ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
748
၃-၈-၂၀၂၀ မှ ၉-၈-၂၀၂၀ ထိ

တနင်္ဂနွေ
စက်ပစ္စည်းတစ်ခု ဝင်မည်။ အမွေအနှစ်များ ရရှိတတ်သည်။ ပညာရေးစာမေးပွဲကိစ္စများ အဆင်ပြေမည်။ သင်လူငယ်တစ်ယောက်ဖြစ်ပါက အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် မည့်ကာလဖြစ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ ငွေကြေးများစွာ ဆုံးရှုံးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခဏတာလွဲချော်မှုများ ရှိနေတတ်သည်။
အကျိုးပေးသော အရောင် ။ ။အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ သစ်သီးကိတ်မုန့်ကို ပါးပါးလှီး၍ ဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ အိုးအိမ်ပြုပြင်ခြင်း၊ အိမ်ဆောက်ခြင်း များ ဆောင်ရွက်ရတတ်သည်။ ယခုလအတွင်း၌ ပညာရေး၊ အင်တာဗျူးကိစ္စများ အဆင်ပြေ မည်။ သွေးထွက်သံယို ဖြစ်တတ်သည်။ အတိုက်အခံများပြောဆိုရတတ်သည်။ မေတ္တာရေး သည်ကား ချစ်သူက သင့်အပေါ်မေတ္တာရှိသည်ကို သင်မရိပ်မိဘဲ ဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ ဂန္ဓာမာအဖြူတစ်စည်း ဘုရားပန်းကပ်လှူပါ။

အင်္ဂါ
ယာဉ် ဝင်မည်။ လူသုံးကုန်ပစ္စည်းများ ဝင်မည်။ ခရီးတစ်ခု သွားရမည်။ လူငယ်များ ပညာရေး အခွင့်အလမ်း များမည်။ ငွေကြေးများစွာ ဝင်မည်။ ဆေးရုံဆေးခန်း တက်ရတတ်သည်။ အရေးကြီးသော ကိစ္စများ ယခုအချိန်ဆုံးဖြတ်ချက် မှားတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ကြက်သွေးရောင်၊ ခရမ်းရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ ထိုးမုန့်တစ်မျိုးမျိုးဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး
ရပ်ဝေးမြေခြားခရီးများ သွားရတတ်သည်။ လူမျိုးကွဲတို့ ကူညီမစမည်။ သင်ဘာပဲကြံစည်စည် အောင်မြင်မည်။ တယ်လီဖုန်းပျက်ခြင်း၊ မိတ်ဆွေနှင့် စိတ်ဝမ်းကွဲခြင်းများ ကြုံရတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား သင့်ကိုချစ်သူက မေတ္တာလက်ခံတုံ့ပြန်ပါ လိမ့်မည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ ခဲပုပ်ရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ ဘုရားတစ်ဆူ၌ ရွှေသင်္ကန်းအတွက် ရည်စူးငွေလှူဒါန်းပါ။

ကြာသပတေး
တန်ခိုးကြီးဘုရားပုံတော်များ ဝင်မည်။ သင်ကံပွင့်သောကာလ ဖြစ်သည်။ နာရီ ဝင်မည်။ စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ ယခုလအတွင်း တယ်လီဖုန်း မဝယ်ပါနှင့်။ သင့်အိမ်ရှိ လူကြီးမိဘများ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား မျှော်တလင့်လင့်နှင့် ပေးဆပ် နေရဦးမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနီရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ မုန့်ဆီကြော် ၅ ခု ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
စနေ၊ ကြာသပတေး သားသမီးများ သင့်ကို အကျိုးပေးလိမ့်မည်။ မြေ ဝင်မည်။ နာရီ ဝင်မည်။ ရပ်ဝေးမြေခြား ခရီးများသွားရတတ်သည်။ ယခုလအတွင်း ယာဉ်မဝယ်သင့်ပါ။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့်မခွဲ အတူလက်တွဲရမည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ ပန်းဆီရောင်
မသွားသင့်သော အရပ် ။ ။ အနောက်တောင်အရပ်
ယတြာ ။ ။ သီလရှင်ကျောင်း၌ လိုအပ်သည်များကိုလှူဒါန်းပါ။

စနေ
ဆွေမျိုးသားချင်းများ ကူညီမမှုခံရမည်။ ဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း အဆင်ပြေမည်။ သင် ကံကောင်းနေပါသည်။ ထီ ကံစမ်းသင့်သည်။ ပညာရေး၊ စာမေးပွဲ၊ သင်တန်းကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ ရေချိုးမှားခြင်း ရှောင်ကြဉ်ပါ။ မေတ္တာရေးသည်ကား အဆင်ပြေသာယာပါမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ ပန်းတိမ်ငိုပန်း ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ