ရန်ကုန်-ထားဝယ်လမ်း တံတားကျဉ်း လေးစင်း ဂျပန်ချေးငွေဖြင့် ဆောက်မည်

0
277

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိတံတားကျဉ်းလေးစင်းကို ဂျပန်နိုင်ငံ၏ ဂျပန်အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင် ရွက်ရေးအေဂျင်စီ(JICA) ငွေကြေးအကူအညီဖြင့် အသစ်တည်ဆောက်ရန်လျာထားကြောင်း တံတားဦးစီးဌာနထံမှ သိရသည်။

ဘေလီတံတား နှစ်စင်းနှင့်ကွန်ကရစ် တံတားနှစ်စင်းကို လာမည့်ဘဏ္ဍာနှစ်တွင် JICA ချေးငွေဖြင့် အသစ်တည်ဆောက်ရန်လျာထားကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းက ဆိုသည်။

ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ

အဆိုပါတံတားကျဉ်းအချို့၏အကျယ်မှာ ၁၆ ပေခန့်သာရှိပြီး ကားတစ်စီးဖြတ်သန်းချိန်တွင်ကျန်သည့်ယာဉ်များ ဖြတ်သန်း၍မရတော့ပေ။

“JICA က လုပ်ငန်းတင်ဒါပြန်ပေး မှာပေါ့နော်။ ကျွန်တော်တို့အနေနဲ့ ဌာန အနေနဲ့ဆောက်မှာမဟုတ်ပါဘူး” ဟု ဦးကျော်မျိုးထွန်းက ပြောသည်။

ပြည်ထောင်စုလမ်း၏ပျမ်းမျှ အကျယ်မှာ ၂၄ ပေ အကျယ်ရှိကြောင်း လမ်းအထူး အဖွဲ့ ၂၃ ထံမှ သိရသည်။

အဆိုပါ တံတားကျဉ်းများမှာ အရှည် ပေ ၄၀ မှ ၂၃၅ ပေအထိရှိကြောင်း အထက်ပါ လမ်းအထူးအဖွဲ့၏ စာရင်းအရ သိရသည်။

ပြီးခဲ့သည့်နှစ်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ထားဝယ်-မလွှဲတောင် လမ်းပိုင်းတွင် တောင်ပြိုခြင်း၊ ရေကြီးခြင်းတို့ကြောင့် လမ်းပိုင်းနေရာအချို့နှင့် တံတားအချို့ ပျက်စီးခဲ့ရသည်။