တနင်္သာရီတိုင်းပညာရေးမှူး အပြောင်းအလဲဖြစ်

0
489

လက်ရှိ တနင်္သာရီတိုင်းဒေသကြီး၏ ညွှန်ကြားရေးမှူးဖြစ်သူ တိုင်းပညာရေးမှူးသည် မကြာခင်တွင် အငြိမ်းစားယူရန်ရှိနေရာ ၎င်းနေရာတွင် နောက်ထပ် ညွှန်ကြားရေးမှူးတစ်ဦး အစားထိုးရောက် ရှိလာတော့မည်ဖြစ်ကြောင်း အဆိုပါ တိုင်းပညာရေးမှူးရုံးမှ သိရသည်။

အသစ်ပြောင်းရွှေ့လာမည့် ပညာရေးမှူးအသစ်သည် ဧရာဝတီတိုင်း ပညာရေးမှူးရုံးမှဖြစ်ပြီး သြဂုတ်လ ၆ ရက်နေ့တွင် ရောက်ရှိမည်ဟု လက်ရှိ တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ဒေါ်မြင့်စိန်သည် လက်ရှိနေရာတွင် လေးနှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုသြဂုတ်လမှစတင်၍ သက်ပြည့်အငြိမ်းစားယူမည်ဖြစ်သည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

အသစ်ရောက်ရှိလာမည့် ညွှန်ကြားရေးမှူးသည် ထားဝယ်ဇာတိဖြစ်သည်ဟုလည်း သိရသည်။

မိုးမြင့်