ဓားသွေးကျောက် နှစ်လောင်းပြိုင်လူသတ်မှု ငွေကျပ်ခြောက်သိန်းပေးပြီး စေခိုင်းခြင်းဟု ထွက်ဆို

0
1893

ဖမ်းဆီးစစ်ဆေးချက်များအရ ငွေကျပ်ခြောက်သိန်းသာ ပေးကာ လူနှစ်ယောက်ကို သေနတ်ဖြင့် ပစ်သတ်ပေးရန် ခိုင်းစေခဲ့ကြောင်း ပေါ်ပေါက်လာသည်။

ထားဝယ်မြို့နှင့် ဆယ်မိုင်ကျော်သာ ဝေးကွာသည့် ဓားသွေးကျောက်ကျေးရွာရှိ နေအိမ်၌ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်စောစောတွင် သားအဖနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။ အသက် ၇၈ နှစ်အရွယ်နှင့် ၃၈ နှစ်အရွယ် သားအဖနှစ်ဦးကို အနီးကပ်ပစ်ခတ်သွားခြင်း ဖြစ်သည်။

ဖုန်းအပေါင်ထားပြီး ငွေချေးနိုင်

အခင်းဖြစ်ပွားသည့်နေအိမ်တွင် သေဆုံးသူနှစ်ဦးအပါအဝင် မိသားစုဝင် ကိုးဦးနေထိုင်ကြသည်။ အခင်းဖြစ်ညက မိသားစုဝင်များ အိပ်ပျော်နေစဉ် ဆိုင်ကယ်အသံကြားသည့်အတွက် သေဆုံးသွားသည့် အသက် ၃၈ နှစ်အရွယ်အမျိုးသားက အိမ်အောက်သို့ ဆင်းကြည့်ခဲ့သည်။

ထိုသို့ဆင်းကြည့်စဉ် သေနတ်ပစ်သံ ရှစ်ချက်ခန့်ကြားလိုက်ရပြီး ထိုအမျိုးသားမှာ သေနတ်ထိမှန်သွားကာ ဇနီးဖြစ်သူကို ပြေးရန် အော်ပြောခဲ့သည်။ ဇနီးဖြစ်သူနှင့်အတူ ကလေးအငယ်ဆုံး တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထွက်ပြေးကြပြီး အသက် ၇၈ နှစ်အရွယ် အမျိုးသားက မပြေးနိုင်သဖြင့် အခြားကလေး တစ်ဦးနှင့်အတူ နေအိမ်တွင်ကျန်ရစ် ခဲ့သည်။

ဆိုင်ကယ်မောင်းထွက်သွားသည့် အသံကြားသဖြင့် ဇနီးဖြစ်သူက နေအိမ်သို့ ပြန်လာချိန်တွင် ခင်ပွန်းဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

လွှတ်တော်သို့ ရောက်ရှိသွားသည့် ရေကြည်ငါးဖမ်းမှု

ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ် ဆေးချက်များအရ သံသယရှိသူ လေးဦးကို ဇူလိုင်လလယ်ပိုင်းက ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးထားသူ လေးဦးကို စစ်ဆေးမေးမြန်းရာ အသတ်ခံရသည့် အသက် ၇၈ နှစ်အရွယ် အမျိုးသားက အောက်လမ်းပညာဖြင့် ပြုစားကာ လူတစ်ဦးသေဆုံးပြီး နောက်ထပ်တစ်ဦးမှာ ဗိုက်ပူရောဂါဖြစ်ခဲ့ ရသည့်အတွက် သတ်ဖြတ်ရန် ခိုင်းစေခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း ဒုတိုင်းရဲ တပ်ဖွဲ့မှူးက ရှင်းပြသည်။

အဆိုပါ အမျိုးသားကို သတ်ပေးရန် ပလောက်မြို့၊ ဆင်ထိုးငယ်ကျေးရွာနေ အသက် ၂၀ နှစ်အရွယ်နှင့် ၁၈ နှစ်အရွယ် အမျိုးသားတို့ကို ငွေကျပ်ခြောက်သိန်း ပေးကာ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်ဟု ဆိုသည်။

ရဲ၏ စစ်ဆေးမေးမြန်းချက်များအရ ငွေကျပ်ခြောက်သိန်းဖြင့် လူသတ်ရန် အလုပ်လက်ခံခဲ့သည့် အမျိုးသားနှစ်ဦးသည် အခင်းဖြစ်ပွားရာ ဓားသွေးကျောက် ကျေးရွာသို့ ဆိုင်ကယ်ဖြင့် လာရောက်ခဲ့ ကြသည်။

ထို့နောက် စေခိုင်းသူများ အပါအဝင် လူလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် အခင်းဖြစ်နေအိမ်သို့သွားပြီး တစ်ယောက်က M-16 သေနတ်ဖြင့် ကိုယ်တိုင်ပစ်သတ်ခဲ့သည်။ ပစ်ခတ်သူမှာ ဆင်ထိုးငယ်ကျေးရွာနေ အသက် ၂၀ နှစ်အရွယ် အမျိုးသားဖြစ်သည်။

“ဒီနှစ်ယောက်က အခကြေးငွေ လက်ခံရယူပြီးတော့ ဒီလူသတ်မှုကို ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦးအား ဇူလိုင်လ ၂၉ ရက်ညက ဖမ်းမိခဲ့သည်။ ၎င်းတို့နှစ်ဦးအပါအဝင် စေခိုင်းသူများကို ထားဝယ်မြို့မရဲစခန်းတွင် သက်ဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားသည်။