ကျောင်းထိုင်ဆရာတော် ကြိုးဆွဲချ သတ်သေ

0
277

ကျွန်းစုမြို့နယ်တွင် ကျောင်းထိုင် ဆရာတော်တစ်ပါး ကြိုးဆွဲချ သတ်သေသွားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ညောင်ဘီးကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတွင် သက်တော် ၃၇ နှစ် (ဝါတော် ၁၆ ဝါ) ရှိသည့် ကျောင်းထိုင်ဆရာတော်က ဇူလိုင်လ ၂၉ ရက်နေ့တွင် သတ်သေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါကျေးရွာအုပ်စုနေ အသက် ၅၉ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးက ၎င်း၏လက်ကိုင်ဖုန်းပျက်သွားသဖြင့် ဆရာတော်ကို ပြင်ခိုင်းရန် ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ကြေင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။

ထိုသို့သွားရာတွင် ဘုန်းကြီးကျောင်းအတွင်းရှိ တိုးချဲ့တိုက်ကျောင်းဆောင် အပေါ်ထပ်တွင် ကြေးစည်ချိတ် ဆွဲရန်ထားရှိသည့် ကြိုးဖြင့်ကြိုးဆွဲချ သတ်သေထားသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သဇင်နယ်မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။