ကိုဗစ်ကာလမှာ ကလေးများကို စောင့်ရှောက်တဲ့အခါ

0
495

ကိုဗစ် ၁၉ ရောဂါကူးစက်ပျံ့ပွားမှုကာလအတွင်း ကလေးမိဘတွေအနေနဲ့ ဖြစ်စေ၊ ကလေးများကို စောင့်ရှောက်သူတွေ အနေနဲ့ ဖြစ်စေ အထူးသတိပြုရမယ့်အချက်တွေ ရှိပါတယ်။

၁။ ကလေးတွေရဲ့စိတ်ဖိစီးမှု၊ ဝမ်းနည်းခြင်း ကြောက်ရွံ့ခြင်းကို အပေါင်းလက္ခဏာဆောင်တဲ့ (ကောင်းမွန်သော) နည်းလမ်းတွေနဲ့ ဖော်ပြနိုင်ဖို့ ကူညီပေးပါ။ ကလေးတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ ဖော်ပြနိုင်ကြပါတယ်။ တစ်ခါတလေ သူတို့ သဘောကျတဲ့ ကစားနည်းတွေ ကစားရင်းဖြစ်စေ၊ ပုံဆွဲရင်းဖြစ်စေ ကလေးတွေရဲ့ အတွေးနဲ့ ခံစားချက်ကို ဖော်ပြနိုင်ဖို့ စီစဉ်ပေးသင့်ပါတယ်။ ကလေးတွေက လုံခြုံပြီးကူညီဖေးမမှုရှိတဲ့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ စိတ်ဖိစီးမှုနဲ့ ခံစားချက်ကို ဖော်ပြလိုက်တဲ့အတွက် သူတို့ရဲ့ စိတ်သောကတွေ လျော့ပါးသွား စေနိုင်ပါတယ်။

၂။ ကလေးတွေအတွက် စိတ်ချရတယ်လို့ ယူဆရင် သူတို့ကို မိဘဆွေမျိုးတွေနဲ့ နီးနီးကပ်ကပ် နေထိုင်နိုင်ဖို့ စီစဉ်ပါ။ သူတို့ကို အနီးကပ် စောင့်ရှောက်သူတွေနဲ့ တတ်နိုင်သမျှ ခွဲမထားဖို့ လိုအပ်ပါတယ်။

ခွဲထားဖို့ လိုအပ်တဲ့အခြေအနေမျိုးမှာလည်း သင့်တော်တဲ့ စောင့်ရှောက်သူ (ဥပမာ လူမှုဆက်ဆံရေး လုပ်သားများ)ကို စီစဉ်ပေးဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီအတိုင်း ပုံအပ်ထားတာမျိုးမဟုတ်ဘဲ ပုံမှန် ကြည့်ရှုနေဖို့ လိုပါတယ်။ မိဘဆွေမျိုးတွေနဲ့ ခွဲနေရရင်လည်း ပုံမှန် ဆက်သွယ်နေဖို့ အရေးကြီးပါတယ်။ တစ်နေ့ နှစ်ခါ ဖုန်းနဲ့ ဖြစ်စေ၊ အင်တာနက်ကဖြစ်စေ ကလေးတွေရဲ့ အသက်အပိုင်းခြားအလိုက် သင့်တော်တဲ့နည်းလမ်းနဲ့ ဆက်သွယ်နေသင့်ပါတယ်။

၃။ ကလေးတွေကို အိမ်ထဲမှာ နေခိုင်းရမယ်ဆိုရင်လည်း နေ့စဉ်လုပ်ဆောင်နေကျ လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ စီစဉ်လုပ်ဆောင်ပေးသင့်ပါတယ်။ ကလေးတွေ ကစားနေကျအတိုင်း ဆက်ကစားခိုင်းပါ။ ပြောဆိုဆက်သွယ်နေကျသူများနဲ့ ဆက်သွယ်ပါ။ အပြင်လူများနှင့် မဆက်သွယ် နိုင်ရင်တောင်မှ မိသားစုအတွင်း ကလေးအတွက် အချိန်ပေးပြီး ပြောဆိုဆက်သွယ်နေဖို့ အရေးကြီးပါတယ်။

၄။ ခက်ခဲတဲ့ကာလအတွင်းမှာ ကလေးတွေဟာ မိဘတွေအပေါ် ပိုမိုတွယ်ကပ်တာ၊ တောင်းဆို မှုတွေ ပိုများလာတာတွေ ဖြစ်လေ့ရှိပါတယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီးဆွေးနွေးတဲ့အခါ ကလေးများရဲ့ အသက်အရွယ်အပေါ် မူတည်ပြီး ပြောဆို ဆွေးနွေးသင့်ပါတယ်။ သတင်းအချက်အလက် လည်း ပေးသင့်ပါတယ်။ ကလေးတွေက သိချင်လို့ မေးရင် ပြောပြလိုက်တာက သူတို့ရဲ့ ပူပင်မှုကို သက်သာစေပါတယ်။ အခက်အခဲကာလမှာ လူကြီးတွေ သူတို့ခံစားချက်ကို ဘယ်လို ဘယ်လိုတုံ့ပြန် သလဲဆိုတာကြည့်ပြီး ကလေးတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှာကြပါတယ်။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန