တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်း သြဂုတ် ၉ ကြေညာမည်

0
943

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာမှတစ်ဆင့် သြဂုတ်လ ၉ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

တက္ကသိုလ်ခွင့်စာမေးပွဲ အောင်စာရင်းကို သတင်းစာနှင့် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်တို့မှ တစ်ဆင့်အသိပေးထုတ်ပြန်မည်ဖြစ်ပြီး သက်ဆိုင်ရာကျောင်းများသို့ အီးမေးလ်ဖြင့် ပေးပို့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ

အခြေခံပညာကျောင်းများ၌ အောင်စာရင်းကပ်ချိန်တွင် လူစုလူဝေး မဖြစ်ပေါ် စေရန် တစ်ဦးနှင့် တစ်ဦး ၆ ပေ ခြားစီ တန်းကြည့်ရှုနိုင်ရန်အတွက် လိုအပ်သလို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောင်စာရင်းထုတ်ပြန်ရန်အတွက် အရေးကြီးစာရွက်စာတမ်းများလာယူရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလာခြင်းမရှိသေးကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“အခုက ကိုဗစ်ကာလကြောင့်မို့ သွားယူစရာမလိုပြီလား။ ဘာလားတော့ ကိုယ်မသိသေးဘူးပေါ့နော်။ အရင်က ဆိုရင်တော့ အရေးကြီးစာရွက်စာတမ်းလာယူပါဆိုပြီး သူတို့ စာထုတ်ပြီးခေါ်တယ်။ အခုချိန်ထိတော့ မခေါ်သေးဘူး” ဟု ဒေါ်မြင့်စိန်က ဆိုသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာများကို ဇွန်လ ၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ စစ်ဆေးခဲ့ပြီး တနင်္သာရီတိုင်းအတွင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူ ၂၃၆၈၆ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

မိုးမြင့်