ဆိုက်ကားဆရာ၊ အငှားယာဉ်မောင်းနှင့် ခေါင်းရွက်ဗျပ်ထိုးဈေးသည်ပါ တက်နိုင်သည့် သင်တန်း

0
377

ယခုလကုန်ပိုင်းတွင် ဖွင့်လှစ်မည့် ခရီးသွားလုပ်ငန်းအခြေခံသင်တန်းသို့ ဆိုက်ကားဆရာ၊ အငှားယာဉ်မောင်း၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များပါ တက်ရောက်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ဟိုတယ်/ခရီး) ထံမှ သိရသည်။

ထို့အပြင် မြင်းလှည်းမောင်းသူ၊ စက်လှေမောင်းသူ၊ လက်မှုပညာသည် အစရှိသည့် ခရီးသွားလုပ်ငန်းများတွင် ဆက်စပ်ပါဝင်လုပ်ကိုင်နေသည့် အခြေခံ လူတန်းစားများလည်း လျှောက်ထား နိုင်မည်ဖြစ်သည်။

PPP ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး ပယ်ဖျက်ခံရ

လက်ရှိဖွင့်လှစ်မည့်သင်တန်းကို သြဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ရှစ်ရက်ကြာဖွင့်လှစ်မည် ဖြစ်သည်။

သင်တန်းသည် ကိုဗစ်ကပ်ဘေးကြောင့် ကျဆင်းနေသည့် ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဟိုတယ်/ ခရီး ရုံးထံမှ သိရသည်။

“ပညာအရည်အချင်းကတော့ ကန့်သတ်ထားတာ ထူးထူးခြားခြားတော့ မရှိဘူး။ ဒါပေမဲ့လည်း အတန်းပညာ အရည်အချင်း ရှိရင်တော့ ပိုကောင်း တာပေါ့” ဟု ဟိုတယ်/ခရီးဌာန တိုင်း ဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောသည်။

သင်တန်းကြေးကို ဌာနက ကျခံ ပေးမည့်အပြင် သင်တန်းသားတစ်ဦးကို တစ်ရက်လျှင် ၄၈၀ဝ ကျပ်နှုန်း ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဟိုတယ်/ခရီးဌာနအနေနှင့် ယင်းသင်တန်းကို လေးကြိမ်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား နှစ်ဆယ်ဦးအထိ လက်ခံမည် ဖြစ်သည်။ ပထမအကြိမ် သင်တန်းကိုမူ ယခုလအစောပိုင်းက ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။