မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းစာရင်း အမျိုးသမီး ၁၆ ဦး အထိပါဝင်

0
417

နိုဝင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၆ ဦးအထိ ပါဝင်သည်ဟု ပါတီက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ပြိုင်မည့်အနက်မှ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက် ထိုမျှပမာဏပါဝင်ခြင်း ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ဝန်းကျင် ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ဗဟိုအလုပ်မှုဆောင်တွင် အတည်ပြုပြီး ဇူလိုင်လ ၂၆ ရက်နေ့က တရားဝင်ထုတ်ပြန်ထား သည်။

အရွေးခံမည့် အမျိုးသမီးကိုယ်စား လှယ်လောင်းများသည် ပြည်သူ့လွှတ်တော် ၁ ဦး၊ အမျိုးသားလွှတ်တော် ၇ ဦး နှင့် ပြည်နယ်လွှတ်တော် ၈ ဦးတို့ဖြစ်သည်။

မဲစာရင်းအပေါ် မွန်လူထု စိတ်ဝင်စားမှုနည်း

မွန်ညီညွတ်ရေးပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် အရည်အချင်းတူညီပါက အမျိုးသမီး ကိုယ်စားလှယ်လောင်းများအား ဦးစားပေးသည့် မူဝါဒဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လရီတမက ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် လွှတ်တော်အသီးသီးအတွက် မွန်ပြည်နယ် ရှစ်မြို့ နယ်တွင် ကိုယ်စားလှယ်လောင်း ၃၅ ဦး၊ ကရင်ပြည်နယ် မြို့နယ်သုံးမြို့နယ်တွင် ကိုယ်စားလှယ်လောင်း ၁၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြို့နယ်သုံးမြို့နယ်တွင် ကိုယ်စားလှယ်လောင်း ရှစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ခြောက်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း ခုနစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ၁၁ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၇ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် ၁၉ ဦး၊ အမှတ် (၂) တွင် ၁၃ ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် နှစ်ဦးတို့ ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်းဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့သည်။