ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
940

၁၇-၈-၂၀၂၀ မှ ၂၃-၈-၂၀၂၀ ထိ

တနင်္ဂနွေ
အိုးအိမ် ပြုပြင်ခြင်း၊ လုပ်ငန်းများစတင်ရန် အကောင်းဆုံး ဖြစ်သည်။ တီဗွီကက်ဆက်စသော စက်ပစ္စည်းများ ဝင်မည်။ လူကြီးများ ချီးမြှင့်မြှောက်စားမှု ခံရမည်။ လူငယ်များ ပညာရေး ကိစ္စများ အဆင်ပြေမည်။ မြေကိစ္စ၊ အမွေကိစ္စ စကားပြောရတတ်သည်။ ကျန်းမာရေးစိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ကြည်နူးလိုက်လွမ်းလိုက် ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ ရွှေအိုရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အနက်ရောင်
မစားသင့်သော အစားအစာ ။ ။ ဘဲသား၊ ဝက်သား
ယတြာ ။ ။ ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
လုပ်ငန်းများ အောင်မြင်အဆင်ပြေမည့်ကာလ ဖြစ်သည်။ သင်တန်းတက်၊ စာမေးပွဲကိစ္စများ အဆင်ပြေမည်။ တီဗွီ၊ ရေခဲသေတ္တာစသော ပစ္စည်းများ ဝင်မည်။ မိတ်ဆွေများ ကူညီမစမှု ခံရမည်။ ခရီးတစ်ခု သွားရတတ်သည်။ စက်ပစ္စည်းများ ဒုက္ခများပေးတတ်သည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် မဝေးရတော့ပါ။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ လိမ္မော်ရောင်
မစားသင့်သော အစားအစာ ။ ။ ရွှေဖရုံသီး၊ ဝက်သား
ယတြာ ။ ။ သီလရှင်တို့ကို ငွေလှူဒါန်းပါ။

အင်္ဂါ
ခရီးတစ်ခု သွားရမည်။ ယာဉ် ဝင်မည်။ ငွေကြေးများစွာရမည့်ကာလ ဖြစ်သည်။ သားသမီး ရတနာ ရတတ်သည်။ မတော်တဆထိခိုက်မှု ဖြစ်တတ်သည်။ ပညာရေးကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ဇီးရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ ။ ။ ဇီးသီး၊ သင်္ဘောသီးသုပ်
ယတြာ ။ ။ နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
နိုင်ငံရပ်ခြားနှင့် ဆက်စပ်သော ကိစ္စများ အဆင်ပြေမည်။ မိမိလုပ်ငန်းနှင့်ပတ်သက်၍ အကြံအစည် တစ်ခုပြုရန်ရှိလျှင် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပါ။ ငွေကြေးများစွာ ဝင်မည်။ မြေ ရောင်းထွက်မည်။ လူလိမ် ခံရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မလွဲချော်ရတော့ပါ။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ ခဲပုပ်ရောင်
မစားသင့်သော အစားအစာ ။ ။ ကောက်ညှင်း၊ အသုပ်အနယ်များ
ယတြာ ။ ။ ပန်းတိမ်ငိုပန်း ဘုရားပန်းကပ်လှူပါ။

ကြာသပတေး
မြေ ဝင်မည်။ ဥစ္စာစည်းစိမ် တိုးပွားမည်။ မိတ်ဆွေများ ကူညီမစမှုခံရမည်။ ယခုလအတွင်း ယာဉ် မဝယ်သင့်ပါ။ သင်တန်းတက် ပညာသင်ကိစ္စများ အဆင်ပြေမည်။ ခါး နာတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်နီးလျက် ဝေးနေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ ။ ။ လက်ဖက်၊ ဒူးရင်သီး
ယတြာ ။ ။ သစ္စာပန်းကို မွေးနေ့၌ ဘုရားပန်းအဖြစ် ကပ်လှူပါ။

သောကြာ
ထီ ကံစမ်းပါ။ ငွေကြေးများစွာ ဝင်မည်။ ယခုလ၌ တယ်လီဖုန်း မဝယ်သင့်ပါ။ သားသမီး ရတနာများ ရရှိတတ်သည်။ စာမေးပွဲ၊ သင်တန်း၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ မတော်တဆထိခိုက်မှု ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရ၍ ပျော်ရမည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ ကာကီရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
မစားသင့်သော အစားအစာ ။ ။ ဒူးရင်းသီး၊ အမဲသား
ယတြာ ။ ။ စံပယ်ပန်းဘုရားပန်းကပ်လှူပါ။

စနေ
ဆွေမျိုးသားချင်းများ ကူညီမစမှု ခံရမည်။ စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ ငွေကြေး များစွာဝင်မည်။ ခရီးသွားရမည့်ကာလ ဖြစ်သည်။ ရွှေထည်ပစ္စည်းများ ပျောက်ရှတတ်သည်။ ဒူးနာခါးနာ ဖြစ်တတ်သည်။ လူငယ်များ သင်တန်းတက်၊ ပညာသင်ကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် အိပ်မက်များ အကောင်အထည်ဖော်နိုင်မည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ဇီးရောင်
မစားသင့်သော အစားအစာ ။ ။ ဆီကြော်မုန့်များ၊ ကောက်ညှင်း
ယတြာ ။ ။ နှင်းဆီအဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ