ရေကြီးနစ်မြုပ်လယ်များ မျိုးနှင့် နည်းပညာ အကူအညီတောင်းခံနိုင်

0
476

တနင်္သာရီတိုင်းတွင် ရေကြီးနစ်မြုပ်သည့် လယ်များအနေနှင့် ရက် ၉၀ သက်တမ်းတိုမျိုးစပါးနှင့် နည်းပညာ လိုအပ်ပါက ဆက်သွယ်အကူအညီရယူနိုင်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန၊ မျိုးစေ့ဌာနခွဲထံက နှိုးဆော် အသိပေးထားသည်။

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိ

ရေကြီးနစ်မြုပ်ချိန်၍ စပါးခင်း များပျက်ဆီးခြင်း၊ ရေကြီးနစ်မြုပ်ခံရသည့် စပါးပင်များ ပိုးမွှားကျရောက်ခြင်း၊ မျိုးစပါးလိုအပ်ခြင်းနှင့် နည်းပညာ လိုအပ်ပါက တိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်စန်းစန်းမြိုင်၊ ဖုန်း ဝ၉၄၂၈၁၁၈၁၅၃ နှင့် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုး၊ ဖုန်း ဝ၉၄၂၂၂၁၁၇၃၄ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု နှိုးဆော်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ရာသီဥတုပြောင်းလဲလာမှုကြောင့် တောင်သူများအနေဖြင့် ရာသီဥတုနှင့် ကိုက်ညီသည့် သက်တမ်းတို မျိုးစပါးများကို ပြောင်းလဲစိုက်ပျိုးသင့်သည်ဟု တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခန့်က ပြောသည်။

ကွမ်းသမားနှင့် ကိုဗစ်

ရက် ၉၀ မျိုးစပါးကို စိုက်ပျိုးပါက ပျိုးသက် ၁၅ ရက်သာကြာမည်ဖြစ်ပြီး နိုဝင်ဘာလလယ်တွင် စပါးရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း နှိုးဆော်စာတွင် ဖော်ပြထားသည်။ ယင်းအပြင် စပါးရိတ်သိမ်းပြီးပါက ဆောင်းသီးနှံ၊ နှမ်း၊ ပြောင်းချို၊ ဟင်းသီးဟင်းရွက်များကို သီးထပ်စိုက်ပျိုးလာနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

မိုးမြင့်