ရာသီသွေးပေါ်ချိန်မှာ သတိပြုစရာ

0
1030

ရာသီသွေးပေါ်ခြင်းသည် အပျိုဖော်ဝင်ပြီး အမျိုးသမီးများတွင် သားအိမ်အတွင်းနံရံအမှေးပါး ကွာကျကာ မိန်းမကိုယ်မှ သွေးအဖြစ် ကျလာခြင်းဖြစ်သည့် သဘာဝဖြစ်စဉ်ဖြစ်ပါသည်။

အမျိုးသမီးအများစုတွင် တစ်ကြိမ်သွေးပေါ်လျှင် ၄ ရက်မှ ၈ ရက်ခန့်အထိ ကြာတတ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ်ကြား ပျမ်းမျှ ၂၈ ရက်ခန့် ကြာပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးသည် ရာသီသွေးပေါ်ခြင်း တစ်ကြိမ်ကာလအတွင်းတွင် သွေးပမာဏ စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းမှ ၃ ဇွန်း (၃၀ မှ ၄၅ စီစီ)ခန့် ထွက်လေ့ရှိသည်။

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

ရာသီသွေးပေါ်ချိန် ဘာတွေ သတိထားသင့်ပါလဲ
၁) ရာသီသွေးပေါ်စဉ်ကာလတွင် အာဟာရမျှတစေရေး အစာအုပ်စု စုံလင်စွာစားရန် လိုအပ်ပါသည်။ အထူးသဖြင့် သံဓာတ်ပါဝင်မှုများသည့် အသားနှင့်အသည်းများ၊ အစိမ်းရင့်ရောင်အရွက်များကို စားသုံးပါ။ ရေများများသောက်ပါ။ အငန်နှင့် အစပ်လျှော့စားပါ။

၂) စိတ်ဖိစီးမှုမရှိစေရေး ဂရုပြုပါ။ နားနားနေနေ နေပါ။ သက်တောင့်သက် သာ ရှိစေမည့် အဝတ်အထည်များကို ဝတ်ဆင်ပါ။ နွေးနွေးထွေးထွေးနေပါ။

၃) ရာသီသွေးပေါ်စဉ်ကာလတွင် ဖြစ်ပေါ်တတ်သော နာကျင်ကိုက်ခဲမှုများ သက်သာစေရန် ဗိုက်အောက်ပိုင်းကို အသင့်အတင့်အနွေးဓာတ်ရှိသော ရေနွေးပုလင်း (သို့) ရေနွေးအိတ် ကပ်ပေးပါ။

၄) ရာသီသွေးပေါ်စဉ်ကာလတွင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုခြင်းသည် ရောဂါကူးစက်ခြင်း၊ ယားယံခြင်းနှင့် အနံ့ဆိုးထွက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်း ရေးအတွက် ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းတို့ကို ပုံမှန်ပြုလုပ်နိုင်ပါတယ်။ အဝတ်များ၊ အတွင်းခံများကို သန့်ရှင်းအောင်ထားပါ။ မိန်းမကိုယ်ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းစေရန် အနည်းဆုံး တစ်နေ့လျှင်တစ်ကြိမ် ရေနှင့် ဆေးကြောပေးပါ။ အိမ်သာမသွားခင်နှင့် သွားပြီးတိုင်း လက်ကိုဆပ်ပြာနှင့်ဆေးပါ။ လစဉ်သုံး ပစ္စည်းများအား အသုံးပြုပြီးပါက စနစ် တကျသေချာစွာ စွန့်ပစ်ပါ။

၅) ရာသီသွေးဆင်းချိန် ၁၀ ရက် ကျော်လာခြင်း၊ သွေးဆင်းမှုပမာဏ များခြင်း၊ ရာသီသွေးလနှင့်ချီ၍ မလာခြင်းတို့ရှိခဲ့လျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသပါ။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန