မြန်မာနိုင်ငံတောင်ပိုင်းမှ ပြည်သူ ၃၀ ရာခိုင်နှုန်းခန့် မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိ

0
387

မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ၃၀ ရာခိုင်နှုန်းခန့်သော မဲဆန္ဒရှင်တို့အနေနှင့် မဲပေးခွင့်ဆုံးရှုံးရဖွယ်ရှိနေသည်ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်ထံမှ သိရသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အထူးသဖြင့် မွန်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ဒေသရှိ ပြည်သူ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ရှိမနေကြခြင်း ဖြစ်သည်။

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

တိုင်းရင်းသားပြည်သူလူထုများ လယ်ဝယ်တွင် မှတ်ပုံတင်မရှိပါက ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးသည် အလိုလိုဆုံးရှုံးနေမည်ဖြစ်သည့်အပြင် လာမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးပိုင်ခွင့် ဆုံးရှုံးကြရမည့်အခြေအနေရှိနေသည်ဟု အစီရင်ခံက ပြောဆိုထားသည်။

“နောက် သူတို့မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်တာမျိုး အခွင့်အလမ်းမရကြတာလည်း ရှိပါတယ်” ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေး ကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ် ဒါရိုက်တာ နိုင်ကဆုမွန်က ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အဆင်သင့် ရှိ၊ မရှိကို လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်က စစ်တမ်းကောက်ယူခဲ့ပြီး “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေချင်” ဆိုသည့်ခေါင်းစဉ်ဖြင့် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။