ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
1179

၁၀-၈- ၂၀၂၀ မှ ၁၆-၈-၂၀၂၀ ထိ

တနင်္ဂနွေ
မြေ ဝင်မည်။ ဘာပဲလုပ်လုပ်လုပ်ငန်းများ အဆင်ပြေမည်။ လူချစ်လူခင် ပေါများမည်။ မည်သည့်စာမေးပွဲဖြေဖြေ အဆင်ပြေမည်။ သွား၊ ခံတွင်းနှင့် ပတ်သက်၍ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ဘယ်အခါမှမခွဲရတော့ပါ။
အကျိုးပေးသော အရောင် ။ ။ ပန်းရောင်၊ ခဲရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ဝ၊ ၁၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ ပန်းတိမ်ငိုပန်း ဘုရားပန်းကပ်လှူပါ။

ကွမ်းသမားနှင့် ကိုဗစ်

တနင်္လာ
အလုပ်လျှောက်ထားသူများ အလုပ်ရမည်။ ရာထူး တိုးမည်။ ယခုလအတွင်း မြေ မဝယ်သင့်ပါ။ အိပ်မက်ကောင်းများ မက်မည်။ မတော်တဆထိခိုက်မှုများ ဖြစ်တတ်သည်။ ငွေကြေးများ ဝင်လာသလောက် မစုမိဘဲဖြစ်တတ်သည်။ မိတ်ဆွေများ အကျိုးပေးမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ရှေ့ခရီးလမ်းချော့မွေ့စွာ လက်တွဲရမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ ပန်းရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အနက်ရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၁၊ ၅၊ ဝ၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ သရက်သီးအမှည့်ကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
ရွှေ ဝင်မည်။ ခရီးတစ်ခု သွားရမည်။ ယခုလအတွင်း စက်ပစ္စည်း မဝယ်သင့်ပါ။ သင်ရရန်ရှိသော ငွေကြေးများစွာ ဝင်မည်။ ပညာရေးကိစ္စများ အောင်မြင်မည်။ ကွဲကွာနေသောမိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ရမည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဝါရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းဆီရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၇၊ ၉ ပါသော ဂဏန်းများ
ယတြာ ။ ။ နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
ထီ (သို့) ထီနှင့်အလားတူ ငွေဝင်မည်။ ဘာပဲကြံစည်စည် အားလုံးအဆင်ပြေမည်။ သတင်းကောင်း တစ်ခုကြားရမည်။ ဆွေမျိုးသားချင်းများ ကူညီမစမှုခံရမည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ အစာအိမ်လေရောဂါများ သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ပြန်လည်ဆုံစည်း လက်တွဲရမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ခဲပုပ်ရောင်၊ ပန်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ဝ၊ ၁ ပါသောဂဏန်းများ
ယတြာ ။ ။ ဂန္ဓမာအဖြူတစ်စည်း ဘုရားပန်းကပ်လှူပါ။

ကြာသပတေး
ယခုလအတွင်း ယာဉ်မဝယ်ပါနှင့်။ နာရီတစ်လုံး ဝင်မည်။ ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ ပညာရေးကိစ္စ၊ စာမေးပွဲကိစ္စများ အဆင်ပြေမည်။ ခရီးသွားရာတွင် ဂရုစိုက်ပါ။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် သဘောချင်းကွဲလွဲနေတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အစိမ်းရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ဝ၊ ၃ ပါသော ဂဏန်းများ
ယတြာ ။ ။ သစ္စာပန်း ဘုရားပန်းကပ်လှူပါ။

သောကြာ
လူမျိူးကွဲတို့ ကူညီမစမည်။ ခရီးတစ်ခု သွားရမည်။ နာရီ ဝင်တတ်သည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ လူငယ်များပညာရေးအခွင့်အလမ်း ကောင်းမည်။ မတော်တဆ ထိခိုက်မှုဖြစ်တတ်သည်။ ငွေကြေးများစွာ ဝင်လာမည်။ မေတ္တာရေးသည်ကား ချစ်သူရ၍ ပျော်ရမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အနက်ရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၁၊ ၇ ပါသောဂဏန်းများ
ယတြာ ။ ။ သရက်သီးအမှည့်ကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
ဘာပဲလုပ်လုပ် လုပ်ငန်းများအဆင်ပြေမည်။ စက်ပစ္စည်းတစ်ခု ဝင်တတ်သည်။ ယခုလအတွင်း နာရီ မဝယ်သင့်ပါ။ ခရီးတစ်ခု သွားရမည်။ မတော်တဆထိခိုက်မှု ဖြစ်တတ်သည်။ လူငယ်များ ပညာရေးကိစ္စအဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် အဆင်ပြေလက်တွဲရမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၇၊ ၂၊ ၅ ပါသော ဂဏန်းများ
ယတြာ ။ ။ ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ