ထိုင်းတွင် ဖမ်းမိသည့် မြန်မာအလုပ်သမားများအနက် ကိုယ်အပူချိန်မြင့်မားသူ လေးဦးရှိ

0
559

ထိုင်းနိုင်ငံ ချွန်ဖွန်မြို့နယ် ထာ့ရန်တိုက်နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့က ဖမ်းမိခဲ့သည့် မြန်မာအလုပ်သမား ၃၂ ဦးအနက် ကိုယ်အပူချိန်မြင့်မားသူ ၄ ဦးရှိကြောင်း မြိတ်-ပရာကျွပ်ညီအစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

ချွန်ဖွန်ခရိုင်သည် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန်ခရိုင်မှ မိုင်တစ်ရာကျော်အကွာနှင့် ရနောင်းမြို့မှ ၇၇ မိုင်ကျော် အကွာအဝေးတွင် တည်ရှိသည်။

အဆိုပါတိုက်နယ်ရှိ ဆီအုန်းခြံများအတွင်း လူစိမ်းများရောက်ရှိနေကြောင်း သတင်းအရ ထိုင်းနိုင်ငံ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ မြန်မာအလုပ်သမားများအား ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ကြည်မြင့်က ပြောပြသည်။

ဖမ်းမိသူများကို ဥပဒေအရအရေး ယူဆောင်ရွက်ထားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၄ ဦးလည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်ကလည်း တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၀ ဦးကျော်အား ဖမ်းမိခဲ့သည်။

မြင့်မိုရ်(မြိတ်)