် တနင်္သာရီမြစ်ကြီးကမှ စပြီးဖြစ်ပေါ်တဲ့ ရေဝေရေလဲဒေသဖြစ်တယ်။


ရေဝေဧရိယာဖြစ်တာက အရမ်းကို အရေးကြီး တယ်။ ဒီတနင်္သာရီမြစ်ကြီး ဆက်ပြီးရှိနေဖို့အတွက် က ဒီဘန်းချောင်းဒေသမှာ သစ်တောတွေ ထိန်းဖို့ လိုတယ်ပေါ့နော်။ ဒီသစ်တောတွေထိန်းနိုင်မှသာ လျှင် ဒီရေဝေဧရိယာက ဆက်ပြီးတော့မှ ရှိနေမယ်။ အဲလို ရေဝေဧရိယာရှိနေလို့ရှိရင် တနင်္သာရီ မြစ်ကြီးက ဆက်လက်တည်တံ့နေမှာပေါ့နော်။ အဲတော့ ဘန်းချောင်းဒေသဟာ တနင်္သာရီတိုင်း ထဲမှာ မုတ်သုံသစ်တောလို့ခေါ်တဲ့ တောတွေ အရမ်းကိုတောကောင်းနေတဲ့ အခြေအနေရှိတာ ကြောင့်မို့လို့ ဒါက သဘာဝအတိုင်း ဆက်ပြီးတော့ ထိန်းသိမ်းသင့်တယ်ပေါ့နော်။ တောကြီးရှိနေမှ လည်း တနင်္သာရီမြစ်ကြီးက ဆက်လက်တည်တံ့ နေမှာ။


တိရစ္ဆာန်တွေအတွက်ကို ကြည့်ပြီးတော့ အဲဒီ ရှုထောင့်ကနေ ကြည့်ပြီးတော့ပြောမယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှတော့ မဟုတ်ဘူး။ တိရစ္ဆာန်တွေ အတွက် မူရင်းဒေသလေးပျောက်ပျက်သွားမယ်ပေါ့ နော်။


ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများက ရော်ဘာတောမှာဆိုလို့ရှိရင်လည်းပဲ သားငှက် တိရစ္ဆာန်တွေက သူတို့ရဲ့နေရာ မဟုတ်ဘူးပေါ့နော်။ ရော်ဘာ အမျိုးအစားတွေက အဲဘက်က အရင် တုန်းက မရှိခဲ့ဘူး။ မရှိခဲ့တော့ သဘာဝတောမှာပဲ သူတို့ နှစ်သက်တဲ့ သီးပင်စားပင်တွေ စားတဲ့ဟာ ရှိတယ်လေ။ ဥပမာ ကျားက တောဝက်တို့၊ ဂျီတို့ကိုစားတယ်။ အဲလို ဂျီတွေ၊ တောဝက်တွေ ရှင်သန်ဖို့အတွက်က သူတို့ နှစ်သက်တဲ့ အစားအစာ တွေ ရှိဖို့လိုအပ်တယ်။ ဂျီတို့၊ ဆတ်တို့က အသီးတွေ ကို စားတယ်။ အဲဒီ အသီးတွေကလည်းပဲ သဘာဝ တောကနေထွက်တဲ့ အသီးတွေသူတို့က စားတဲ့ အတွက်ကြောင့်မို့လို့ သဘာဝတောအတိုင်းလေးပဲ ဆက်ရှိနေရင်တော့ ပိုပြီးတော့မှ ကောင်းမှာ ပေါ့နော်။