မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင်

0
708

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင်သည်ဟု မွန်အမျိုးသားပညာရေးကော်မတီ (Mon National Education Committee-MNEC) ထံမှ သိရသည်။

မွန်အမျိုးသားပညာရေးဌာန အောက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစား အထက်တန်းကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်္ကပါကျောင်း၊ ရေးမြို့နယ် အံဒင်အထက်တန်းကျောင်းဟူ၍ အထက်တန်းကျောင်း သုံးကျောင်း ရှိသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်များပြာ

အဆိုပါ အထက်တန်းကျောင်း သုံးကျောင်းတို့မှ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် ကျောင်းသူ ကျောင်သား ၁၄၄ ဦး တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးသာ အောင်ခဲ့သည်ဟု မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရသည်။ ရာခိုင်နှုန်းအားဖြင့် ၈ ရာခိုင်နှုန်းကျော်သာ ဖြစ်သည်။

မွန်အမျိုးသားကျောင်း၏ တက္ကသိုလ်ဝင်တန်းအောင်ချက်သည် နှစ်စဉ်ကျဆင်း လာနေသည်ဟု မွန်အမျိုးသားပညာရေး ကော်မတီတာဝန်ခံ ဆရာမင်းအောင်ဇေ က ပြောသည်။

“အောင်ချက်က နှစ်နှစ် သုံးနှစ်ရှိပြီ ကျလာနေတာ။ ဘာကြောင့်ကျလာလဲ ပြန်ကြည့်လိုက်တဲ့အခါမှာ ကျောင်းအုပ်ချုပ်ရေးအပိုင်း အားနည်းချက်တွေ ရှိနေတယ်။ နောက် ဆရာ ဆရာမတွေ အတွေ့အကြုံ မရှိကြဘူး။ တချို့ဆို ကျောင်း မပြီးသေးဘူး။ စာအုပ်ကြည့်ပြီး သင်တယ်။ ဒါတောင် တက္ကသိုလ်က ဝါရင့်ဆရာတွေ ခေါ်ပြီးတော့ သင်တန်းပေးခဲ့တာ ရှိတယ်။ နောက်တစ်ခုက ကျောင်းသားတွေ အခြေခံ မခိုင်ခဲ့တာလည်း ပါတယ်” ဟု ဆရာမင်းအောင်ဇေက ပြောသည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

မွန်အမျိုးသားပညာရေးဌာနအနေနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက် ပြန်လည်မြင့်မားလာစေရန်အတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စပြီး အောင်ချက်မြင့်မားရေးစီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန် လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

မွန်အမျိုးသားပညာရေးဌာနမှ ကျောင်းသူ ကျောင်းသားများသည် အစိုးရ တက္ကသိုလ်ဝင်စာမေးပွဲကို မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲခဲ့သည့် နောက်ပိုင်း ၁၉၉၆ ခုနှစ်မှ စတင်ဝင် ရောက်ဖြေဆိုခွင့် ရရှိလာခဲ့သည်။

မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများသည် မိခင်ဘာသာစကားအခြေပြု သင်ကြားနေသည့် ကျောင်းများဖြစ်ပြီး အထက်တန်းကျောင်း သုံးကျောင်းအပါအဝင် ကျောင်းပေါင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသား ၁၀ဝ၀ဝ ကျော်ရှိသည့်အပြင် အစိုးရကျောင်းများနှင့် တွဲဖက်သင်ကြားနေသည့် မွန်စာပေသင်ကျောင်း ၉၂ ကျောင်းနှင့် ကျောင်းသားဦးရေ ၁၄၀ဝ၀ ကျော်လည်း ရှိသေးကာ ဆရာ ဆရာမ ၇၈၀ ခန့်တို့ဖြင့် ပညာသင်ကြားလျက်ရှိသည်ဟု မွန်အမျိုးသားပညာရေး ကော်မတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် ပါတီတပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဒေသများ အပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့ကရိတ်မြို့နယ်တို့တွင် မွန်စာကို မွန်အမျိုးသားကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သည့် ကျောင်းများတွင် သင်ကြားလျက်ရှိသည်။