မိုးသည်း ရေလွှမ်းမိုးရင် ဘာတွေသတိထားရမှာလဲ

0
707

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ မြေပြိုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှု အန္တရာယ်၊ ထိခိုက်မှုအန္တရာယ်၊ မြွေကိုက်မှုအန္တရာယ်၊ အအေးမိ၍ ဖျားနာတာ၊ အဆုတ်ရောင်တာ၊ ကူးစက်ရောဂါများဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အစာအဆိပ်သင့် ရောဂါနှင့် အခြားကျန်းမာရေးပြဿနာ များ ဖြစ်ပွားတတ်ပါတယ်။

ဒါကြောင့် . . .
၁ ) သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကနေ ထုတ်ပြန်တဲ့ လိုက်နာဆောင်ရွက်ရမယ့် သတိပေးချက်တွေကို တိကျစွာ လိုက်နာ ဆောင်ရွက်ပါ။

၂) ရေလွှမ်းမိုးနေချိန်မှာ သက်ဆိုင်ရာမှ ညွှန်ကြားချက်ရမှသာ ယာယီနာခိုနေသော အဆောက်အဦ၊ အမိုးအကာများ အောက်မှ ထွက်ခွာပါ။ ချိုင့်ခွက်နှင့် မြောင်းများအတွင်းသို့ ချော်ကျ၍ ရေနစ်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် သတိပြု၍ သွားလာပါ။

၃) လျှပ်စစ်ဓာတ်လိုက်မှု အန္တရာယ်ရှိ၍ သတိပြုသွားလာပါ။

၄) မြွေအန္တရာယ် ကြုံတွေ့ရတတ်သဖြင့် သတိပြုပါ။

၅) ထိခိုက်ဒဏ်ရာရရှိပါက ဆေးရုံများနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောင့်မှု ဆေးခန်းများမှာ ချက်ချင်းပြသ ၍ ဆေးကုသမှုခံယူပါ။

၆) ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနိုင်တဲ့အတွက် ကျိုချက်ထားသောရေ (သို့မဟုတ်) ကလိုရင်းဆေးခတ်ထားသော ရေကိုသာ သောက်ပါ။ မြစ်ရေ၊ ချောင်းရေနှင့် မသန့်ရှင်းသောရေများကို မသောက်ပါနှင့်။

၇) အစာအဆိပ်သင့်မှု မဖြစ်စေရန် ရေမျော အစားအစာများနှင့် စည်သွပ်ဘူးများ၊ အခြားအမျိုးအမည်မသိ အစားအစာများ မစားသောက်ပါနှင့်။ (အစားအစာများကို မစားသောက်မီ စစ်ဆေးပါ။)

၈) ရက်လွန်အစားအစာများနှင့် လတ်ဆတ်မှုမရှိသော အစားအစာ၊ သိုးနေသောအစားအစာများနှင့် သန့်ရှင်းမှု မရှိသော အစားအစာများကို မစားပါနှင့်။ အမှည့်လွန်အသီးများ မစားပါနှင့်။

၉) သောက်သုံးရေအရင်းအမြစ်များနှင့် ရေတွင်းရေကန်များအနီး အညစ်အကြေးများ မစွန့်ပါနှင့်။

၁၀) အအေးမမိစေရန် အမိုးအကာအောက်မှာ နေပါ။ နွေးထွေးသော အဝတ်အထည်များ ဝတ်ဆင်ထားပါ။ (ကလေး သူငယ်များကို အထူးဂရုစိုက်ပါ။)

၁၁) တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ပါ။

၁၂) နာမကျန်းဖြစ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနမှာ ချက်ချင်းပြသ၍ ဆေးကုသမှုခံယူပါ။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန