တနင်္သာရီ ဘိန်းစာခင်းများ ရေတိုကာလအတွင်း မနှိမ်နှင်းနိုင်ဟု KNUပြော

0
575

တနင်္သာရီမြို့နယ်၊ သကျက်ကျေး ရွာအုပ်စု၊ ဘန်ကြုတ်ဒေသရှိ ဘိန်းစာခင်းများအား ရေတိုကာလအတွင်း နှိမ်နှင်းနိုင်မည်မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)က ပြောကြား လိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဘန်ကြုတ်ဒေသတွင်းရှိ ဘိန်းစာပင်များအား လူအင်အား ငါးရာခန့်ဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့ပြီးနောက် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ဖဒိုစောဝဏ်ဝါးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

ဘန်ကြုတ်ဒေသ တောတောင်အတွင်းရှိ ဘိန်းစာခင်း ၁၅ ဧကရှိ အပင်ရေတစ်သောင်းခွဲခန့်အား သြဂုတ်လ ၂ ရက်နေ့က မြိတ်ခရိုင်ရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။

ယင်းဒေသအတွင်းရှိ ဘိန်းစာခင်းများအား ယခုအကြိမ်လာရောက် ခုတ်ထွင်နှိမ်နှင်းခြင်းသည် ဆဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး မြိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု မြိတ်ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်က ပြောပြသည်။

ဘိန်းစာပင်များအား ခုတ်ထွင်ရှင်းလင်းနေသော်လည်း ယင်းအပင်များသည် သဘာဝပေါက်ရောက်သည့် အပင်များဖြစ်ကာ နှစ်လကြာလျှင် ပြန်လည်ရှင်သန် လာသည့်အတွက် ရေတိုနှိမ်နှင်းနည်းဖြင့် အဆင်မပြေကြောင်း ဖဒိုစောÓဏ်ဝါးက ဆိုသည်။

“လုပ်လိုက် နားလိုက်နဲ့ဆိုတော့ သိပ်ပြီးတော့ နှိမ်နှင်းနိုင်မယ် မထင်ဘူး။ ဒီထက်ပိုပြီးတော့မှ ထိထိရောက်ရောက် လုပ်မှအဆင်ပြေမယ်” ဟု ၎င်းက ပြောသည်။


ထို့အပြင် ယင်းဒေသအတွင်း သဘာဝပေါက်ရောက်နေသည့် ဘိန်းစာပင်များရှိသလို ဆွတ်ခူးရောင်းချရန် ဒေသခံတချို့က စိုက်ပျိုးထားသည့် အပင်များလည်းရှိသည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ဘိန်းစာရွက်အား အခြောက်ခံပြီးပြုလုပ်ထားသည့် ဘိန်းစာမှုန့် တစ်ကီလိုလျှင် လက်ရှိဒေသပေါက်ဈေး ကျပ်ခြောက်ထောင်ခန့်ရှိကြောင်း ယင်းဒေသခံများ ထံမှသိရသည်။

ကိုဆန်း